We Love Music
“ဂန္တဝင်မြောက်အိမ်အပြန်”
အားလုံးရင်ဆိုင် မိုးသက် မုန်တိုင်းများ
ကြမ်းတမ်း ကိုယ်ဘယ်ဟာမှ မကြောက်ပြီ
ကိုယ့်ရဲ့ ခြေလှမ်း တစ်လှမ်းချင်း လှမ်းရင်းဆက်
ကြိုးစား ရည်ရွယ်ခဲ့သော လမ်းတွေ
ရာဇဝင်များ ကိုယ့်ရင်မှာ အကောင်းဆုံး
ပေးဆပ်ထားခဲ့ဖို့ ယုံကြည်ချက် အဓိပ္ပါယ်များ
အားလုံး ဒီကမ္ဘာမြေရဲ့ ပြီးပြည့်စုံချင်း
သီချင်းလေးများနဲ့ ဂန္တဝင်မြောက်
ကိုယ့်ရဲ့ ခရီး ပြန်လာမယ့်လမ်းတွေဆီ
ကြိုနေတော့ အချစ်ဆုံးရေ
ဟိုးလွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက်တုန်းက ဟယ်ရီလင်းတို့ နဲ့ စီးရီးတစ်ခုလုပ်မယ် ဆိုပြီး စီစဉ်ကြရင်းနဲ့ ဒီသီချင်းကို ရေးဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ၁၉၈၆ခု မေလပိုင်း(ကဆုန်လပြည့်)တစ်နေ့ မှာပဲ ဒီသီချင်းကိုအပြီးသတ် ရေးဖွဲ့ နိုင်ခဲ့တာပါ။ ဒါကြောင့်မို့ လည်းအတိတ်ကောင်းခြင်း နိမိတ်ကောင်းခြင်းတွေ ပါဝင်နေသလားရယ်လို့ မပြောနိုင်ပေမယ့် ကျွန်တော်ရေးဖွဲ့ ခဲ့တဲ့ သီချင်း တော်တော်များများ ထဲက ကျွန်တော့်ရဲ့ Master piece အဖြစ်နဲ့ ရော ကျွန်တော်ရဲ့ အရောင်းရဆုံး သီချင်းအဖြစ်နဲ့ ရော ကျွန်တော်ရဲ့ Everytime Hits အဖြစ်နဲ့ ပါ ရပ်တည်နိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လဲ ဖြစ်ခဲ့ပါတယ်။
၁၉၈၂-၈၃လောက် တောင်ကြီးကိုရောက်တော့ သူငယ်ချင်းကိုထင်ကျော်ဦးအိမ်မှာ Deep Purple ရဲ.့ Ritchie Blackmore ပြန်လည် အသစ်ထူထောင်ခဲ့တဲ့ Rainbow အဖွဲ့ ရဲ.့ Liveshow အခွေကြည့်ဖြစ်ရင်း တစ်ခါထဲ Rainbow ရဲ့ ဂီတအမျိုးအစားကိုရော အဲဒီကပင်တိုင် အဆိုတော် Joelynn Turner ရဲ့ ဆိုပုံဆိုပေါက်ကိုပါ တစ်ခါထဲငြိသွားတော့တာပါပဲ။ (ဒါဟာ ဒီသီချင်းရဲ့ ဇာတ်လမ်းအစပဲ၊ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံစရာရှိတာကတော့ အဲဒီတုန်းက ကိုယ်ကိုယ်တိုင် အခုလို PRO သီချင်းရေးဆရာ တစ်ယောက်ဘဝနဲ့ ရပ်တည်ဖို့ မစဉ်းစားခဲ့မိတာ အသေချာပါပဲ)။
