မူရင်း
====
(၁) ရွာသားအားလုံးဟာ မိုးရွာအောင်ဆုတောင်းကြဖို့ စုဝေးကြတယ်။ ဆုတောင်းမယ့်နေ့မှာ လူငယ်လေးတစ်ယောက်ပဲ ထီးယူလာတယ်။
___ ဒါဟာ ကိုးကွယ်ယုံကြည်မှု ဖြစ်တယ်___
(၂) ကလေးငယ်တွေကို မိုးပေါ်မြှောက်လိုက်တဲ့အခါ သူတို့ ပျော်ရွှင်ကြတယ်။ သင်ဖမ်းလိမ့်မယ်လို့ သူတို့သိထားကြလို့ပါပဲ။
___ ဒါဟာ ယုံကြည်မှုဖြစ်တယ် ___
(၃) လူတိုင်းဟာ နောက်နေ့မနက်မှာ အသက်ရှင်ပြီးနိုးထမယ်ဆိုတာ မသေချာပဲနဲ့ ညတိုင်းကို နှိုးစက်ပေးပြီး အိပ်ယာဝင်ကြတယ်။
____ ဒါဟာမျှော်လင့်ချက် ဖြစ်တယ်___
(၄) ကျွန်တော်တို့ဟာ အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာမသေချာပဲနဲ့ မနက်ဖြန်အတွက် ကြီးမားတဲ့ အစီအစဉ်တွေချကြတယ်။
____ဒါဟာ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်တယ်____
(၅) ခွဲခွါကြရလို့ ခံစားနေကြတာကိုသိတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လက်ထပ်ကြတယ်။ ကလေးတွေ မွေးဖွားကြတယ်။
____ဒါဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်___
(၆) အဖိုးအိုတစ်ယောက်ရဲ့ အင်္ကျီမှာ စာတစ်ကြောင်းရေးထားတယ်။ ငါဟာ အသက် ၈၀အရွယ် အိုမင်းနေတဲ့လူတစ်ယောက်မဟုတ်ဘူး။ အတွေ့အကြုံ ၆၄နှစ်ရှိတဲ့ ၁၆နှစ်အရွယ် လူတစ်ယောက်ဖြစ်တယ်။
___ဒါဟာ လက်ခံယုံကြည်မှု ဖြစ်တယ်___
ဒီဥပမာ ၆ခုနဲ့ သင့်ဘဝကို ပျော်ရွှင်လှပအောင် တည်ဆောက်ပါ။
ငယ်ငယ်တုန်း စာသင်ချိန်မှာ ရှုးထွက်ကျတာကပြသနာ ကြီးတစ်ခု ဖြစ်ခဲ့ပေမယ့် အခုချိန်ပြန်တွေးမိရင် ပြုံးမိနေလိမ့်မယ်။ ဘာဖြစ်ဖြစ်ပြုံးဖြစ်အောင်ပြုံးလိုက်ပါ။
ဒါဟာ စိတ်လက်ပေါ့ပါးလွှတ်မြောက်မှု့ ဖြစ်တယ်။
#nayaung
……………………
