Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 14, 2016

ချားလ်စ်ဒါဝင် Charles Darwin

ချားလ်စ်ဒါဝင် Charles Darwin
----------------------------------------

ချားလ်စ်ဒါဝင်(Charles Darwin) (၁၈၀၉-၁၈၈၂)ကို ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ(Evolution Theory)နှင့် ပတ်သက်ပြီး ကျော်ဇောထင်ရှားသူဖြစ်သည်။ ၁၈၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ အင်္ဂလန်နိုင်ငံ ရှရူဘူရီ(shrewsbury) တွင်ဖွားမြင်သည်။

အသက်၁၆နှစ်တွင် အီဒင်ဘတ်တက္ကသိုလ် (Edinburg)တွင် ဆေးပညာကို စတင်သင်ယူသည်။ သို့သော် ဆေးပညာနှင့် ခန္ဒာဗေဒ(Anatomy)တွင် စိတ်ပါဝင်စားမှုသိပ်မရှိသဖြင့် ကိန်းဘရစ်ခ်ျတက္ကသိုလ် (Cambridge)သို့ ပြောင်းရွေ့ပြီး ကျမ်းစာသင်ယူသည်။ သို့သော် များစွာအားစိုက်သင်ယူသည် မရှိပဲ မြင်းစီး၊ အမဲလိုက် စသည့် အပျော်အပါးများဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်ဟု ဆိုသည်။ ထို့အတွက် ဖခင်ဖြစ်သူနှင့် မကြာခဏပင် အခြေတင်စကားများ ကြသည်။

နောက်မကြာမှီ ဆရာတစ်ဦးအား အပိုင်စည်းရုံးပြီး မိမိအား သဘာဝပညာရှင် (Nuturalist)အဖြစ် ထောက်ခံချက်ပေးစေသည်။ ထိုထောက်ခံချက်ကို အသုံးပြုကာ ဘီဂဲလ်သဘောင်္ (H.M.S Beagle)ဖြင့် ရေလမ်းစူးစမ်းရှာဖွေရေးခရီးတွင် လိုက်ပါသွားခဲ့သည်။ ထိုခရီးမှာ ဒါဝင့် အတွက်သာမက သူ၏ဘ၀နောက်ပိုင်း တွေ့ရှိချက်များကိုပါ အလွန်အကျိုးရှိစေသည်ကို တွေ့ရပါသည်။ ၁၈၃၁-ခုနှစ်တွင် စတင်သည့် ထိုခရီးစဉ်တွင်လိုက်ပါခဲ့စဉ်က ဒါဝင့်အသက်မှာ ၂၂-နှစ်သား သာရှိသေးသည်။

ထိုမှစတင်ပြီး ခရီးထွက်ရာ ၅နှစ်လုံးလုံး တောင်အမေရိကတိုက်ကမ်းခြေများ၊ အိန္ဒိယသမုဒ္ဒရာနှင့် တောင်ဖက် အတ္တလန်တစ် ဒေသများတွင် အေးအေးလူလူလေ့လာခွင့်ရသည်။ ထို့ပြင် လူသူမနီးသည့် ကျွန်းများ၊ လူရိုင်းဆန်ဆန် မျိုးနွယ်စုများ (တိုးတက်မှုများစွာ မရှိသေးသည့် ရှေးကျကျန်ရစ်သည့် လူမျိုးနွယ်စုများ) (Primitive tribes)၊ ကျောက်ဖြစ်ရုပ်ကြွင်း(Fossil)၊ အပင်များ၊ သတ္တ၀ါများကို အမျိုးစုံလင်အောင် တွေ့ရှိကာ လေ့လာခွင့်ရခဲ့သည်။ တွေ့ရှိချက်မှန်သမျှကို စာအုပ်များတွင် မှတ်တမ်းမှတ်ရာအစုံအလင် ရေးမှတ်ထား ခဲ့ပါသည်။ ထိုမှတ်စုများမှာ နောင်တစ်ချိန်တွင်ရေးသားမည့် ကျမ်းများအတွက် အရေးပါသည့် အရင်းအနှီးများ ဖြစ်ပေတော့သည်။

