မဟာဗျူဟာ။
ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ကြတဲ့ အင်တာနက်ကုမ္ပဏီကြီး ၃ ခုဟာ eBay, Yahoo နဲ့ Amazon တို့ပါ။ အားလုံးဟာ အမေရိကန်မှာ အခြေစိုက်ကြတဲ့ ကုမ္ပဏီကြီးတွေပါ။
eBay ဟာ ၂၀၀၄ ခုနှစ်မှာ တရုတ်နိုင်ငံမှာ အင်တာနက်သုံးစွဲမှု တရှိန်ထိုး မြင့်တက်လာမှုကြောင့် တရုတ်ဈေးကွက်ကို ပိုင်စိုးဖို့ တရုတ်နိုင်ငံမှာ လာရောက်လုပ်ကိုင်လာတယ်။ eBayဆိုတာ အင်တာနက်မှာ လေလံစံနစ်နဲ့ ပစ္စည်းဝယ်ရောင်းကို အဓိကလုပ်တာပါ။
မကြာခင် ဂျက်မား တည်ထောင်တဲ့ အလီဘာဘာ (Alibaba) ကုမ္ပဏီဟာ တဖြည်းဖြည်း အောင်မြင်လာတာကြောင့် သူ့ကို ယှဉ်ပြိုင်လာမှာကို သိလို့ eBay ရဲ့ CEO Meg Whitman က အလီဘာဘာကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဝယ်မယ်လို့ ဂျက်မားကို ကမ်းလှမ်းတယ်။ ဂျက်မားက မရောင်းပါဘူးလို့ ငြင်းလိုက်တယ်။ အဲဒီအချိန်မှာ အလီဘာဘာဟာ ဝင်ငွေသိတ်မရသေးပါဘူး။
ဈေးညှိနိုင်းနေဆဲမှာ ဂျက်မားက eBay လိုမျိုး အင်တာနက်က လေလံစံနစ်နဲ့ ပစ္စည်းရောင်းတဲ့ Taobao (ထာပေါင်း) ကုမ္ပဏီသစ်တစ်ခုကို အလီဘာဘာလက်အောက်ခံအဖြစ် တည်ထောင်ဖို့ လုပ်နေတယ်လို့ ပြောလိုက်တယ်။ eBay က ဒေါ်လာ သန်း ၈၀၀ ပေးမယ်လို့ ဈေးတိုးကမ်းလှမ်းပြန်တယ်။ ဂျက်မားက မရောင်းပါဘူးတဲ့။
မကြာခင်မှာပဲ CEO Meg ဟာ အမေရိကန်က eBay ရုံးချုပ်ကို ဒေါ်လာ သန်း ၁၀၀ တောင်းခံလိုက်ပြီး တရုတ်နိုင်ငံက eBay မှာ အားဖြည့်လိုက်တယ်။
အဲဒီသတင်းကို ကြားတဲ့ ဂျက်မားက သူ့ဝန်ထမ်းတွေကို ခုလို ပြောပြတယ်။ "ငါတို့ အလီဘာဘာဟာ လောလောဆယ် ဝင်ငွေမရှိသေးလို့ eBay က ဝယ်ဖို့ ကမ်းလှမ်းတယ်။ ဝယ်ဖို့ မအောင်မြင်တော့ eBay ဟာ သူ့ကုမ္ပဏီကို ချက်ခြင်း ဒေါ်လာသန်း ၁၀၀ အားဖြည့်တယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ သူတို့ဟာ အတော်တုန်လှုပ်သွားပြီ။ ကြောက်နေပြီ။ အင်အားနည်းနေတယ်လို့ ဝန်ခံလိုက်တာပဲ"တဲ့။
မကြာခင်မှာပဲ eBay ဟာ အလီဘာဘာကို မယှဉ်ပြိုင်နိုင်တာကြောင့် တရုတ်နိုငံက ထွက်ခွာသွားခဲ့ရပါတယ်။
ဒီအဖြစ်မျိုး မကြာခင်လေးကပဲ ဖြစ်လိုက်တယ်။ ဝန်ကြီးတစ်ယောက်က ခရီးသွားဟန်လွဲ စကားလေးတစ်ခွန်းပြောလိုက်တယ်။
တဖက်က ကြေငြာချက်တွေ ထုတ်တယ်။ လူထု အင်အားနဲ့ ဆန္ဒပြမယ်လို့
တုံ့ပြန်လိုက်တယ်။ အမှန်ကတော့ သူတို့တုန်လှုပ်သွားပြီ။ အားနည်းနေပြီဆိုတာ
ပြလိုက်တာပါပဲ။ အားနည်းနေပြီဆိုတာ သိတာနဲ့ တဖက်သားကလဲ လုပ်သင့်တာတွေကို
ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် လုပ်သွားတာပေါ့။
