Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, July 13, 2013

Online Business လုပ်ကြမလား..?

 
Stuff Myanmar Magazine
Online Business လုပ်ကြမလား..?

တစ်ချို့ တလေကတော့ ဒီနည်းလမ်းတွေကို သိပြီ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို မိမိ အိမ်ကနေ အင်တာနက် ရှိရုံနဲ့ လုပ်နိုင်တဲ့ အခွင့်အလမ်း ပါ။ နိုင်ငံတကာမှာတော့ ဒီလို နည်းလမ်းတွေဟာ
ကိုယ်ပိုင် အားတဲ့ အချိန်တွေမှာ တစ်ဖက် တစ်လမ်းကနေ ၀င်ငွေရှာနိုင်ဖို့  လုပ်ကိုင်တက်ကြပါတယ်။

အိမ်ထောင်ရှင် မိခင်တစ်ယောက်က ကလေးထိန်းရင်း အလုပ်လုပ်နိုင်သလို ၊ ကျောင်းတက်နေရတဲ့ ကျောင်းသားတွေကလည်းသူတို့  လိုအပ်တဲ့ ကျုရှင်ကြေးကို ရှာဖွေနိုင်မယ်။ လူငယ်တွေကလည်း အိမ်မှာ လုပ်နိုင်တဲ့ အွန်လိုင်း စီးပွားရေး တစ်ခုကို ဖန်တီးနိုင်ပါမယ်။


တစ် - ဘလော့ရေးခြင်း

အွန်လိုင်းကနေ အလုပ်လုပ်ဖို့ အတွက် အလွယ်ဆုံး နဲ့  အစောဆုံး စတင်ခဲ့တဲ့ ပိုက်ဆံ ရှာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံးကတော့ စာရေးရတာ မျှဝေရတာ ၀ါသနာ ပါတဲ့ သူ ဖြစ်ရပါမယ်။ မိမိ အားသန်တဲ့ လိုင်း တစ်ခုခုကို ထိထိရောက်ရောက် ရေးသားရပါမယ်။

ဒါဟာ ကုန်ပစ္စည်း တစ်ခု ဆိုရင် သင့် ဖောက်သည် စာဖတ်သူတွေကို ဘယ်လို ကောင်းမွန်တဲ့ စာကောင်း ပေကောင်း အရေးအသားကောင်းတွေ မျှဝေနိုင်မလဲ ဆိုတဲ့ သင့်အရည်အချင်းအပေါ်မူတည်ပါလိမ့်မယ်။ နည်းပညာအကြောင်း ရေးမလား ၊ ဗဟုသုတအကြောင်းရေးမလား ၊ အစားအသောက် အချက် အပြုတ်၊ ခရီးသွားတဲ့ အကြောင်း .. အိုး စုံလို့ ပါပဲ ။ တစ်ခုရှိတာက ဘယ်အရာမှ ချက်ချင်း စိုက်ပျိုးပြီး ချက်ချင်း စားသုံးလို့  မရနိုင်တာကို သိရပါမယ်။ တစ်ခုခု ကို ဇောက်ချ ရေးသား တင်ပြသွားပါ။ အခုဆိုရင် ဆိုရှယ် နက်ဝေါ့တွေကလည်း အားကောင်းနေတာ ဆိုတော့ မိမိ နက်ဝေါ့မှာ မိမိပရိသတ်တွေနဲ့  ချိတ်ဆက်ထားရပါမယ် ။ မိမိ အနေနဲ့ ပေါ်ပင် လုပ်တဲ့ စိတ်ရှိရင်တော့ အစကထဲက ဖျောက်စေချင်ပါတယ်။ ဒါက စေတနာ နဲ့ အချိန် ပေးပြီး ရင်းနှီးမြုပ်နှံရတဲ့ အလုပ် ဖြစ်လို့  ဖြစ်ပါတယ်။ အချိန်တစ်ခု အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါမှာ Out come အနေနဲ့ 
သင့်မှာ အကျိုးအများကြီး ရရှိပါလိမ့်မယ်။

