Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 13, 2013

လူကိုလည်းချစ် မူကိုလည်းစစ်ပါ

 
ကို စိန်သန်း
လူကိုလည်းချစ် မူကိုလည်းစစ်ပါ
( The Voice Weekly )

၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော် နိုင်ငံရေး လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုတဲ့ ကြွေးကြော်သံ (Slogan) မပေါ်ခင် ကာလကတည်းက စမ်းတဝါးဝါးနဲ့ အာဏာရှင်စနစ်ကို စတင် ဆန့်ကျင်ခဲ့ကြကတည်းကပါ။ (March 19 ,1988)

ဒါပေမဲ့ ဘယ်တုန်းကမှ ရှေ့တန်းကိုထွက်ပြီး လူသိထင်ရှား နိုင်ငံရေးသမားဖြစ်ဖို့ မကြိုးစားခဲ့ဖူးပါဘူး။ သာမန် လူတစ်ယောက်ရဲ့ ရိုးစင်းတဲ့ ဘဝကို နှစ်ခြိုက်တဲ့ အကျင့်စရိုက်နဲ့အညီ မထင်မရှား သာမန်လူ တစ်ယောက် ဘဝနဲ့ အာဏာရှင်စနစ် ပြိုလဲ ကျဆုံးပြီး ဒီမိုကရေစီ ပေါ်ပေါက်ထွန်းကားရေး အလုပ်တွေ မှာ သာမန် နိုင်ငံရေးသမား တစ်ယောက် အဖြစ်နဲ့ပဲ တောက်လျှောက် ပါဝင်ခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။

သာမန် နိုင်ငံရေးသမား တစ်ယောက်သာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီမိုကရေစီကိုတော့ ရာနှုန်းပြည့် ယုံကြည်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုရင် စံနှုန်းပြည့် ထွန်းကားတာကို မြင်လိုတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့် လက်တွေ့မှာ ဖြစ်ထွန်း ရရှိနေတဲ့ Semi Democracy ကို ဒီမိုကရေစီ အပြည့်အဝရဖို့ တစ်ခုတည်းသော အခြေခံ အကြောင်းတရားအဖြစ် လက်တွေ့ကျကျ ရှုမြင် ခံယူထားပါတယ်။ အပြည့်အဝ မဟုတ်လို့ လက်မခံဘူးလို့ ငြင်းမနေဘဲ အပြည့်အဝရတဲ့အထိ လက်တွေ့ အခြေအနေကို အသုံးချပြီး တတ်စွမ်းသမျှ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် ထမ်းရွက်နေခြင်း ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ သက်ဆိုင်သမျှ သဘောတရားတွေ၊ အတွေးအခေါ်တွေကို ဒီနေ့အထိ တောက်လျှောက် လေ့လာ ဆည်းပူးပြီးတော့ ဒီမိုကရေစီရေးအတွက် တတ်စွမ်းသမျှလည်း ကြိုးပမ်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းမှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်တယ်ဆိုတာလည်း အပြည့်အဝ လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို နိုင်ငံရေး လမ်းညွှန်အဖြစ် လက်ခံ ကျင့်သုံး ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရ ချစ်ခင် လေးစားသလို မူဝါဒရေးရာအရလည်း ဒေါ်စုရဲ့ယုံကြည်ချက် ခံယူချက်ကို ဟိုးအစကတည်းက သိအောင် မြင်အောင် ကြိုးစားပြီး ဘာပဲလုပ်လုပ် ဒေါ်စု မူဝါဒတွေ သဘောထားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အထူးဂရုပြု လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ၁၉၉၆ ခုနှစ်မှာ အဖမ်းခံခဲ့ရတော့ စစ်ကြောရေးမှာ အဲဒီကာလက ဒေါ်စုရဲ့ အဓိက နိုင်ငံရေး သဘောထားဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို လက်ခံသလားလို့ မေးတော့ လက်ခံတာ မဟုတ်ဘူး ယုံကြည်တာလို့ ခေါင်းမာမာနဲ့ ဖြေခဲ့ပါတယ်။
အဲဒီ သဘောထား ရှိလို့ကတော့ ခင်ဗျား ထောင်ကျပြီလို့ ခြိမ်းခြောက်ပါတယ်။ ကျွန်တော်က မကြောက်တဲ့အပြင် ကျွန်တော့်ကို လေးရက် လုံးလုံး ထမင်းလည်း မကျွေး၊ အိပ်ခွင့်လည်း မပေးဘဲ ငုတ်တုတ်ကြီး နောက်ပြန် လက်ထိပ်ခတ်ထားပြီး အလှည့်ကျ လာလာနှိပ်စက်နေတဲ့ ဆရာသမားတွေ ကို ကြည့်ပြီး ရယ်မိပါတယ်။
အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ခင်ဗျားတို့ကို ရန်လုပ်တာ မဟုတ်ဘူး။ အခု ကျွန်တော့်ကိုစစ်နေတဲ့ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားဖြစ်သလို တိုင်းပြည်နဲ့ လူထု တစ်ရပ်လုံးရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ်လို့ ပြောတော့ ကျွန်တော့်ဆီ ထလာပြီး ထုပါတယ်။ပြီးတော့ ကျွန်တော် ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရပါတယ်။