Deep Purple အဖွဲ့ ရဲ့ Smoke On The Water သီချင်းဟာ သူတို့ အဲဒီ Album အချပ်ဖန်တီးခဲ့တဲ့ အကြောင်းအရာကို ပြန်ရေးပြတာ ဖြစ်တယ်ဆိုရင် ဒီ ဂန္တဝင်မြောက်အိမ်အပြန် သီချင်းဟာလည်း ၁၉၈၆လောက်က ဟယ်ရီလင်း၊သော်ဒီဝေ၊ လေးဖြူစတဲ့ အဲဒီတုန်းက
(Cepheus) စကြာဝဋာမီးပြတိုက်များအဖွဲ့ ရဲ့ကြယ်စုတစ်ခုဖြတ်သန်းတဲ့ခရီးကို တင်စားဖွဲ့ ပြတာနဲ့ ဆင်ဆင်တူနိုင်ပါတယ်။
ဒါမှမဟုတ်လည်း အနုပညာနဲ့ ရာဇဝင်သစ်ကို ရေးဖွဲ့ ချင်တဲ့ အသက်(၃၀)ဝန်းကျင် လူငယ်တစ်ယောက်ရဲ.့ ဘဝနဲ့ အချစ်ကို ထင်ဟပ်ပြချင်ပြီး အဲဒီ ရာဇဝင်အသစ်ကိုပဲ ချစ်သူကိုမျှဝေခံစားဖို့ သယ်ဆောင် လာခဲ့ချင်ပါတယ် ဆိုပြီး ဖွဲ့ နွဲ့ ခဲ့ခြင်းမျှသာ ဖြစ်ပါတယ်။
Joe Lynnturner ရဲ့ သီချင်း၂ပုဒ်၃ပုဒ်လောက် Copyသီချင်းစာသား သွင်းဖြစ်တဲ့ အထဲက မူရင်း Street Of Dreams(ဂန္တဝင်မြောက်အိမ်အပြန်)နဲ့ Can't Let You Go (လျှပ်စစ်မျက်လုံး)တို့ ရေးဖြစ်ပါတယ်။
အကြောင်းကြောင်းသော အကြောင်းတရားတွေ အများကြီးထဲကမှ ဟယ်ရီလင်းနဲ့ လုပ်တဲ့စီးရီးကိစ္စ ကြန့် ကြာသွားပြီး မထွက်ဖြစ်တဲ့နောက်မှာ အငဲအတွက် ကိုအောင်ဝင်း(A Family) လုပ်တဲ့ ဝိဉာဉ်များနဲ့ ကခုန်ခြင်း စီးရီးလုပ်ဖို့ တောင်းဆိုတော့မှ အငဲ ဆိုဖြစ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီထဲက နောက်တစ်ပုဒ် လျှပ်စစ်မျက်လုံးကိုတော့ ဟယ်ရီလင်း ကရဲသွင်နဲ့ အတွဲခွေဖြစ်တဲ့ မုန်တိုင်းရဲ့ တမန်များမှာ ဆိုဖြစ်သွားပါတယ်။ ဒါက ရာဇဝင်ပါ။
(ကိုအငဲ ဗားရှင်း >>http://www.youtube.com/watch?v=aO44IwNP470)
ဟိုနေ့ က ကိုဘ(အလင်္ကာ)နဲ့ တွေ့တော့သီချင်းတစ်ပုဒ်အား ချဉ်းကပ်ခြင်းဆိုတဲ့ ခေါင်းစဉ်မျိုးအောက်မှာ ရေးပေးဖို့  တောင်းဆိုတော့ စဉ်းစားရတာ တော်တော် ခေါင်းစားလိုက်ပါတယ်။ ပထမ ဟယ်ရီလင်းရဲ့ (အိပ်ယာအောက်ကသီချင်းတစ်ပုဒ်) ဒါမှမဟုတ်ရင်လဲ
ကန္တာရလမင်း(လေးဖြူ) စီးရီးထဲက (အိပ်မက်မီးရထား)၊ (အတောင်ပံများနဲ့ ) သီချင်းတွေကိုလည်း စဉ်းစားဖြစ်ခဲ့ပါတယ်။
