လူ့တန်ဖိုး (Human Value)
စင်မြင့်ပေါ်ကနေ ဟောပြောသူဟာ ဒေါ်လာ ၅၀ ငွေစက္ကူတစ်ရွက်ကို သူ့အင်္ကျီအိပ်ကပ်ထဲက ဆွဲထုတ်လိုက်ပြီး အပေါ်ကို မြှောက်ပြလိုက်တယ်။ ပြီးတော့ စင်အောက်က ပရိသတ်ကို မေးလိုက်တယ်။ အဲဒီပိုက်ဆံကို လိုချင်တဲ့သူရှိရင် လက်ထောင်ပြပါလို့။ လူတွေအားလုံး လက်ထောင်ပြကြတယ်။
သူဟာ ပိုက်ဆံကို လက်ဖဝါးထဲမှာ ဆုပ်ခြေညစ်လိုက်တယ်။ တွန့်ကျေနေတဲ့ ပိုက်ဆံကို အပေါ်မြှောက်ပြရင်း ဘယ်သူယူချင်သလဲလို့ ထပ်မေးတယ်။ လူတွေအားလုံးက လက်ထောင်ပြကြပြန်တယ်။
ဒီတခါ သူက အဲဒီပိုက်ဆံအကြေကို လုံးပြီး စင်မြင့်ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပြီးတော့ သူ့ဖိနပ်တစ်ဖက်နဲ့ ဖိနင်းခြေလိုက်ပြန်တယ်။ အဲဒီ ကြွေမွညစ်ပေသွားတဲ့ ပိုက်ဆံကိုလက်နဲ့ကောက်ယူမြှောက်ပြရင်း ထပ်မေးပြန်တယ်။ ဘယ်သူတွေ လိုချင်သလဲလို့။ အားလုံးက လက်ထောင်ပြကြပြန်တယ်။
ဒီတော့ ဟောပြောသူက ပရိသတ်ကို ဘာကြောင့် ညစ်ပေနွမ်းကြေနေတဲ့ ပိုက်ဆံကို လိုချင်နေကြတာလဲဆိုတာကို ရှင်းပြလိုက်တယ်။
သူက "ပိုက်ဆံဟာ တွန့်ကြေညစ်နွမ်းသွားပေမဲ့ သူ့ရဲ့ဒေါ်လာ ၅၀ တန်ဖိုးဟာ ယုတ်လျော့မသွားလို့ပါပဲ" လို့ ပြောပြလိုက်တယ်။
ထို့နည်းတူ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ ဆင်းရဲလို့ အဝတ်အစားနွမ်းနွမ်းပါးပါး ဝတ်ထားလို့ ဆိုပြီး သူ့တန်ဖိုး ယုတ်လျော့မသွားပါဘူး"
လူ့တန်ဖိုးကို ချမ်းသာတာ၊ အဝတ်အစားကောင်းဝတ်နိုင်တာ၊ ငွေကိုရေလိုသုံးနိုင်တာတွေနဲ့ မတိုင်းတာပါဘူး။ သူ့ရဲ့ အပြုအမူ၊ အပြောအဆို၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်သီလ စတာတွေနဲ့ တိုင်းတာကြရမှာပါ။
ဗန်းမော်သိန်းဖေ
၁၁-၀၇-၂၀၁၆
စင်မြင့်ပေါ်ကနေ ဟောပြောသူဟာ ဒေါ်လာ ၅၀ ငွေစက္ကူတစ်ရွက်ကို သူ့အင်္ကျီအိပ်ကပ်ထဲက ဆွဲထုတ်လိုက်ပြီး အပေါ်ကို မြှောက်ပြလိုက်တယ်။ ပြီးတော့ စင်အောက်က ပရိသတ်ကို မေးလိုက်တယ်။ အဲဒီပိုက်ဆံကို လိုချင်တဲ့သူရှိရင် လက်ထောင်ပြပါလို့။ လူတွေအားလုံး လက်ထောင်ပြကြတယ်။
သူဟာ ပိုက်ဆံကို လက်ဖဝါးထဲမှာ ဆုပ်ခြေညစ်လိုက်တယ်။ တွန့်ကျေနေတဲ့ ပိုက်ဆံကို အပေါ်မြှောက်ပြရင်း ဘယ်သူယူချင်သလဲလို့ ထပ်မေးတယ်။ လူတွေအားလုံးက လက်ထောင်ပြကြပြန်တယ်။
ဒီတခါ သူက အဲဒီပိုက်ဆံအကြေကို လုံးပြီး စင်မြင့်ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပြီးတော့ သူ့ဖိနပ်တစ်ဖက်နဲ့ ဖိနင်းခြေလိုက်ပြန်တယ်။ အဲဒီ ကြွေမွညစ်ပေသွားတဲ့ ပိုက်ဆံကိုလက်နဲ့ကောက်ယူမြေ
ဒီတော့ ဟောပြောသူက ပရိသတ်ကို ဘာကြောင့် ညစ်ပေနွမ်းကြေနေတဲ့ ပိုက်ဆံကို လိုချင်နေကြတာလဲဆိုတာကို ရှင်းပြလိုက်တယ်။
သူက "ပိုက်ဆံဟာ တွန့်ကြေညစ်နွမ်းသွားပေမဲ့ သူ့ရဲ့ဒေါ်လာ ၅၀ တန်ဖိုးဟာ ယုတ်လျော့မသွားလို့ပါပဲ" လို့ ပြောပြလိုက်တယ်။
ထို့နည်းတူ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဟာ ဆင်းရဲလို့ အဝတ်အစားနွမ်းနွမ်းပါးပါး ဝတ်ထားလို့ ဆိုပြီး သူ့တန်ဖိုး ယုတ်လျော့မသွားပါဘူး"
လူ့တန်ဖိုးကို ချမ်းသာတာ၊ အဝတ်အစားကောင်းဝတ်နိုင်တာ၊ ငွေကိုရေလိုသုံးနိုင်တာတွေန
ဗန်းမော်သိန်းဖေ
၁၁-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။