အဲဒီတုန်းက အကြီးအကျယ် ပင်ပန်းဆင်းရဲ ဖြစ်နေတာကို သတိမေ့နေပြီး မူဝါဒအတိုင်း ရဲရဲရပ်တည် နိုင်လို့ ကျွန်တော့်ကို ခတ်ထားတဲ့ လက်ထိပ်က တအား ကျပ်နေလို့ လက်ကောက်ဝတ်တွေ နာကျင်နေတဲ့ ကြားထဲကပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစိတ်နဲ့ ကျိတ်ပြုံးမိတာ ခုထိ အမှတ်ရနေပါသေး တယ်။ အဲသလောက် သတ္တိကောင်းမယ်လို့လည်း ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် ထင်မထားခဲ့ ပါဘူး။

ကျွန်တော် အဓိက ပြောချင်တာက မူဝါဒနဲ့ လူပုဂ္ဂိုလ် အကြောင်းပါ။ကျွန်တော်က ဒေါ်စုကို အခုအချိန်ထိ မိခင်တစ်ယောက်လို လေးစား ချစ်ခင်စိတ် ရှိပါတယ်။ ဗိုလ်ချုပ်သမီးဖြစ်ရုံ သက်သက်ကြောင့် မဟုတ်ဘဲ ဒီမိုကရက်တစ် စစ်စစ် တစ်ယောက်ဖြစ်လို့ပါ။ ပြီးတော့ နိုင်ငံနဲ့ လူထု အပေါ်ထားတဲ့ ဒေါ်စုရဲ့ စေတနာကို ယုံကြည်လို့ပါ။

နိုင်ငံရေးလောကမှာ ဂိုဏ်းဂဏ ကွဲပြားတဲ့ အလေ့အထ ထွန်းကားတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ဒေါ်စုကို လူထုခေါင်းဆောင်အဖြစ် နိုင်ငံရေး အင်အားစု အများစုက တညီတညွတ် လက်ခံထားကြရတာဖြစ်ပြီး ဒေါ်စုကလည်း ဒီမိုကရေစီ လိုလားသူများကို စိတ်ဓာတ်ရေးရာအရ စုစည်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ညီညွတ်ဖို့ ခက်ခဲတဲ့ နိုင်ငံရေးလောကမှာ အားလုံး လက်ခံနိုင်တဲ့ ခေါင်းဆောင်ဆိုတာ မဖြစ်မနေ လိုအပ်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရက်တစ်ဆိုတာ ထင်သလောက် ပေါပေါများများ မရှိသေးပါဘူး။ ဝါဒမတူရင် ရန်သူလို့ မြင်တဲ့သူတွေ များနေတုန်းပါ။ ဒေါ်စုက ဒီမိုကရက်တစ် စစ်စစ်ဖြစ်ပြီး ပြည်တွင်း ပြည်ပက လေးစား ကြည်ညိုတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
ဒေါ်စုဟာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကြောင့်လည်း ဒီမိုကရေစီ စနစ်ကို ပြောင်းလဲဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။