(အိပ်ယာအောက်ကသီချင်းတစ်ပုဒ်) ဆိုရင်လည်း တော်တော်လေး Poetic ဖြစ်တဲ့အတွက် ရေးသင့်တာပါပဲ။ဒီနေ့ လူငယ်တွေ လိုအပ်နေတာ ဒီလို သီချင်းမျိုးပဲလို့ တောင်(လေးဖြူ) ကိုယ်တိုင် ပြောဖူးပါတယ်။ ထားလိုက်ပါတော့။
‘ဂန္တဝင်မြောက်အိမ်အပြန်’ သီချင်းအကြောင်းကို ပြန်ရေးပြရတော့ ကိုယ်ကိုယ်တိုင်အသက်(၁၇)နှစ် ပြန်ငယ်ပေးရပါတယ်။ အိုအေစစ် စတူဒီယိုမှာ ဆရာကောင်း Mix Down ဆွဲပြီး ပြန်နားထောင်တော့ မျက်ရည် များတောင်ကျမိပါတယ်။ (မယုံမရှိပါနဲ့ တကယ်ပါ) ဖြစ်နိုင်
ရင် အဲဒီအချိန်တုန်းက မိန်းကလေး တစ်ယောက်အပေါ် ချစ်မိခဲ့တဲ့အချစ်မျိုး အနုပညာအပေါ် ယုံကြည်ခဲ့တဲ့ ယုံကြည်မှုအားမာန်မျိုးတွေ ပြန်ရခဲ့မယ် ဆိုရင်လည်း ပြန်တောင့်တမိပါရဲ့ ။
CHO: စိတ်ချထား အချစ်ရေလှမ်းလာမယ်
် ကြိုးစား ကိုယ့်ရဲ့ ခြေလှမ်းများဆက်
နွမ်းညစ်တဲ့ စိတ်တွေ လွှင့်ပစ် ထားခဲ့ပြီး
ကိုယ့်ရဲ့ ရင်မှာ အမြဲယုံကြည်ပြီး ထားတဲ့
(ရာဇဝင်သစ် မနက်ဖြန်ကို ခံစားပေးဆပ်
ထားခဲ့ပြီးရင် ကြင်သူကလေး ရှိရာဆီ ဒီခရီး
မျှော်လင့်ခြင်း အိပ်မက်များလည်း
အဆုံးသတ်ခဲ့ပြီး
ဂန္တဝင်မြောက် သီချင်းတစ်ပုဒ်နဲ့ 
ပြန်လာမယ့်လမ်းတွေဆီ)
ဟုတ်ကဲ့ ၁၇နှစ်ကျော်ကြာခဲ့ပါပြီ ။ ဂန္တဝင်မြောက် မမြောက် မသိပါ၊အနိမ့်အမြင့် လောကဓံတရားများကြား သော်ဒီဝေအိမ်ပြန် မရောက်နိုင်သေးပါ။ Pro သီချင်းရေးဆရာ တစ်ယောက်ဘဝအနေနှင့် ရေးဖြစ်ခဲ့သော သီချင်းများစွာထဲကမှ အငဲ၏ ဂန္တဝင်မြောက်အိမ်အပြန် ကိုရွေးချယ်ဖြစ်ပါသည်။ တကယ်လည်းရင်နင့်စွာကြိုက်ခဲ့ရ၍ ဖြစ်ပါသည်။ ဘဝကြီးစွာ၊ နှလုံးသားကြီးစွာ၊အချစ်ကြီးစွာ၊ ရည်ရွယ်ချက်ကြီးစွာ ပေးဆပ်ခဲ့ရပါသည်။ ဂန္တဝင်မြောက် မမြောက်မသိပါ။ ဤသီချင်းဖြင့်နှစ်ဟောင်းရဲ့ နွမ်းညစ်တဲ့ စိတ်များလွှင့်ပစ်ထားခဲ့ပြီး ၂၀၀၄ နှစ်သစ်နိုင်ကြပါစေသတည်း။
သော်ဒီဝေ
(Alinkar Music Journal Vol: 8 , No: 3, 2004)
Photo: Internet

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။