ပထမဆုံး မိမိ အရေးအသား Skill ရှိလာပါလိမ့်မယ် ။ အသိပညာ ကြွယ်ဝလာပါလိမ့်မယ်။ နောက် ပရိသတ်တွေ ရလာပါလိမ့်မယ်။ ဒီအခြေ အနေမှာတင် ၀င်ငွေရနိုင်ပြီ ဖြစ်ပါတယ်။

ဂူဂဲလ် ရဲ့ ဘလော့ က ၀န်ဆောင်မှု ဖြစ်တဲ့ Adsense ကို အသုံးပြုပြီး User Traffic နဲ့  ပိုက်ဆံယူမလား ။ အွန်လိုင်း Advertising ၀န်ဆောင်မှု နဲ့  ချိတ်ဆက်ပြီး Pay Per Click နဲ့  ၀င်ငွေ ရှာမလား...။ ရနိုင်ပါတယ်။
စိတ်တော့ ရှည်ရပါလိမ့်မယ်။


နှစ် - အွန်လိုင်း မာကတ်တင်း

ဒါကို Affiliate Marketing လို့ လည်း ခေါ်ပါတယ် ။ ပြောရရင် စုပေါင်းချိတ်ဆက်ပြီး ကိုယ်ဘက်ကနေ ကုမ္မဏီ အတွက် တဆင့်အွန်လိုင်း မာကတ်တင်း ဆင်းပေးတဲ့ သဘောပါ ။

ကုမ္မဏီ တစ်ခုခုရဲ့ ထုတ်ကုန်နဲ့  ၀န်ဆောင်မှုများကို social media platform တွေ အသုံးပြုပြီး ကြေငြာပေးတာတွေ ၊ ၀ဘ်ဆိုက်မှာ တင်ပြီး ကြေငြာပေးတာတွေ ဖြစ်ပါတယ်။ Social Media မှာကတော့ Facebook လိုမျိုးမှာ Page လုပ်ပြီး ကြေငြာတာတွေ တွေ့ ဖူးကောင်း တွေ့  ဖူးပါလိမ့်မယ်။ တစ်ချို့ ဆိုရင် နာမည်ကြီးတဲ့ ဆိုက်တွေ မှာ ကြေငြာပေးတာတွေ ၊
ပရိုမိုးရှင်း ဘာညာ သာရကာတွေ တင်ပေးတာတွေ လုပ်ရပါတယ်။

မိမိ ကြေငြာပေးရတဲ့ ကုမ္မဏီ က နာမည်ကြီး Brand တစ်ခု ဖြစ်ပြီး မိမိ Local အတွက် ထိုးဖောက်ပြီး ကြေငြာပေးရတယ် ဆိုရင်ထို မာကတ်တင်း ဆင်းလို့ တက်လာတဲ့ အမြတ်ရဲ့ 
၁၀ ရာခိုင်နှုန်းကနေ ၃၀ အထိ ရနိုင်ပါတယ်။ ဒါက နိုင်ငံတကာ က ပေးတဲ့ နှုန်း ဖြစ်ပါတယ်။



သုံး - Review ရေးပေးခြင်း

Samsung က အသစ်ထွက်တဲ့ Smart Phone တစ်လုံးအကြောင်း သုံးစွဲပုံ အမြင်လေး ရေးပေးရမယ် ဆိုပါတော့ ။ ဖြစ်သင့်တာက ထို စမတ်ဖုန်းကို ကိုယ်တိုင် ကိုင်တွယ် အသုံးပြုကြည့် ။ ပွတ်ကြည့် ။ App တွေကလိကြည့်။
စသဖြင့် ကိုယ် ကြုံတွေ့ လာရတဲ့ အကြောင်းအရာ Product ရဲ့  ကောင်းမွန်တဲ့ အနှစ်သာရတွေကို ရေးသားရပါတယ် ။ ဒါက သဘော ပြောပြတာပါ ။ ဒီနေရာမှာ အလှကုန်ပစ္စည်း အသစ် ဖြစ်ချင် ဖြစ်မယ်။
အိမ်သုံးပစ္စည်း ၊ လူ့ အသုံးအဆောင် တစ်ခုခု ၊ အစားအသောက် ထုတ်ကုန် အသစ် အားလုံးဖြစ်နိုင်ပါတယ်။ မိမိ ရေးသားထားတဲ့ Review ကို အွန်လိုင်းမှာ တင် ။ ဒီလိုနဲ့  ဌင်း ကုမ္မဏီများရဲ့  Product များဟာဖောက်သည်များကို မ၀ယ်ယူ ၊မသုံးစွဲ ရသေးခင် အွန်လိုင်းမှာ တင်ထားတဲ့ မိမိ Review ကို လေ့လာပြီးနောက် ပိုမိုအရောင်း သွက်လာတဲ့အခြေအနေ ဖြစ်ပေါ်လာပါတယ်။