ဖြန့်ထွက်တွေးမိခြင်း
================
[က]
ရွာသားတွေရဲ့ မိုးခေါ် ဆုတောင်းပွဲကို
မတက်တဲ့ လူငယ်တစ်ယောက်ရှိတယ်…
ဒါဟာ မိုးရွာခြင်း မရွာခြင်းနဲ့
ဆုတောင်းမှုဟာ လုံးဝ မသက်ဆိုင်ဘူးဆိုတာ
သိတဲ့ ပညာတတ်လူငယ်ရဲ့
ဆင်ခြင်တုံတရား အားကောင်းမှုဖြစ်တယ်…။
[ခ]
ကလေးတုန်းကလို မိုးပေါ်မြှောက်ပစ်ကြတာကို
အရွယ်ရောက်ပြီး လူငယ်တွေ မကြိုက်ကြတော့ဘူး…
ဒါဟာ လူလားမြောက်ပြီးသူတွေရဲ့
ကိုယ့်ကံကြမ္မာ တပါးသူအပေါ် ပုံအပ်မထားချင်တော့တဲ့ လွတ်လပ်ချင်စိတ်ဖြစ်တယ်…။
[ဂ]
လူတော်တွေဟာ စီးပွား ပညာ ကုသိုလ် အတွက် အချိန်တိုင်း လုံလပြုနေကြတယ်…
ဒါဟာသူတို့မသေတော့ဘူးထင်လို့ မဟုတ်ဘူး…
တန်ဖိုးရှိရှိ ရှင်သန်သွားချင်စိတ်ကြောင့် ဖြစ်တယ်…။
[ဃ]
ဂျပန်ဓါးသမားတွေဟာ တဖက်ရန်သူကို
မိမိရရ ခုတ်ပိုင်းမိချိန်မှာ ရန်သူဘက်ကို လှည့်မကြည့်တော့ပဲ မျက်နှာလွှဲထားကြတယ်…။
ဒါဟာ ရန်သူအပေါ်အထင်သေးလို့ မဟုတ်သလို
ကိုယ့်ကိုကိုယ်ယုံကြည်မှုလွ န်ကဲတာလည်းမဟုတ်ဘူး…
တစ်သက်လုံးလေ့ကျင့်လာခဲ့တဲ့ သူ့လက်ဆကို
(တိကျသေချာစွာ) သိမှုဖြစ်တယ်…။
[င]
ဆရာဟာ တပည့်တွေအပေါ် သူတို့ထက်
ပိုသာလွန်ကောင်းမွန်တဲ့ လူသားတွေဖြစ်ဖို့ သွန်သင်မျှော်လင့်ကြတယ်…။
ဒါဟာ တပည့်တွေဆီက အကျိုးမြတ်ကြီးကြီးပြန်ရချင်လို့
မဟုတ်ဘူး…
ပိုကောင်းမွန်တဲ့လူ့လောကဖြစ်လာဖို့
သူတို့ကြိုးပမ်းမှု ဖြစ်တယ်…
တနည်း
သရက်ပင်စိုက်တဲ့ အဖိုးအိုလိုမျိုး
သေပြီးနောက် ယူသွားချင်တာထက်
မသေခင် ချန်ထားခဲ့ချင်တဲ့
သူရှင်သန်ခဲ့ရာ လောကအပေါ် တာဝန်သိမှုဖြစ်တယ်…။
[စ]
ဘာသာမဲ့အဖိုးအိုတစ်ယောက် သေခါနီး ဘယ်ဘုရားမှ
မတိုင်တည်ဘဲ အေးအေးချမ်းချမ်း သေဆုံးသွားခဲ့တယ်!