ကျွန်တော်က နိုင်ငံရေး လောကမှာ ရှိစဉ်အခါကတည်းက ဒေါ်စုကို လေးစားချစ်ခင်တဲ့စိတ် ရှိသလို ဒေါ်စုရဲ့ မူဝါဒတွေကိုလည်း အရင်ကတည်းက အာရုံစိုက်ခဲ့ပါတယ်။
ကျွန်တော့်မှာ ဒေါ်စုနဲ့ သဘောထားကွဲလွဲတဲ့ ကိစ္စတချို့ ရှိနေပြီး မတူညီတဲ့ နိုင်ငံရေး အတွေးအခေါ် တချို့ ရှိပေမယ့် အဓိကကျတဲ့ စစ်မှန်ခိုင်မာသော ဒီမိုကရေစီ တည်ဆောက်ရေးဆိုတဲ့ အချက်ကိုတော့ ကျွန်တော်နဲ့ အတူ ဒီမိုကရေစီကို ယုံကြည်သူ အားလုံးက ဒေါ်စုနဲ့ ဘယ်သောအခါမှ ကွဲလွဲမှာ မဟုတ်သလို နိုင်ငံနဲ့ လူထုအပေါ် ထားရှိတဲ့ စေတနာပိုင်းနဲ့ ပတ်သက်ရင် အားလုံးက အပြည့်အဝ ယုံကြည်တဲ့ ခေါင်းဆောင်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ လူပုဂ္ဂိုလ်ကို လေးစား ချစ်ခင်စိတ်ကို အဲဒီ လူပုဂ္ဂိုလ်ရဲ့ မူဝါဒနဲ့ ရောထွေးပစ်လို့ လုံးဝမရပါဘူး။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ် ဆိုတာမျိုး မဖြစ်သင့်ပါဘူး။
တကယ် ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်ဆိုပေမယ့် သူ့ရဲ့မူဝါဒတွေကို စေ့စေ့စပ်စပ် လေ့လာပြီး သေသေချာချာ သိရှိနားလည်အောင် လုပ်သင့်ပါတယ်။

ကိုယ်လုပ်လိုက်တဲ့ အလုပ် တစ်ခုက ကိုယ့်ခေါင်းဆောင်ဖြစ်သူရဲ့ မူဝါဒနဲ့ ဆန့်ကျင်နေမလား အရင် စဉ်းစားဖို့ လိုပါတယ်။အထူးသဖြင့် ဒေါ်စုနဲ့ ပတ်သက်ရင် NLD ပါတီဝင်တွေအနေနဲ့ အထူး အလေးအနက် ထားသင့်ပါတယ်။ ကျွန်တော်က ဘယ်တုန်းကမှ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းထဲကိုမှ မဝင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေးလုပ်စဉ် ကာလတုန်းက ဒေါ်စုကို ဒီမိုကရေစီခေါင်းဆောင်လို့ လက်ခံ ယုံကြည်ခဲ့တာနဲ့အညီ သူ့မူဝါဒတွေ သဘောထားတွေကို အစဉ်သဖြင့် လိုက်နာခဲ့ပါတယ်။ ၁၉၉၆ အထိ ကျွန်တော် ဒေါ်စုအိမ်မှာပဲ အမြဲတမ်းလိုလိုရှိနေခဲ့ပေမယ့် ဘယ်တုန်းကမှ ဒေါ်စု မျက်နှာသာပေးအောင် နေရာရအောင် မကြိုးစားခဲ့ပါဘူး။ပါတီဝင်တွေထဲက မူဝါဒတွေနဲ့ လွဲချော်တာများ လုပ်နေတာတွေ့ရင် သတိပေးတတ်တဲ့အတွက် အငြိုငြင်ခံရတာ ခဏခဏပါပဲ။ ပါတီ ဆန့်ကျင်ရေးသမားလို့ ကင်ပွန်းတပ်တာတောင် ခံခဲ့ရပါတယ်။