နိုင်ငံတကာ နှုန်းနဲ့ ပဲ ပြန်တိုင်းရလျှင် Review ရေးသားခ ဟာ မိမိ ကျွမ်းကျင်မှု ၊ အရေးအသားကောင်းမွန်မှု အပေါ်မူတည်ပြီး တစ်ပုဒ်ကို ဒေါ်လာ ၂၀ ကနေ ၂၀၀ အထိ ရရှိပါတယ်။


လေး - Web Desiging and Developing

ဒါကတော့ Professional ဆန်တဲ့ လိုင်းတစ်လိုင်း လည်း ဖြစ်ပါတယ်။ Web Designer နဲ့  Develper အတွက် လိုအပ်တဲ့ Skills များကို သင်ယူတက်မြောက်ပြီး မှ လုပ်နိုင်မဲ့ Online ဆက်စပ်အလုပ် တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

Programming အကြောင်း နားလည်ရမယ် ။ ဒီဇိုင်းတွေကို ဖန်တီးနိုင်ရမယ် ။ မိမိ ပြုလုပ်မဲ့ ဆိုက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖန်တီးမလဲ ဆိုတဲ့ အမြင်တွေ ရှိရပါမယ် ။ ဒါကလည်း ကုမ္မဏီ မှာလည်း လုပ်ကြသလို Freelance အနေနဲ့ လည်း Out source တွေ ရှာပြီး အိမ်ကနေ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ Network ကလည်း ကောင်းရပါမယ် ။ ဒီလိုမျိုးကတော့ အိမ်က လုပ်နိုင်တဲ့ အလုပ်မှန်ပေမဲ့ Team Work ကို အားပေးတဲ့
ကျနော် အနေနဲ့ တော့ Social ကျအောင် နေဖို့  အကြံပြုလိုပါတယ်။ သိတဲ့ အတိုင်း Freelance သမားများအနေနဲ့  Asia မှာက အနောက်တိုင်း နိုင်ငံများထက် ရရှိငွေ နည်းတာကို တွေ့ ရပါတယ်။ အကယ်၍ Freelance ကြိုက်တဲ့သူတစ်ယောက် ဆိုရင်တော့ ဒါကလည်း အကောင်းဆုံး Online က စီးပွားရေးပါပဲ။


ငါး - အွန်လိုင်း လေလံ စီးပွားရေး

မိမိ မှာ ရှိတဲ့ တန်ဖိုးရှိ ပစ္စည်း တစ်ခုခုကို အွန်လိုင်းမှာ တင်ပြီး လေလံစနစ်နဲ့ ရောင်းမလား ၊ ၀ယ်မလား ? ဒါကို လုပ်နေတဲ့ ဆိုက်တွေကလည်း တော်တော်များများ ရှိပါတယ်။ နေ့ စဉ် လေလံ တင်သူ ၀ယ်သူ ဈေးပြိုင်သူစသဖြင့် တော်တော်များများ ပါဝင်ပြီး ဈေးကစားနေကြတဲ့ အွန်လိုင်း စီးပွားရေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်တို့  နိုင်ငံမှာတော့ Ebanking System ဖြစ်လာတဲ့ အချိန်မှ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။

