Tun Lynn added 6 new photos.
တူရကီက ပေးတဲ့  သင်ခန်းစာ
===================
ယနေ့အတွက် စိတ်ဝင်စားစရာ သတင်းကတော့
သမ္မတ အပန်းဖြေ ခရီးသွားခိုက် တူရကီစစ်တပ်က အာဏာသိမ်းလိုက်တယ် . .
ဒီကိစ္စမှာ ပါဝင်တဲ့ စစ်သား ၁၂၀ ကို ဖမ်းဆီးလိုက်ပါပြီ . .
ပိုစိတ်ဝင်စားဖို့ ကောင်းတာက လူထုက လက်မခံဘဲ
လမ်းပေါ်ထွက်ပြီး တင့်ကားပေါ်တက် သိမ်းတာနဲ့ စစ်သားတွေရဲ့ လက်နက်ကို သိမ်းတာ လုပ်တယ် .
ဒီမိုကရေစီရင်ပြင်မှာ စုရုံးပြီး အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်. .
တူရကီပြည်သူတွေက ကမ္ဘာကို ပေးလိုက်တဲ့ သတင်းစကားက
ငါတို့က ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေဖြစ်တဲ့တွက် ဒီမိုကရေစီစံနစ်အရ
ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို အကာကွယ်ပေးတာ ဖြစ်တယ်
လက်နက်ကိုင်ထားတဲ့ လူတစ်ခုကို ကြောက်ရွံ့စရာ မလိုဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ် . .
. . . . . . .
မြန်မာစကားပုံက ပြောတဲ့ . .
ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဆိုတာက . . .
အခု တူရကီက ဖွတ် အကောင် ၁၂၀ က သူတို့ကို သူတို့ မိကျောင်းထင်နေတာ .
အခု ဖမ်းပြီး ထောင်ထဲထည့်မှ ဖွတ်မှန်း သိမယ် ထင်ပါရဲ့ဗျာ . .
စစ်ဗိုလ်ချုပ်ဖြစ်တာနဲ့ အာဏာသိမ်းချင်တာ
လက်နက်ရှိတာနဲ့ လက်နက်မဲ့ကို အနိုင်ကျင့်ချင်တာ အရိုင်းစိုင်း တိရိစ္ဆာန် တွေရဲ့ စိတ်ဓာတ် သာဖြစ်တယ် . .
ဖွတ်တွေကို အကောင် မကြီးစေနဲ့
အကောင်ကြီးရင် သူတို့ကို သူတို့ မိကျောင်းထင်နေမယ် . . . .
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။