အောင်မြင်သူတွေရဲ့ စာဖတ်အလေ့အကျင့်။
အရမ်းအောင်မြင်သူတွေမှာ တူညီတဲ့ အလေ့အကျင့်တစ်ခု ရှိကြတယ်။
အဲဒါ စာဖတ်ခြင်းပါ။
တခါမှာ လူတစ်ယောက်က စတော့ရှယ်ယာ ဂုရုကြီးလို့ နာမည်ကြီးတဲ့ Warren Buffet (ပိုင်ဆိုင်မှု US $67 billion) ကို ကြီးပွားချမ်းသာချင်လို့ ဘာလုပ်ရမလဲလို့ မေးတယ်။ သူက သူ့စာကြည့်ခန်းထဲက စာအုပ်စင်ကို လက်ညိုးထိုးပြပြီး ခုလို ပြောတယ်။ "တနေ့ကို စာမျက်နှာ ၅၀၀ အထိ စာဖတ်ပါ။ အဲဒီကမှ knowledge ရမှာပါ။ knowledဆိုတာ နှစ်ထပ်တိုးလိုပဲ။ နဲနဲသိလာလေ ပိုပိုပြီး သိလာလေပါပဲ။ ဒါပေမဲ့ ငါပြောတဲ့အတိုင်း လုပ်တဲ့သူ အလွန်ကို နည်းတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့်လဲ ကြီးပွားအောင်မြင်သူ အလွန့်ကိုနည်းပါးတာပေါ့" တဲ့။
တကယ်လဲ Warren Buffet ဟာ စာအရမ်းဖတ်သူပါ။ သူ စတော့ရှယ်ယာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ စတင်လုပ်ချိန်ကတဲက တနေ့ကို စာမျက်နှာ ၆၀၀ နဲ့ ၁,၀၀၀ ကြား နေ့တိုင်း စာဖတ်လေ့ရှိတယ်။ သူ ဘယ်လောက် အလုပ်များများ တနေ့ကို အနည်းဆုံး ၅ နာရီလောက်စာဖတ်လေ့ရှိခဲ့တယ် ။
သူ့လို စာအရမ်းဖတ်ပြီး အရမ်းအောင်မြင်သူ တစ်ချို့ကို ပြောရမယ်ဆိုရင် -
Bill Gates (Microsoft software နဲ့ ချမ်းသာပြီး ယနေ့ ပိုင်ဆိုင်မှု US $83 billion) ဟာ တစ်နှစ်ကို စာအုပ် ၅၀ ( တစ်ပါတ်ကို တစ်အုပ်နူန်း) စာဖတ်တယ်။
Mark Cuban (NBA ဘတ်စကက်ဘောအသင်း၊ ရုပ်ရှင်နဲ့ တီဗွီကုမ္ပဏီတွေပိုင်ပြီး ယနေ့ပိုင်ဆိုင်မှု US $3 billion) ဟာ နေ့စဉ် ၃ နာရီကြာ စာဖတ်လေ့ရှိတယ်။
Elon Musk (SpaceX, PayPal စတဲ့ ကုမ္ပဏီများပိုင်ပြီး ယနေ့ပိုင်ဆိုင်မှု US $12.7 billion) ဟာ စာအလွန်ဖတ်တယ်။ သူကို space သွားတဲ့ ဒုံးပျံတွေ တည်ဆောက်တာကို ဘယ်လိုတတ်လာသလဲလို့ မေးတော့ သူက စာအုပ်တွေ အများကြီး ဖတ်တယ်လို့ ရိုးရိုးလေး ပြောခဲ့ပါတယ်။
Mark Zuckerberg (Facebook တီထွင်သူ နဲ့ ယနေ့ ပိုင်ဆိုင်မှု US $51.2 billion) က ၂၀၁၅ ခုနှစ်တုံးက ပြောခဲ့တယ်။ တပါတ်ကို အနည်းဆုံး စာအုပ် ၂ အုပ်ဖတ်ဖို့ ဆုံးဖြတ်ထားတယ်တဲ့။
Oprah Winfrey (Oprah Winfrey Show တီဗွီစီးရီးတွေမှာ စကားပြောရင်း အောင်မြင်ကြီးပွားသွားတဲ့ အမေရိကန် လူမည်းအမျိုးသမီး - ပိုင်ဆိုင်မှု US $3.1 billion) ဟာ သူ့စာဖတ်မိတ်ဆွေတွေအတွက် တစ်လကို စာအုပ်တစ်အုပ်ကို ရွေးချယ်ပေးပြီး အတူစာဖတ်ဆွေးနွေးလေ့ရှိတယ်။