တကယ်တမ်းက ကျွန်တော်ဟာ ပါတီဝင် မဟုတ်ပေမယ့် ဒေါ်စုရဲ့ မူဝါဒတွေကို အလေးထားခဲ့တဲ့ ဒေါ်စုကို နားလည်တဲ့ အနည်းငယ်မျှသော နိုင်ငံရေးသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။ မူနဲ့ လူ ခွဲခြား နားလည်ဖို့ တော်တော် အရေးကြီးပါတယ်။ ခေါင်းဆောင်လို့ သဘောထားရင် အထူးသဖြင့် နိုင်ငံရေး ပါတီများမှာ ခေါင်းဆောင်ရဲ့ မူဝါဒတွေကို အလေးဂရုပြုကြဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။
ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတာ မှန်ပေမယ့် ဒါကို မူဝါဒများ အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ရေးဆိုတဲ့ အချက်နဲ့တော့ ရောထွေးပစ်လို့ မရပါဘူး။

ပါတီဝင်များ အားလုံးဟာ ပါတီ မူဝါဒတွေကို သိအောင်လုပ်ပြီး မူဝါဒများနဲ့ ကိုက်ညီအောင် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုပါတယ်။ NLD ပါတီထဲကဖြစ်ဖြစ် ပါတီဝင်မဟုတ်တဲ့ တခြား နိုင်ငံရေး အင်အားစုတွေထဲက ဒေါ်စုကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပေမယ့် ဒေါ်စု မူဝါဒတွေနဲ့ ဆန့်ကျင် လုပ်ဆောင်တာတွေ ဟိုတုန်းကတည်းက ရှိခဲ့တာပါ။
တချို့ဆိုရင် နိုင်ငံရေးအရ ကိုယ်ရပ်တည်လို့ ကောင်းဖို့ နာမည်ရဖို့ ဒေါ်စုကို ခေါင်းဆောင်ပါလို့ ထုတ်ပြောမှ အလုပ်ဖြစ်မှာမို့ အပေါ်ယံအားဖြင့် ခေါင်းဆောင်အဖြစ် လက်ခံထားပြီး လက်တွေ့မှာ ဒေါ်စုကို ဆန့်ကျင်ချင်တဲ့ လူတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်စုက ပင်ကိုသဘာဝအရ ပွင့်ပွင့်လင်းလင်း ပြောတတ် ဆိုတတ်ပါတယ်။ မကြိုက်ရင် မကြိုက်တဲ့ အကြောင်း တည့်တည့် ပြောတတ်ပါတယ်။ စစ်အစိုးရ လက်ထက်ကဆိုရင် ဒေါ်စုရဲ့ ပွင့်လင်းတဲ့စရိုက် သဘာဝကို အစိုးရက နားမလည်တဲ့အတွက် ပြဿနာတွေဟာ ပိုကြီးခဲ့ရတယ်လို့တောင် ပြောနိုင် ပါတယ်။ ဒေါ်စုက တပ်ကို အမှန်တကယ် ချစ်ခင်တဲ့စိတ် ရှိပါတယ်။ ဒါပေမဲ့ ဝေဖန်စရာရှိရင် မထောက်မညှာ အမှန်အတိုင်း တည့်တည့် ဝေဖန်လေ့ရှိတာကို စစ်အစိုးရက တမင် တိုက်ခိုက်တယ် လို့ပဲ ယူဆခဲ့တာပါ။ တကယ် အစစ်အမှန်က ဒေါ်စုပြောခဲ့သလို ဒေါ်စုရဲ့မူက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မူသာ ဖြစ်ပါတယ်။

အစိုးရက အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးလို့ ပြောတယ်။ ကျွန်မတို့က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလို့ ပြောတယ်။ တကယ်ဆို ရင်ကြားစေ့ရေး အရင်လုပ်နိုင်မှ စည်းလုံး ညီညွတ်ရေး ဖြစ်နိုင်မှာပါလို့ အမြဲ ပြောလေ့ရှိပါတယ်။