ဒါဟာ ကိုးကွယ်ယုံကြည်မှုနဲ့ မဆိုင်ဘူး…
ပြည့်ပြည့်ဝဝ ကျေကျေနပ်နပ် သူ ရှင်သန်ခဲ့ရလို့ ဖြစ်တယ်…
ဥပမာ အဓိပ္ပါယ်ပြည့်ဝတဲ့ ဇာတ်ကားကောင်း တစ်ကားရဲ့ 'ပြီးပါပြီ 'စာတမ်းအထိုးကို
'တောက်'ခေါက်စရာ
'အဆက်'ရှိလေဦးမလား စသဖြင့်
နောက်ဆံတင်းစရာ မလိုတော့လောက်အောင်
ဇာတ်ကားအပေါ် ကျေနပ်အားရသွားတဲ့ ပရိတ်သတ်လိုမျိုး…။
#ကမ္ဘ္ဘာ္ဘသစ်တွေ့ရဖို့အာကာသထိ သွားမှမဟုတ်ပါဘူး…
#လက်ရှိကမ္ဘ္ဘာ္ဘကိုပဲအမြင်သစ် နဲ့ခင်ဗျားကြည့်လိုက်ပါ…
#ဒါဟာကုန်ကျစရိတ်အနည်းဆုံးက မ္ဘာသစ်ရှာနည်းလည်းဖြစ်တယ်…
လေးစားလျက်…။
Zar Ni Nyunt Lwin
====
(၁) ရွာသားအားလုံးဟာ မိုးရွာအောင်ဆုတောင်းကြဖို့
___ ဒါဟာ ကိုးကွယ်ယုံကြည်မှု ဖြစ်တယ်___
(၂) ကလေးငယ်တွေကို မိုးပေါ်မြှောက်လိုက်တဲ့အခါ သူတို့ ပျော်ရွှင်ကြတယ်။ သင်ဖမ်းလိမ့်မယ်လို့ သူတို့သိထားကြလို့ပါပဲ။
___ ဒါဟာ ယုံကြည်မှုဖြစ်တယ် ___
(၃) လူတိုင်းဟာ နောက်နေ့မနက်မှာ အသက်ရှင်ပြီးနိုးထမယ်ဆိုတာ မသေချာပဲနဲ့ ညတိုင်းကို နှိုးစက်ပေးပြီး အိပ်ယာဝင်ကြတယ်။
____ ဒါဟာမျှော်လင့်ချက် ဖြစ်တယ်___
(၄) ကျွန်တော်တို့ဟာ အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာမသေချာပဲနဲ့ မနက်ဖြန်အတွက် ကြီးမားတဲ့ အစီအစဉ်တွေချကြတယ်။
____ဒါဟာ မိမိကိုယ်ကို ယုံကြည်မှု ဖြစ်တယ်____
(၅) ခွဲခွါကြရလို့ ခံစားနေကြတာကိုသိတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လက်ထပ်ကြတယ်။ ကလေးတွေ မွေးဖွားကြတယ်။
____ဒါဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်___
(၆) အဖိုးအိုတစ်ယောက်ရဲ့ အင်္ကျီမှာ စာတစ်ကြောင်းရေးထားတယ်။ ငါဟာ အသက် ၈၀အရွယ် အိုမင်းနေတဲ့လူတစ်ယောက်မဟုတ
___ဒါဟာ လက်ခံယုံကြည်မှု ဖြစ်တယ်___
ဒီဥပမာ ၆ခုနဲ့ သင့်ဘဝကို ပျော်ရွှင်လှပအောင် တည်ဆောက်ပါ။
ငယ်ငယ်တုန်း စာသင်ချိန်မှာ ရှုးထွက်ကျတာကပြသနာ ကြီးတစ်ခု ဖြစ်ခဲ့ပေမယ့် အခုချိန်ပြန်တွေးမိရင် ပြုံးမိနေလိမ့်မယ်။ ဘာဖြစ်ဖြစ်ပြုံးဖြစ်အောင်ပြ
ဒါဟာ စိတ်လက်ပေါ့ပါးလွှတ်မြောက်မှု
#nayaung
……………………
ဖြန့်ထွက်တွေးမိခြင်း
================
[က]
