Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 7, 2016

"တသက်လုံးမုန့်ဟင်းခါးချက်တော့ မှာလား ..."

"တသက်လုံးမုန့်ဟင်းခါးချက်တော့ မှာလား ..."


တစ်ခါတုန်းက ကောင်လေးတစ်ယောက်မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်..
သူက မုန့်ဟင်းခါးကို ကျကျ နနချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်...


စားကောင်းလွန်းအားကြီးတော့သူ့ မုန့်ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ်
သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ် သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...


ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်
ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့သူ့မှာပါလာတဲ့ ဂီတာထိုင်တီးတယ်...


ကောင်လေးက ဂီတာထိုင်တီးတာ ဝါသနာပါတယ် ဒါပေမဲ့ ပညာရှင်တစ်ယောက်လို
တီးတတ်တာတော့ မဟုတ်ဘူး သို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့် တော့တီးတတ်တယ်...


အဲ့တော့ သူဂီတာထိုင်တီးနေတုန်းမှာဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ် ဟိုသီချင်းလေးတီးပြပါ ဒီသီချင်းလေးတီးပြပါပေါ့ ..


သူကလည်း ကြိုးကြိုးစားစားနဲ့ တီးပြတယ်လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး
ဂီတာကို ဘယ်သီချင်းတွေ နဲ့တီးရမလဲပဲ စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...


မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့ ဂီတာထိုင်တီးတာကိုပဲသာယာပြီး ပျော်မွေ့နေတယ်...


အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်အရင်လို မရောင်းရတော့ဘူး
ဂီတာကလည်း ပညာရှင်အဆင့်မဟုတ်ဘူး
ဒီအတိုင်း ဝါသနာရှင်အဆင့် တီးတတ်ရုံဆိုတော့အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး
နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...


ပုံပြင်ရဲ့ ဆိုလိုရင်းကတော့ ဥပမာ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်ဆိုပါစို့

အင်ဂျင်နီယာအလုပ်နဲ့ ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက လစာရတယ် အဲဒါချက်လို့ရတဲ့ မုန့်ဟင်းခါးပဲ...


နောက် Facebook ပေါ်မှာ စာရေးတယ်တချို့တွေ ချီးကျူးကြတယ်
အဲဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက ကျွန်တော့်အတွက်ဂီတာတီးတဲ့အလုပ်ပဲ...


Facebook ပေါ်မှာ စာရေးတဲ့ ဂီတာတီးတာကို
သာယာပြီး တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့ မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့ ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင် ဘယ်ဘဝရောက်သွားမယ်ထင်လဲ...


ကိုယ့်ဘာသာကိုယ် စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က ဘာလဲ
ငါ့ရဲ့ဂီတာတီးတဲ့အလုပ်က ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါဂီတာထိုင်တီး နေတာလားပေါ့...

1.
တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ဂီတာတီးလည်း တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...

2.
တချို့ကျတော့လည်း အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ဂီတာပြောင်းတီးတယ်။ ဂီတာတီးရတာကိုလဲ ဝါသနာပါတယ်။
ဒါဆိုရင်ဂီတာကို သေချာလေ့လာသင်ယူပြီး တီးတော့
ပညာရှင်အဆင့်ဖြစ်အောင်သွားပါ။
အဲ့ဒါနဲ့ အသက်မွေးသွားတာမျိုး ရနိုင်ပါတယ်...

3.
ဆိုလိုတာက မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း သေချာချက်
မဟုတ်ရင်လည်း ဂီတာကို သေချာတတ်အောင်လုပ်
အရေးကြီးတာက ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့ မသာယာမိစေနဲ့ပေါ့...

4.
ဒီလိုမှမဟုတ်ဘဲ မုန့်ဟင်းခါးလည်း အာရုံမစိုက်
ဂီတာကိုလည်း သေချာမတီးတတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...

စွန့်စားမှု (RISK) ဆိုတာကနေရာတိုင်းမှာရှိပါတယ်...
အလုပ်တစ်ခုရှိတိုင်းလဲ ကျေနပ်နေလို့မရပါဘူး


အပြောင်းအလဲတွေဖြစ်လာတဲ့(အသက်အရွယ်၊ လူကြီးလူငယ်အခွင့်အရေးနှင့် လစာကွာခြားမှု အစရှိသည်ဖြင့်) အခါအချိန်မရွေး အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။


ကျွန်တော်ဆိုလိုချင်တဲ့ အခြားလိုရင်းကတော့ "တသက်လုံးမုန့်ဟင်းခါးချက်တော့ မှာလား?"

တသက်လုံး သူများအလုပ် (ကိုယ်အမှန်တကယ် ဝါသနာ မပါတဲ့)မှာ ပဲ နေတော့မှာလား ?


"If you don't build your dream, someone will hire you to help build theirs"
ကိုယ်ဝါသနာပါတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု မစတင်ရဲဖူးဆိုရင် သူများလုပ်ငန်းမှာပဲ ဝန်ထမ်းဘဝနဲ့ပဲ တစ်သက်လုံးနေသွားရပါလိမ့်မယ်..


အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက ပုံပြင်လေးကို
ကိုးကားပြီ: ဖြည့်စွက်ရေးသားထားတာဖြစ်ပါတယ်
(အရေးအသားလိုအပ်ပါက ကျွန်တော်၏ အားနဲမှုဖြစ်ပြီး ကြိုးစားသွားပါမယ် ခင်ဗျာ)


ကိုယ့်ဘဝရဲ့အဓိကနဲ့ သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ ...

Pyay Khai
6.July.2016

Ref:#WaiPhyoMaung

========================================

Upcoming event from MEI:

"သာမန်ဝန်ထမ်းအလုပ်ကို စွန့်ခွါပြီး (၃) နှစ်အတွင်းမှာ six-figure business (ဒေါ်လာ သိန်းဂဏန်း) တစ်ခု တည်ထောင်ထားသော စွန်.ဦးတီထွင်သူ လုပ်ငန်းရှင် Jack HM Wong" ကိုယ်တိုင် သင်ကြားမည့်

" SECRETS OF CRACKING THE ENTREPRENEUR CODE " ( အောင်မြင်သောစွန့်ဦးတည်ထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့လျှို့ဝှက်ချက်များ ) သင်တန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်။


Normal price : ၅ သိန်း ၅ သောင်းကျပ်
New promotion : ၂ သိန်း ၂ သောင်းကျပ်


Training details:
https://www.facebook.com/myanmarexcellenceinstitute/videos/1712404492347548/


***Only Limited seats are available (Sign up NOW)***


Contact us: 09 4517 50051


Thank you.
MEI Team

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။