အခုဆိုရင် ဒေါ်စုက သမ္မတရာထူး ဝင်ပြိုင်ဖို့ အတိအလင်း ပြောလာလေတော့ သူ့ကို လူထုထောက်ခံ တဲ့ ပမာဏ လျော့နည်း ကျဆင်းအောင် စကား တစ်လုံးချင်း၊ ခြေ တစ်လှမ်းချင်းကအစ စောင့်ကြည့်ပြီး လူထုနဲ့ လှည့်တိုက်ဖို့ လုပ်လာတာလည်း အထင်အရှား တွေ့နိုင်ပါတယ်။ အမှန်တရား ဒါမှမဟုတ် သူယုံကြည်တဲ့အတိုင်း ပြောဖို့ သူ့ မူဝါဒအတိုင်း အခိုင်အမာ ရပ်တည်ဖို့ ဒေါ်စုက ဘယ်သောအခါမှ တွန့်ဆုတ် မနေပါဘူး။ လူထုက နားလည်မှု လွဲသွားနိုင်တယ်ဆိုတာ သိပေမယ့် အမှန်ကို ရဲရဲပြောလေ့ ရှိပါတယ်။ သူ့စေတနာကို ကျွန်တော်တို့ ယုံကြည်ကြသလို ဒေါ်စုကလည်း သူ့ဘာသာ ယုံကြည်စိတ် အပြည့်အဝ ရှိပါတယ်။
ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဒီလို မူဝါဒအတိုင်း အခိုင်အမာ ရပ်တည်တဲ့ ဒီမိုကရက်တစ် စစ်စစ် တစ်ယောက်ဖြစ်လို့သာ ပြည်တွင်း ပြည်ပ ထောက်ခံမှု ရရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းဖို့နဲ့ သူ့ရပ်တည်ချက်ဟာ ကျွန်တော်တို့ လူထု လွတ်လပ်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်တွေရဖို့ တွန်းအားတွေ ဖြစ်ပေါ်စေခဲ့တာ ဘယ်သူမှ မငြင်းနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း အချို့သော နိုင်ငံရေးသမားတွေက ဒေါ်စုကို ခေါင်းဆောင်ပါလို့ ခံယူထား သော်လည်း ဒေါ်စု မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေ ပြောနေတုန်းဆိုတာ စိတ်မကောင်းစရာ မြင်တွေ့ရပါတယ်။

ဒေါ်စုက တိုင်းပြည်နဲ့ လူထု အကျိုးစီးပွားကို အဓိကထားပြီး ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို လက်တွဲ နိုင်ကြောင်း အတိအလင်း ပြောဆိုပေမယ့် နိုင်ငံရေးလောကက ပုဂ္ဂိုလ်အချို့က ပြည်ခိုင်ဖြိုးနဲ့ ဆို မပေါင်းနိုင်ကြောင်း ပြောဆိုတာ ကြားရပါတယ်။ ဒီကိစ္စဟာ ဒီမိုကရေစီ သဘောတရားအရ သဘောထား ကွဲလွဲတာမဟုတ်ဘဲ အရေးကြီးတဲ့ မူဝါဒရေးရာကို လိုက်နာဖို့ ထိန်းသိမ်းဖို့ ပျက်ကွက် တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတာဟာ ပူးပေါင်း ဆောင်ရွက်ဖို့ဖြစ်ပြီး အမြစ်ပြတ် ချေမှုန်းဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို မေ့လို့ မဖြစ်ပါဘူး။ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးဆိုတဲ့ မဖြစ်မနေ တည်ဆောက်ဖို့ လိုတဲ့ နိုင်ငံရေး လမ်းစဉ်ကိုလည်း ဆန့်ကျင်ရာ ရောက်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းမှသာ အစိုးရနဲ့ အတိုက်အခံတို့ ပူးပေါင်း ဆောင်ရွက်မှု စတင်နိုင်ခဲ့တာဖြစ်ပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကိုလည်း အစပျိုးနိုင် ခဲ့တာပါ။

အဓိက ပြောချင်တာက ဒေါ်စုကို ခေါင်းဆောင်လို့ သဘောထားပြီး မူဝါဒ ရေးရာကိုတော့ မရည်ရွယ်ဘဲ ဖြစ်စေ၊ ရည်ရွယ်ချက်နဲ့ ဖြစ်စေ ဆန့်ကျင်သလို ဖြစ်နေတတ်တာမျိုးကို သတိပြုကြစေလိုတာ ဖြစ်ပါတယ်။ သဘောထား ကွဲလွဲတာ ပြဿနာ မဟုတ်ပေမယ့် မူဝါဒတွေကို ဆန့်ကျင်သလိုဖြစ်ရင် ခေါင်းဆောင်ကို တန်ဖိုးမထားရာ ရောက်တတ်ပါတယ်။

အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက် အခုအခါမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို ချစ်ခင် လေးစား တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ မူဝါဒတွေက ပိုအရေးပါတယ်ဆိုတာ နားလည် သဘောပေါက်ကြဖို့ လိုအပ်နေပါသေးတယ်။ ဒေါ်စုကို လေးစားချစ်ခင်ကြတဲ့ နိုင်ငံရေးသမား များနဲ့ လူထုကသာ ဒေါ်စုရဲ့ မူဝါဒတွေကို သေသေချာချာ သိရှိ နားလည်အောင် ကြိုးစားပြီး အဲဒီ မူဝါဒတွေ အတိုင်း လက်ခံ ကျင့်ကြံကြမယ်ဆိုရင် ခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေလည်း ဖြစ်နိုင်စရာ မရှိတော့သလို အမျိုးသား စည်းလုံး ညီညွတ်ရေးကိုလည်း အလွယ်တကူ တည်ဆောက် နိုင်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းဟာလည်း တော်တော်ကြီး ခရီးရောက်နေ လောက်ပြီ ဖြစ်ပါတယ်။

လူကို တအားချစ်တာ၊ တအားမုန်းတာတွေဟာ နိုင်ငံရေးမှာ သိပ်အကျိုး မရှိလှပါဘူး။ ကျွန်တော်တို့ ဟာ အာဏာရှင် စနစ်ကို တော်လှန် ဆန့်ကျင်ကြရင်းနဲ့ အာဏာရှင်တွေကိုပါ မုန်းတီးတဲ့ ခံစားချက် တွေ တော်တော်များများမှာ ရှိခဲ့ကြတာ၊ ရှိနေကြတာ ဖြစ်ပါတယ်။တကယ်တော့ အာဏာရှင်ကို မုန်းတာထက် အာဏာရှင်စနစ်ဆိုတဲ့ မူဝါဒ လမ်းစဉ်ကိုသာ ဆန့်ကျင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ မဟတ္တမ ဂန္ဒီက ပြောဖူးပါတယ်။ မကောင်းမှုလုပ်တဲ့ လူတွေကို မမုန်းဘူး။ မကောင်းမှုကို မုန်းတယ် ဆိုတဲ့ စကားပါ။

လူကို မမုန်းဘူး (မုန်းစရာ မလိုဘူး) မူကို မုန်းတယ်လို့ ဆိုလိုချင်တာပါ။ မကောင်းတဲ့ မူဝါဒတွေကို ဘယ်သောအခါမှ လက်ခံလို့ မရပါဘူး။ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းကပဲ လုပ်သည်ဖြစ်စေ ဆန့်ကျင် ကြရမှာပါပဲ။လူပုဂ္ဂိုလ်တွေဆိုတာကတော့ ပြောင်းလဲတတ်တဲ့ သဘော ရှိလေတော့ မမုန်းသင့်ဘူးလို့ ယူဆပါတယ်။ မကောင်းတာလုပ်တဲ့ လူတစ်ယောက်ဟာ အချိန်မရွေး လူကောင်း ဖြစ်လာနိုင်သလို လူကောင်း သူကောင်းဆိုတာလည်း သူ့ရဲ့ ရပ်တည်ချက် မူဝါဒတွေလွဲရင် အချိန်မရွေး လူဆိုး ဖြစ်သွား နိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဘုရားရှင် လက်ထက်က အင်္ဂုလိမာလဟာ လူတွေရဲ့လက်ညှိုးပေါင်း ၉၉၉ ချောင်းအထိ ဖြတ်ခဲ့ပြီး နောက်ဆုံး မိခင်အရင်းရဲ့ လက်ညှိုး တစ်ချောင်းကိုတောင် ဖြတ်တော့မယ်ဆဲဆဲ ဘုရားနဲ့တွေ့လို့ အမြင်မှန်လည်းရ ရဟန္တာလည်း ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းလောက်နီးနီး သိကြမယ့် ဥပမာကောင်း တစ်ခုလို့ ထင်ပါတယ်။ ဘယ်လောက် ဆိုးသွမ်းတဲ့သူဖြစ်ဖြစ် အမြင်မှန် ရနိုင်ပါတယ်။