သူက အွန်လိုင်းကနေ မိမိဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်လို့ ပဲ ဖြစ်ပါတယ်။ ဒီတော့ မိမိမှာရှိတာ ရောင်းမလား ၊ သူများလေလံတင်တာ ၀ယ်ပြီး ပြန်ရောင်းမလား ။ ဖြစ်လာမှာပါ။ နာမည်ကြီး ဆိုက်တွေ ဖြစ်တဲ့ Ebay နဲ့ Amazon မှာလည်း ဒီလို စီးပွားဖြစ်နေတဲ့ သူတွေ အများကြီးပါ။


ခြောက် - E-commence Store ခေါ်တဲ့ Online Shopping

သူကလည်း အွန်လိုင်းကနေ ကုန်ပစ္စည်း ရောင်းရင် ပိုက်ဆံရှာ နိုင်တဲ့ Online Business ပါပဲ ။ တော်တော်များများတော့ သိကြမှာပါ ။ အွန်လိုင်းကနေ ဈေးရောင်း ဈေးဝယ် လုပ်ကြတယ် ။
အရင်ဆုံး ဆိုက်တစ်ခု လုပ်ရတယ်။ အများဆုံးကတော့ Facebook မှာ Page တွေအဖြစ်
တွေ့ ရမှာပါ ။ E banking လိုအပ်နေသေးတဲ့ ကာလတစ်လျှောက်လုံးကတော့ ဈေးဝယ်သူနဲ့  ရောင်းသူကြား ကသိကအောက် ဖြစ်စရာလေးတွေရှိတက်ပါတယ်။

နိုင်ငံတကာ Online Shopping ဆိုက်က ၀ဘ်ဆိုက် နဲ့  E banking ကို တစ်ခါထဲ ချိတ်ဆက်ထားပြီး မိမိ ဘဏ် အကောင့်နဲ့ တစ်ခါ ထဲ ရောင်းဝယ်ရတာ ဖြစ်ပါတယ်။
ကျနော်တို့  မြန်မာနိုင်ငံ အနေနဲ့ လိုချင်တာကို အော်ဒါမှာ ပြီးရင် Door to door ရောင်းဝယ်တာ မျိုး ဒါမှမဟုတ် မှာထားပြီး ငွေ သွားရှင်းရတာမျိုးဆိုတဲ့ အခြေအနေပဲ ရှိပါသေးတယ်။
ဥပမာ http://www.omyanmar.com နဲ့  http://www.bestmyanmardeal.com
တို့ ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။


ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အချိန်ပေးနိုင်သလောက် ထိုက်တန် ၀င်ငွေလည်း ရမှာ ဖြစ်ပါတယ်။ အချိန်ပြည့်ပဲ လုပ်လုပ် အချိန်ပိုင်း ပဲ လုပ်လုပ် ဒါက သင်နဲ့ ပဲ ဆိုင်ပါတယ်။

အရေးကြီးတာ တစ်ခုက အိမ်ကနေလုပ်ရတဲ့ ဒီလို အလုပ်လေး တွေ အတွက် ဘယ်လောက် အချိန်ပေးနိုင်တာ ၊ ဘယ်လေက် လုပ်နိုင်တာက ကန့် သတ်ချက် မရှိပါဘူး။
ဒါပေမဲ့ အကောင်းဆုံး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ကို ဘယ်လို ပေးနိုင်မလဲ ဆိုတဲ့ Creation ကသာ သင့်အတွက် ကန့် သတ်ချက် ဖြစ်ပါတယ်။

အွန်လိုင်းကနေ အလုပ်လုပ်တဲ့ နည်းလမ်းတွေက ထောင်သောင်းမက ရှိပါတယ်။ မိမိတို့  အိုင်ဒီယာ ရှိတဲ့ အပေါ်မူတည်ပြီးသာ ကွဲပြားကောင်း ကွဲပြားသွားပါလိမ့်မယ်။

ဒီမှာ ကျနော်အနေနဲ့ ကတော့ အကောင်းဆုံးနဲ့  အသုံးအများဆုံးကို တင်ပြလိုက်တာဖြစ်ပါတယ်။

------------------

Freddy ( Stuff Myanmar )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။