ဒါက တချို့ကိုပဲ ဥပမာအဖြစ် ထုတ်ပြလိုက်တာပါ။ ကြီးပွားချမ်းသာသူ ၁,၅၀၀ ကို လေ့လာလိုက်တဲ့အခါ သူတို့အားလုံးဟာ အားလပ်ချိန်မှာ စာဖတ်ခြင်းနဲ့ အချိန်ကုန်ကြသူတွေ ဖြစ်ကြတယ်ဆိုတာ တွေ့ရတယ်။
နောက်ထပ်တွေ့ရှိချက်က သူတို့ဟာ အပျော်ဖတ်စာအုပ်တွေကို မဖတ်ကြပါ။ ဗဟုသုတနဲ့ အသိဉာဏ်ပညာပေးတဲ့ စာအုပ်တွေကို ရွေးချယ်ဖတ်ကြတယ်။ အထူးသဖြင့် အောင်မြင်သူတွေအကြောင်းကို ရေးထားတဲ့ အထုပ္ပတိစာအုပ်တွေကို သူတို့အတွက် စိတ်ဓါတ်မြင့်တင်ရေးနဲ့ နည်ပေးလမ်းညွှန်စာအုပ်အဖြစ် မှတ်ယူဖတ်ရှုကြတယ်တဲ့။
သင်ရော သူတို့လို မကြီးပွားချင်ဘူးလား။ သိတ်မှန်တဲ့ အင်္ဂလိပ်စကားပုံလေး တစ်ခုရှိပါတယ်။ There is no such thing as something for nothing. အဓိပ္ပါယ်က လောကကြီးမှာ ဘယ်ဟာမှ အလကား မရပါဘူး။ တခုခုကို လိုချင်ရင် တခုခုကိုတော့ ပေးဆပ်ရမှာပဲတဲ့။
ဒီတော့ အောင်မြင်ချင်ရင်၊ ကြီးပွားချမ်းသာချင်ရင် စာဖတ်ပါ။
မှတ်ချက်။ The Mission မဂ္ဂဇင်းမှာပါတဲ့ Andrew Merle ရဲ့ ဆောင်းပါးတစ်ပုဒ်ကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၁၇-၀၇-၂၀၁၆
အရမ်းအောင်မြင်သူတွေမှာ တူညီတဲ့ အလေ့အကျင့်တစ်ခု ရှိကြတယ်။
အဲဒါ စာဖတ်ခြင်းပါ။
တခါမှာ လူတစ်ယောက်က စတော့ရှယ်ယာ ဂုရုကြီးလို့ နာမည်ကြီးတဲ့ Warren Buffet (ပိုင်ဆိုင်မှု US $67 billion) ကို ကြီးပွားချမ်းသာချင်လို့ ဘာလုပ်ရမလဲလို့ မေးတယ်။ သူက သူ့စာကြည့်ခန်းထဲက စာအုပ်စင်ကို လက်ညိုးထိုးပြပြီး ခုလို ပြောတယ်။ "တနေ့ကို စာမျက်နှာ ၅၀၀ အထိ စာဖတ်ပါ။ အဲဒီကမှ knowledge ရမှာပါ။ knowledဆိုတာ နှစ်ထပ်တိုးလိုပဲ။ နဲနဲသိလာလေ ပိုပိုပြီး သိလာလေပါပဲ။ ဒါပေမဲ့ ငါပြောတဲ့အတိုင်း လုပ်တဲ့သူ အလွန်ကို နည်းတယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့်လဲ ကြီးပွားအောင်မြင်သူ အလွန့်ကိုနည်းပါးတာပေါ့" တဲ့။
တကယ်လဲ Warren Buffet ဟာ စာအရမ်းဖတ်သူပါ။ သူ စတော့ရှယ်ယာနဲ့ ရင်းနှီးမြုပ်နှံမှုတွေ စတင်လုပ်ချိန်ကတဲက တနေ့ကို စာမျက်နှာ ၆၀၀ နဲ့ ၁,၀၀၀ ကြား နေ့တိုင်း စာဖတ်လေ့ရှိတယ်။ သူ ဘယ်လောက် အလုပ်များများ တနေ့ကို အနည်းဆုံး ၅ နာရီလောက်စာဖတ်လေ့ရှိခဲ့တယ်
သူ့လို စာအရမ်းဖတ်ပြီး အရမ်းအောင်မြင်သူ တစ်ချို့ကို ပြောရမယ်ဆိုရင် -