ကောင်းတဲ့ မူဝါဒတွေကို လက်ခံ ကျင့်သုံးရင် လူကောင်း ဖြစ်နိုင်တာပါပဲ။ လူကောင်းတွေ လူဆိုး ဖြစ်သွားတတ်ကြတာဟာလည်း သူတို့ ခံယူကျင့်သုံးတဲ့ လမ်းစဉ်နဲ့ မူဝါဒတွေ အကောင်းကနေ အဆိုး ပြောင်းလဲသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ် လုပ်ရင် အရင်က ဘယ်လောက် ဆိုးခဲ့ ဆိုးခဲ့ လက်ခံရမှာပါပဲ။ ဒါကြောင့် လူကို စဉ်းစားတာထက် မူကို စဉ်းစားတာက ပိုကောင်းပါတယ်။ လူကို အရမ်းချစ်လို့ ဘာလုပ်လုပ် အပြစ်မမြင်နိုင်ဘူး ဆိုတာက နိုင်ငံရေး နယ်ပယ်မှာ မဖြစ်သင့်ပါဘူး။ လူကို အရမ်းမုန်းလို့ မူကိုလည်း ဆန့်ကျင်မယ်ဆိုတာလည်း သဘောထား သေးသိမ်ရာ ရောက်ပါ တယ်။
မူရော လူပါ ကောင်းနေပေမယ့် တစ်ခါတစ်ရံ လုပ်တာကိုင်တာ လွဲတတ်တဲ့ အခါမျိုးမှာလည်း ထောက်ပြ ဝေဖန်ပေးဖို့ လိုအပ်ပါတယ်။

ဆိုးတဲ့ လူတစ်ယောက် တကယ် ကောင်းလာရင်လည်း အရင် ဆိုးခဲ့တာတွေပဲ ပြန်မြင်ပြီး အပြစ်တင်တဲ့အလုပ် လုပ်နေရင် အလုပ်လည်း မဖြစ်သလို ဒါဟာ အဆင့်အတန်းမြင့်တဲ့ စိတ်နေ သဘောထားလည်း မဟုတ်ပါဘူး။

ကျွန်တော်ဆိုရင် စစ်အစိုးရ လက်ထက်က အနှိပ်စက်ခံခဲ့ရပြီး တော်တော် ဆိုးဆိုးရွားရွား ထိခိုက် နာကျင်ခဲ့ရဖူးပါတယ်။ ဘဝ တစ်ခုလုံး ဆုံးရှုံးပျက်စီးပြီး မနည်း ပြန်အဖတ်ဆယ် ခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော့်ကို နှိပ်စက်ကလူ ပြုခဲ့သူတွေကို လုံးဝ အငြိုးအတေး မထားပါဘူး။ လုံးဝ ခွင့်လွှတ်တဲ့ စိတ်ကိုပဲ မွေးပါတယ်။ နောင်တစ်ချိန် အာဏာရှင်စနစ်ဆိုတဲ့ မူဝါဒ ဆိုးကြီး ခေါင်းထောင်ထလာပြီး ကျွန်တော့်လိုပဲ နောက်ထပ် လူတွေ အနှိပ်စက်မခံရအောင် အတိတ်ကို သင်ခန်းစာအဖြစ် ရယူပြီး ကိုယ့်တိုင်းပြည် ကိုယ့် လူ့အဖွဲ့အစည်းကို အဆင့်မြင့်အောင် (ဒီမိုကရေစီ ဖြစ်ထွန်းအောင်) ပဲ တတ်စွမ်းသမျှ ဝိုင်းဝန်း ကြိုးပမ်းနေပါတယ်။

ဒီတော့ လူကို တအားချစ်တာ၊ လူကို တအားမုန်းတာတွေ လျှော့ပြီး မူဝါဒတွေကိုသာ အဓိက ကြည့်ကြပါလို့ နိုင်ငံရေးသမားတွေ နိုင်ငံရေး ပါတီတွေကိုသာမက လူထုကိုပါ မေတ္တာရပ်ခံ တိုက်တွန်း ခွင့်ပြုပါ ခင်ဗျား။

(ပိုက်တင်)

http://www.thevoicemyanmar.com/index.php/perspective/item/3839-lkl.html

1 comment:

  1. သတင်းတွေလာပြီးအားပေးသွားပါတယ်နော်

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။