၁၈၃၆-ခုနှစ်၊ ဒါဝင်အိမ်ပြန်ရောက်ပြီးနောက်တွင် မိမိ၏တွေ့ရှိချက်များကို အခြေခံကာ သတ္တ၀ါနှင့် အပင်များသည် မည်သည့်နည်းနှင့်မျှ မပြောင်းမလဲပဲ တပုံစံတည်း တည်ရှိမနေနိုင်ကြောင်းနားလည်ခဲ့သည်။ သို့သော် ထိုအချက်အားမည်သူ့ကိုမှ ပြောပြခဲ့ခြင်း၊ ရှင်းပြခဲ့ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ အများကကန့်ကွက်မည်မှာ သေချာလှသည်ဖြစ်သောကြောင့်ပင်။ သို့သော် ဘူမိဗေဒ သဘောအရ တောင်များ၊ ချိုင့်ဝှမ်းများ၊ ပင်လယ်များ၊ ကုန်းမြေများ အားလုံးသည် အချိန်ကာလနှင့် အခြေအနေများအရ ပြောင်းလဲမြဲဖြစ်သကဲ့သို့ သတ္တ၀ါများ အပင်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်ကို သက်သေပြနိုင်ရန် အကြီးအကျယ်ပင် လုံလထုတ်တော့သည်။ သို့ဖြင့် ပညာရှင်များ အသိုင်းအ၀န်းကြားတွင် ဒါဝင်၏အမည်မှာ ထင်ရှားလာခဲ့သည်။

၁၈၃၈တွင် သောမက်စ်မားလ်သပ်စ်၏ လူဦးရေအခြေခံ သဘောတရားအကြောင်း အမည်ရှိစာအုပ်ကို ဖတ်ရှုမိပြီးနောက် မိမိစိတ်ကူးကို မည်သို့သက်သေပြရမည်ကို အတွေးရသွားခဲ့သည်။ သို့ဖြင့် သဘာဝအလိုက်ရွေးချယ်ခြင်း အခြေခံ သဘောတရား(Principle of natural selection) ကိုရေးသားခဲ့ပြီး ဖြန့်ဝေခြင်းမပြုပဲ သက်သေပြနိုင်ရန် အထောက်အထားများကို စုဆောင်းနေခဲ့သည်။ ပြီးမှ စနစ်တကျထုတ်ဝေတင်ပြနိုင်ရန် မူကြမ်း(Hypothesis)ကို စီစဉ်သည်။

သီအိုရီ အကျဉ်းချုပ်ကို ၁၈၄၂-ခုနှစ် စောစောကပင်ရေးသားပြီးစီးခဲ့ပြီးနောက် အကျယ်ကို ၁၈၄၄-ခုနှစ်တွင် ပြီးစီးသည်။ ထိုသို့ အကျယ်ရေးနေချိန်အတွင်း အရှေ့အင်ဒိစ်(ယနေ့ အင်ဒိုနီးရှား)သို့ရောက်ရှိနေသည့် အဲဖရက်ရပ်ဆဲလ်ဝေါလေ့စ်(Alfred Russel Wallace)ထံမှ ဆင့်ကဲဖြစ်စဉ်သီအိုရီ နှင့်ပတ်သက်သည့် စာမူကြမ်းတစ်ခုရောက်လာသဖြင့် တိုက်ဆိုင်စစ်ဆေးရာ နှစ်ဦးသား၏ တွေ့ရှိများမှာ အဓိကအကြောင်းအရာအားဖြင့် အတော်များများတူညီမှုရှိကြောင်းတွေ့ရသည်။ နှစ်ဦးသားအနေဖြင့် တူညီသည့် အကြောင်းအရာတစ်ခုအတွက် မည်သူကအလျင်တွေ့ရှိသည်ကို ငြင်းခုန်ရတော့မယ့်အခြေအနေသို့ ရောက်နေရပြီဖြစ်သည်။

သို့သော် ဒါဝင်ကထိုအခြေအနေသို့အရောက်မခံတော့ပဲ နှစ်ဦးလုံး၏ စာမူများကို သိပ္ပံအဖွဲ့ကြီးတစ်ခုသို့ ပို့ပြီးတင်ပြလိုက်သည်။ ထိုတင်ပြချက်များအား မည်သူမျှ အရေးတယူပြောဆိုဆွေးနွေးခြင်းမရှိခဲ့သော်လည်း ၁၈၅၉-ခုနှစ်တွင် ဒါဝင်၏ မျိုးရိုးဗီဇများ(The Origin of Species) အပင်နှင့် သတ္တ၀ါမျိုးစိတ်တွေရဲ့ မူလအစ ကိုပုံနှိပ်ထုတ်ဝေသောအခါတွင်မူ ပညာရှင် အသိုင်းအ၀န်းကြားတွင် သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံ သွားခဲ့သည်။ ထို့ပြင် ၁၈၇၁တွင် လူဆင်းသက်လာပုံနှင့် ဖိုမဆက်ဆံရေးတွင် ရွေးချယ်ပုံ"'(The Descent of Men and Selection to Sex) ကိုထပ်မံထုတ်ဝေသော အခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထိုနောက် လူသည် လူဝံ(Ape)ကဲ့သို့သော သတ္တ၀ါမျိုးမှဆင်းသက်လာသည် ဟူသော် အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့်မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ဒါဝင်သည် သူ၏သီအိုရီနှင့် ပတ်သက်ပြီး ငြင်းခုန်ကြသည့် ပွဲများတွင်ကိုယ်တိုင်ပါဝင်လေ့မရှိပေ။ အကြောင်းမှာ