Bill Gates (Microsoft software နဲ့ ချမ်းသာပြီး ယနေ့ ပိုင်ဆိုင်မှု US $83 billion) ဟာ တစ်နှစ်ကို စာအုပ် ၅၀ ( တစ်ပါတ်ကို တစ်အုပ်နူန်း) စာဖတ်တယ်။
Mark Cuban (NBA ဘတ်စကက်ဘောအသင်း၊ ရုပ်ရှင်နဲ့ တီဗွီကုမ္ပဏီတွေပိုင်ပြီး ယနေ့ပိုင်ဆိုင်မှု US $3 billion) ဟာ နေ့စဉ် ၃ နာရီကြာ စာဖတ်လေ့ရှိတယ်။
Elon Musk (SpaceX, PayPal စတဲ့ ကုမ္ပဏီများပိုင်ပြီး ယနေ့ပိုင်ဆိုင်မှု US $12.7 billion) ဟာ စာအလွန်ဖတ်တယ်။ သူကို space သွားတဲ့ ဒုံးပျံတွေ တည်ဆောက်တာကို ဘယ်လိုတတ်လာသလဲလို့ မေးတော့ သူက စာအုပ်တွေ အများကြီး ဖတ်တယ်လို့ ရိုးရိုးလေး ပြောခဲ့ပါတယ်။
Mark Zuckerberg (Facebook တီထွင်သူ နဲ့ ယနေ့ ပိုင်ဆိုင်မှု US $51.2 billion) က ၂၀၁၅ ခုနှစ်တုံးက ပြောခဲ့တယ်။ တပါတ်ကို အနည်းဆုံး စာအုပ် ၂ အုပ်ဖတ်ဖို့ ဆုံးဖြတ်ထားတယ်တဲ့။
Oprah Winfrey (Oprah Winfrey Show တီဗွီစီးရီးတွေမှာ စကားပြောရင်း အောင်မြင်ကြီးပွားသွားတဲ့ အမေရိကန် လူမည်းအမျိုးသမီး - ပိုင်ဆိုင်မှု US $3.1 billion) ဟာ သူ့စာဖတ်မိတ်ဆွေတွေအတွက် တစ်လကို စာအုပ်တစ်အုပ်ကို ရွေးချယ်ပေးပြီး အတူစာဖတ်ဆွေးနွေးလေ့ရှိတယ်။
ဒါက တချို့ကိုပဲ ဥပမာအဖြစ် ထုတ်ပြလိုက်တာပါ။ ကြီးပွားချမ်းသာသူ ၁,၅၀၀ ကို လေ့လာလိုက်တဲ့အခါ သူတို့အားလုံးဟာ အားလပ်ချိန်မှာ စာဖတ်ခြင်းနဲ့ အချိန်ကုန်ကြသူတွေ ဖြစ်ကြတယ်ဆိုတာ တွေ့ရတယ်။
နောက်ထပ်တွေ့ရှိချက်က သူတို့ဟာ အပျော်ဖတ်စာအုပ်တွေကို မဖတ်ကြပါ။ ဗဟုသုတနဲ့ အသိဉာဏ်ပညာပေးတဲ့ စာအုပ်တွေကို ရွေးချယ်ဖတ်ကြတယ်။ အထူးသဖြင့် အောင်မြင်သူတွေအကြောင်းကို ရေးထားတဲ့ အထုပ္ပတိစာအုပ်တွေကို သူတို့အတွက် စိတ်ဓါတ်မြင့်တင်ရေးနဲ့ နည်ပေးလမ်းညွှန်စာအုပ်အဖြစ် မှတ်ယူဖတ်ရှုကြတယ်တဲ့။
သင်ရော သူတို့လို မကြီးပွားချင်ဘူးလား။ သိတ်မှန်တဲ့ အင်္ဂလိပ်စကားပုံလေး တစ်ခုရှိပါတယ်။ There is no such thing as something for nothing. အဓိပ္ပါယ်က လောကကြီးမှာ ဘယ်ဟာမှ အလကား မရပါဘူး။ တခုခုကို လိုချင်ရင် တခုခုကိုတော့ ပေးဆပ်ရမှာပဲတဲ့။
ဒီတော့ အောင်မြင်ချင်ရင်၊ ကြီးပွားချမ်းသာချင်ရင် စာဖတ်ပါ။
မှတ်ချက်။ The Mission မဂ္ဂဇင်းမှာပါတဲ့ Andrew Merle ရဲ့ ဆောင်းပါးတစ်ပုဒ်ကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၁၇-၀၇-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။