မဟာဗျူဟာ (Strategy) ဆိုတာ Business မှာဖြစ်ဖြစ်၊ Politics မှာဖြစ်ဖြစ် အတူတူပဲလို့ ပြောပြချင်တာပါ။
ဗန်းမော်သိန်းဖေ
၁၄-၀၇-၂၀၁၆
ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ကြတဲ့ အင်တာနက်ကုမ္ပဏီကြီး ၃ ခုဟာ eBay, Yahoo နဲ့ Amazon တို့ပါ။ အားလုံးဟာ အမေရိကန်မှာ အခြေစိုက်ကြတဲ့ ကုမ္ပဏီကြီးတွေပါ။
eBay ဟာ ၂၀၀၄ ခုနှစ်မှာ တရုတ်နိုင်ငံမှာ အင်တာနက်သုံးစွဲမှု တရှိန်ထိုး မြင့်တက်လာမှုကြောင့် တရုတ်ဈေးကွက်ကို ပိုင်စိုးဖို့ တရုတ်နိုင်ငံမှာ လာရောက်လုပ်ကိုင်လာတယ်။ eBayဆိုတာ အင်တာနက်မှာ လေလံစံနစ်နဲ့ ပစ္စည်းဝယ်ရောင်းကို အဓိကလုပ်တာပါ။
မကြာခင် ဂျက်မား တည်ထောင်တဲ့ အလီဘာဘာ (Alibaba) ကုမ္ပဏီဟာ တဖြည်းဖြည်း အောင်မြင်လာတာကြောင့် သူ့ကို ယှဉ်ပြိုင်လာမှာကို သိလို့ eBay ရဲ့ CEO Meg Whitman က အလီဘာဘာကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဝယ်မယ်လို့ ဂျက်မားကို ကမ်းလှမ်းတယ်။ ဂျက်မားက မရောင်းပါဘူးလို့ ငြင်းလိုက်တယ်။ အဲဒီအချိန်မှာ အလီဘာဘာဟာ ဝင်ငွေသိတ်မရသေးပါဘူး။
ဈေးညှိနိုင်းနေဆဲမှာ ဂျက်မားက eBay လိုမျိုး အင်တာနက်က လေလံစံနစ်နဲ့ ပစ္စည်းရောင်းတဲ့ Taobao (ထာပေါင်း) ကုမ္ပဏီသစ်တစ်ခုကို အလီဘာဘာလက်အောက်ခံအဖြစ် တည်ထောင်ဖို့ လုပ်နေတယ်လို့ ပြောလိုက်တယ်။ eBay က ဒေါ်လာ သန်း ၈၀၀ ပေးမယ်လို့ ဈေးတိုးကမ်းလှမ်းပြန်တယ်။ ဂျက်မားက မရောင်းပါဘူးတဲ့။
မကြာခင်မှာပဲ CEO Meg ဟာ အမေရိကန်က eBay ရုံးချုပ်ကို ဒေါ်လာ သန်း ၁၀၀ တောင်းခံလိုက်ပြီး တရုတ်နိုင်ငံက eBay မှာ အားဖြည့်လိုက်တယ်။
အဲဒီသတင်းကို ကြားတဲ့ ဂျက်မားက သူ့ဝန်ထမ်းတွေကို ခုလို ပြောပြတယ်။ "ငါတို့ အလီဘာဘာဟာ လောလောဆယ် ဝင်ငွေမရှိသေးလို့ eBay က ဝယ်ဖို့ ကမ်းလှမ်းတယ်။ ဝယ်ဖို့ မအောင်မြင်တော့ eBay ဟာ သူ့ကုမ္ပဏီကို ချက်ခြင်း ဒေါ်လာသန်း ၁၀၀ အားဖြည့်တယ်။ ဒါဟာ ဘာကို ပြသလဲဆိုတော့ သူတို့ဟာ အတော်တုန်လှုပ်သွားပြီ။ ကြောက်နေပြီ။ အင်အားနည်းနေတယ်လို့ ဝန်ခံလိုက်တာပဲ"တဲ့။
မကြာခင်မှာပဲ eBay ဟာ အလီဘာဘာကို မယှဉ်ပြိုင်နိုင်တာကြောင့် တရုတ်နိုငံက ထွက်ခွာသွားခဲ့ရပါတယ်။
ဒီအဖြစ်မျိုး မကြာခင်လေးကပဲ ဖြစ်လိုက်တယ်။ ဝန်ကြီးတစ်ယောက်က ခရီးသွားဟန်လွဲ စကားလေးတစ်ခွန်းပြောလိုက်တယ
မဟာဗျူဟာ (Strategy) ဆိုတာ Business မှာဖြစ်ဖြစ်၊ Politics မှာဖြစ်ဖြစ် အတူတူပဲလို့ ပြောပြချင်တာပါ။
ဗန်းမော်သိန်းဖေ
၁၄-၀၇-၂၀၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။