ဘီဂဲလ်သဘောင်္ဖြင့် ခရီးလိုက်ပါစဉ်က၊ လေ့လာစူးစမ်းစဉ်က အမေရိကတွင် အဆိပ်ရှိ ပိုးအကိုက်ခံရသဖြင့် ရှာဂါရောဂါ(Chaga' Diseaes) ဖြစ်ခဲ့ဖူးပြီး ခရီးပန်းသည့်ဒဏ်များကြောင့် အတော်ပင် ကျန်းမာရေးချို့တဲ့ရှာသောကြောင့် အပြင်ထွက်လေ့မရှိသည်က တစ်ကြောင်း၊
သူ၏သီအိုရီများနှင့် ပက်သတ်လျှင် အလွန်ရှေ့နေအလိုက်ကောင်းသည်ဟု ပြောကြသည့် သောမက်စ် အိတ်ခ်ျ ဟက်စ်လေ(Thomas H. Huxley) ရှိနေသောကြောင့် တစ်ကြောင်းဖြစ်သည်။

သို့နှင့် ချားလ်စ်ဒါဝင် ကွယ်လွန်သည့် ၁၈၈၂-ခုနှစ်တွင် သူ၏သီအိုရီများမှာ အမှန်ဖြစ်သည်ဟု အများကလက်ခံယုံကြည်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို စတင်ဖော်ထုတ်သူမှာ ဒါဝင်တစ်ဦးတည်း မဟုတ်ပေ။ ရှေ့တွင်လည်း လက်ဦးကပြောဆိုနေမှုများရှိနေပြီးဖြစ်သည်။ (ထိုသူများထဲတွင် ဒါဝင့်အဖိုး ကိုယ်တိုင်ပါဝင်သည်။) သို့သော် မည်သူကမှ လက်မခံခဲ့ပေ။ အကြောင်းမှာ ဒါဝင်ကဲ့သို့အချက်အလက် သက်သေခိုင်ခိုင်ဖြင့် မတင်ပြနိုင်သောကြောင့် ဖြစ်ပါသည်။

နောက်နှစ် ၂၀ အကြာတွင် ပေါ်ပေါက်လာသည့် ဂရီဂိုမန်ဒဲလ်(Gregor Mendel)၏ မျိုးရိုးဗီဇအမွေဆက်ခံဥပဒေ(Law of Genetic Ingeritance) က ဒါဝင်၏သီအိုရီကို ပိုမိုအားကောင်းခိုင်မာလာစေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝင်၏ သဘာဝရွေးချယ်ခြင်း သီအိုရီကို သိပ္ပံပညာရပ်တော်တော်များများတွင် သာမက နိုင်ငံရေး၊ ဘောဂဗေဒ အစရှိသည့် ဘာသာရပ်များတွင်လည်း အလျဉ်းသင့်သလို အသုံးချကြသေးသည်။

ဘာသာရေး အနေဖြင့်ကြည့်လျှင် ဘာသာမဲ့ဖြစ်သူ ဒါဝင်၏ သီအိုရီကို ဘာသာရေးသမားများ၊ လေးနက်ယုံကြည်သူများက အတော်ပင်စိုးရွံခဲ့ကြသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရား အယူဝါဒအရ အရာရာကို ဘုရားသခင်က ဖန်ဆင်းသည် ဆိုသည့် ယုံကြည်မှုကို အကြီးအကျယ်ပင် ခြိမ်းခြောက်နေသောကြောင့်ပင် ဖြစ်သည်။

သို့နှင့် ဘ၀ရပ်တည်ရေးအတွက် ရုန်းကန်ဆဲနှင့် အတော်ဆုံးသာလျှင် ကျန်ရစ်မည်။'" ဆိုသည့်စကားမှာ လူသားတို့အတွက် သတိပေးစကားဖြစ်လာခဲ့ကာ သိပ္ပံ၊ မနုဿ နှင့် ဇီဝဗေဒ ဆိုင်ရာများတွင် ဒါဝင်၏ သီအိုရီများမှာ မရှိမဖြစ်ဆိုသလိုပင် အသုံးပြုနေရသောကြောင့် ဒါဝင်ကျေးဇူးမှာ ခေတ်လူသားတို့အပေါ်တွင် များစွာတင်ရှိနေသည် ဟုဆိုရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ့ကို Evolution လို့ခေါ်တဲ့ တစစ ပြောင်းလဲတိုးတက်လာတဲ့ ဆင့်ကဲဖြစ်စဉ်အယူအဆကို မွေးဖွားပေးလိုက်သူအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

Credit-Sir' Tin Maung Hlaing

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။