ရွာသားတွေရဲ့ မိုးခေါ် ဆုတောင်းပွဲကို
မတက်တဲ့ လူငယ်တစ်ယောက်ရှိတယ်…
ဒါဟာ မိုးရွာခြင်း မရွာခြင်းနဲ့
ဆုတောင်းမှုဟာ လုံးဝ မသက်ဆိုင်ဘူးဆိုတာ
သိတဲ့ ပညာတတ်လူငယ်ရဲ့
ဆင်ခြင်တုံတရား အားကောင်းမှုဖြစ်တယ်…။
[ခ]
ကလေးတုန်းကလို မိုးပေါ်မြှောက်ပစ်ကြတာကို
အရွယ်ရောက်ပြီး လူငယ်တွေ မကြိုက်ကြတော့ဘူး…
ဒါဟာ လူလားမြောက်ပြီးသူတွေရဲ့
ကိုယ့်ကံကြမ္မာ တပါးသူအပေါ် ပုံအပ်မထားချင်တော့တဲ့ လွတ်လပ်ချင်စိတ်ဖြစ်တယ်…။
[ဂ]
လူတော်တွေဟာ စီးပွား ပညာ ကုသိုလ် အတွက် အချိန်တိုင်း လုံလပြုနေကြတယ်…
ဒါဟာသူတို့မသေတော့ဘူးထင်လို
တန်ဖိုးရှိရှိ ရှင်သန်သွားချင်စိတ်ကြောင့်
[ဃ]
ဂျပန်ဓါးသမားတွေဟာ တဖက်ရန်သူကို
မိမိရရ ခုတ်ပိုင်းမိချိန်မှာ ရန်သူဘက်ကို လှည့်မကြည့်တော့ပဲ မျက်နှာလွှဲထားကြတယ်…။
ဒါဟာ ရန်သူအပေါ်အထင်သေးလို့ မဟုတ်သလို
ကိုယ့်ကိုကိုယ်ယုံကြည်မှုလွ
တစ်သက်လုံးလေ့ကျင့်လာခဲ့တဲ့
(တိကျသေချာစွာ) သိမှုဖြစ်တယ်…။
[င]
ဆရာဟာ တပည့်တွေအပေါ် သူတို့ထက်
ပိုသာလွန်ကောင်းမွန်တဲ့ လူသားတွေဖြစ်ဖို့ သွန်သင်မျှော်လင့်ကြတယ်…။
ဒါဟာ တပည့်တွေဆီက အကျိုးမြတ်ကြီးကြီးပြန်ရချင
မဟုတ်ဘူး…
ပိုကောင်းမွန်တဲ့လူ့လောကဖြစ
သူတို့ကြိုးပမ်းမှု ဖြစ်တယ်…
တနည်း
သရက်ပင်စိုက်တဲ့ အဖိုးအိုလိုမျိုး
သေပြီးနောက် ယူသွားချင်တာထက်
မသေခင် ချန်ထားခဲ့ချင်တဲ့
သူရှင်သန်ခဲ့ရာ လောကအပေါ် တာဝန်သိမှုဖြစ်တယ်…။
[စ]
ဘာသာမဲ့အဖိုးအိုတစ်ယောက် သေခါနီး ဘယ်ဘုရားမှ
မတိုင်တည်ဘဲ အေးအေးချမ်းချမ်း သေဆုံးသွားခဲ့တယ်!
ဒါဟာ ကိုးကွယ်ယုံကြည်မှုနဲ့ မဆိုင်ဘူး…
ပြည့်ပြည့်ဝဝ ကျေကျေနပ်နပ် သူ ရှင်သန်ခဲ့ရလို့ ဖြစ်တယ်…
ဥပမာ အဓိပ္ပါယ်ပြည့်ဝတဲ့ ဇာတ်ကားကောင်း တစ်ကားရဲ့ 'ပြီးပါပြီ 'စာတမ်းအထိုးကို
'တောက်'ခေါက်စရာ
'အဆက်'ရှိလေဦးမလား စသဖြင့်
နောက်ဆံတင်းစရာ မလိုတော့လောက်အောင်
ဇာတ်ကားအပေါ် ကျေနပ်အားရသွားတဲ့ ပရိတ်သတ်လိုမျိုး…။
#ကမ္ဘ္ဘာ္ဘသစ်တွေ့ရဖို့အာကာသထိ
#လက်ရှိကမ္ဘ္ဘာ္ဘကိုပဲအမြင်သစ်
#ဒါဟာကုန်ကျစရိတ်အနည်းဆုံးက
လေးစားလျက်…။
Zar Ni Nyunt Lwin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။