Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 7, 2016

ကလေးရရင် အလုပ်ထွက်ရမလား။

ကလေးရရင် အလုပ်ထွက်ရမလား။
..............................................
ကျွန်မ ကို အတွေးခေါင်သူ တစ်ယောက်လို့ ပဲ ပြောချင်ပြောပါတော့။ အိမ်ထောင်ပြုတော့မယ် လို့ စဉ်းစား မိတဲ့အချိန်မှာ ကလေးတွေရလာတဲ့ အခါ အလုပ်ဆက်လုပ်လို့ ရနိုင်ဦးမလား ဆိုတဲ့အတွေးဝင်လာပါတယ်။ အသက် ၃၀ ပတ်ဝန်းကျင်၊ ရာထူး၊ ၀င်ငွေ အသင့် အတင့် လည်းရှိ၊ ရည်မှန်းချက်တွေ ကလည်း ရှိနေသေးတော့ အလုပ်ထွက်ရမယ် ဆိုတဲ့ အတွေးက ကျွန်မ ကို ခြောက်လှန့် နေပါတယ်။ ဒါပေမယ့် တဖက်ကလည်း ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကလေးတွေ နဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကိုလည်း ထူထောင်ချင်နေသေးတယ်လေ။ ကျွန်မရဲ့ ကလေးတွေ ကိုလည်း ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် ပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက် လည်းဖြစ်ချင်ပါသေးရဲ့။
ဘယ်သူတွေက ဘယ်လို အကြံတွေ ပေးကြပါစေ၊ ခေါင်းမာတဲ့ကျွန်မက သိပ္ပံနည်းကျ လေ့လာ စမ်းသပ်ထားတာ မဟုတ်ရင် မယုံပြန်ဘူး။ ဒါနဲ့ ပဲ အိမ်ထောင်ပြုပြီး၊ ကလေးတွေယူတဲ့ အခါ အလုပ်ထွက်သင့် မထွက်သင့်၊ အလုပ်လုပ်တဲ့ မိခင်နဲ့ အိမ်မှာပဲ နေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ မိခင်၊ ဘယ်လို မိခင်မျိုးက ကလေးတွေရဲ့ အနာဂတ်ကို ပိုမိုကောင်းအောင် ပုံဖော်ပေးနိုင်မလဲ ဆိုတာတွေကို ရှာဖွေဖတ်ရှုမိပါတယ်။ စာတွေ မရေးဖြစ်တာ ကြာပေမယ့် ကျွန်မ ဖတ်မိတော့၊ သူများတွေကိုလည်း ဝေမျှပေးချင်ပြန်ရောလေ။ ဒါကြောင့် Education Digest Journal ရဲ့ ပရိတ်သတ် မေမေ များ အတွက် “ ကလေးရရင် အလုပ်ထွက် ရမလား” ဆိုတဲ့ ခေါင်းစဉ်လေးကို တင်ပြပေးလိုက်ပါတယ်။
အိမ်မှာ နေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ မိခင်တွေကို ပိုင်ဆိုင်ထားတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့ မိခင်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ဖြစ် သက်ရှိထင်ခြား မိခင်တစ်ယောက် ရှိနေယုံနဲ့ ကလေးတွေရဲ့ ဘ၀ ဟာ လုံခြုံနွေးထွေး နေပါပြီ။ အိမ်မှာ ပြုစုစောင့်ရှောက် ပေးတဲ့ မိခင် ရှိခြင်းဟာ လည်း ကလေးတွေ အတွက် အားသာချက်တွေ ရှိနေသလို၊ အလုပ်လုပ်တဲ့  မိခင်တွေဟာလည်း ကလေးတွေ အတွက် ကောင်းမွန်တဲ့ အချက်တွေ ရှိနေ သေးတဲ့အတွက် မိမိ စိတ်ကြိုက် ဆုံးဖြတ်နိုင်ရန် အတွက် ၂ မျိုးလုံးကို တင်ပြပေးလိုက်ပါတယ်။
၁။ အိမ်မှာ နေပြီး ကလေးကို ပြုစုစောင့်ရှောက်သော မိခင်ကို ပိုင်ဆိုင်ခြင်း ၏ အားသာချက်များ။
မိခင် အလုပ်သွားတဲ့အခါမှာ ကလေးငယ်ကို နေ့ ကလေးထိန်းကျောင်းမှာ ထားခဲ့ခြင်း (သို့ မဟုတ်) အချိန်ပိုင်း သူနာပြု တစ်ယောက်နှင့် ထားခဲ့ရခြင်းမျိုးတွေ လုပ်ရပါတယ်။ ဒီလိုမျိုးတွေ ပြုလုပ်တဲ့အခါမှာ ကလေးငယ်ကို တာဝန်ယူတဲ့ သူနာပြုဆရာမ အပြောင်းအလွဲတွေ ဖြစ်တဲ့အခါမှာ သူနာပြုဆရာမ အသစ်နဲ့ ကလေးငယ် နေသားကျဖို့ အချိန်ယူရတာမျိုးတွေ ရှိပါတယ်။ မိခင်ကိုယ်တိုင် ကလေးကို အချိန်ပြည့်စောင့်ကြည့်တဲ့အခါမှာတော့ ကလေးအနေနဲ့ အမေတစ်ယောက်တည်းရဲ့ ပြုစုစောင့်ရှောက်မှုကိုရတဲ့အတွက် နေသားကျဖို့ အချိန်ယူစရာမလိုတော့ဘဲ ကလေးငယ် အတွက် ပိုမို သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို ရရှိနိုင်ပါတယ်။ မိဘတွေ အနေနဲ့ ကလေးငယ်ရဲ့ လုံခြုံ မှု အတွက် စိုးရိမ်ပူပင်ရတာတွေလည်းလျော့ကျနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကလေးငယ် ရဲ့ အပြောင်းအလဲတွေ အားလုံး ကို ပထမဆုံးမြင်တွေ့ ရတဲ့သူဟာ မိခင်ဖြစ်တဲ့ အတွက် သူ့ ရဲ့ အပြောင်း အလဲတွေ အားလုံးကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် ပြုစုစောင့်ရှောက်ပြီး မွေးမြူထားတဲ့ ကလေးဖြစ်တဲ့အတွက် ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြီးပြင်းလာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ကလေးအနေနဲ့ မိခင် ပြင်ဆင်ချက်ပြုတ်ကျွေးမွေးသော အစားအစာများနှင့် သူ့ ရဲ့ငယ်ဘ၀ကို အမှတ်ရစေနိုင်ပါတယ်။
၂။ အလုပ်လုပ်သော မိခင်များကို ပိုင်ဆိုင်ထားသော ကလေးငယ်များ၏ အားသာချက်များ
အလုပ်လုပ်တဲ့ မိခင်တွေ အနေနဲ့ ကတော့ ကလေးတွေ ငယ်ရွယ်စဉ်မှာ တော်တော် ကသိကအောက်နိုင်ပါတယ်။ ညဘက်တွေမှာ ကလေးက ကောင်းကောင်း မအိပ် ပေမယ့် မနက်မှာ ကိုယ်က စောစော ရုံးသွားရမှာ မို့ လို့ အိပ်ယာ စောစော ထရတဲ့အတွက် အိပ်ရေးပျက်ခြင်းတွေကို ကြုံတွေ့ ရနိုင်ပါတယ်။ အိမ်မှာ ကလေးကိုပြုစုစောင့်ရှောက်ပေးမယ့် မိသားစုဝင်တွေရှိနေရင် ပြသနာမရှိနိုင်ပေမယ့်၊ မိသားစုဝင်တွေ မရှိတဲ့အခါမှာ ကလေးငယ်ငယ်လေးကို သူစိမ်းလက်ထဲမှာ ထားခဲ့ရတဲ့အတွက် စိုးရိမ်ပူပင်မှုတွေရှိရသလို၊ အလုပ် ရဲ့ စိတ်ဖိဆီးမှုတွေပါရှိနေတဲ့ အတွက် တော်တော် သောကများနိုင်ပါတယ်။ ကလေးနေမကောင်းဖြစ်တဲ့အခါ မှာ ကိုယ်က အရေးတကြီး ကိစ္စတွေရှိနေလို့ ရုံးကိုရောက်နေရင်တောင် ကလေးကို စိတ်မချတဲ့ စိတ်ကြောင့် အလုပ်မှာ ထိခိုက်တာမျိုးတွေထိပါဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ကလေးငယ်တဲ့ အချိန်မှာ ခံစားရတဲ့ ပင်ပန်းမှုတွေ၊ စိုးရိမ်ပူပင်မှု၊ စိတ်ဖိဆီးမှုတွေနဲ့ ဆုံးရှုံးမှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့မယ်ဆိုရင်တော့ အလုပ်လုပ်တဲ့မိခင်တွေဟာ ကလေးငယ် ဘ၀ရှေ့ရေးအတွက် အထောက်အပံ့တွေ အမြောက်အမြားပေးစွမ်းနိုင်တယ်ဆိုတာကို လေ့လာတွေ့ ရှိချက်တွေ အရသိရှိရပါတယ်။ အရေးကြီးတာကတော့ Work-Life-Balance လို့ ခေါ်တဲ့ လုပ်ငန်းခွင် နဲ့ မိသားစုကြားထဲမှာ ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ တော့ လိုတာပေါ့။
(က) စံပြမိခင်
ဟားဗတ် စီးပွါးရေး တက္ကသိုလ် (Harvard Business School) မှ လေ့လာတွေ့ ရှိချက်တစ်ခုအရ အလုပ်လုပ်သော မိခင်တွေ ကိုပိုင်ဆိုင်ထားတဲ့ ကလေးငယ်တွေ ဟာ အရွယ်ရောက်တဲ့ အခါမှာ အလုပ်အကိုင် ကောင်းကောင်းတွေ၊ ၀င်ငွေကောင်းကောင်းတွေကို ရရှိတတ်ကြသလို၊ နွေးထွေးတဲ့ မိသားစုဘ၀ကိုလည်း ပိုင်ဆိုင်နိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ သူတို့ ရဲ့ မိခင်တွေကို စံနမူနာ ယူပြီး ကြီးပြင်းလာလို့ ပါတဲ့။ သူတို့ ဟာ ယောက်ျားတွေက ၀င်ငွေရှာရပြီး မိန်းမတွေ က အိမ်မှုကိစ္စလုပ်ရတယ်ဆိုတဲ့ ရှေးရိုးအစဉ်အလာတွေကို ဆန့် ကျင်ကြသူတွေဖြစ်လာနိုင်ပါတယ်။ မိန်းကလေးတွေဟာ အချိန်တန် အရွယ်ရောက်ရင် အိမ်ထောင်ပြု၊ ကလေးမွေးရမယ်ဆိုတဲ့ ရှေးရိုးလမ်းစဉ်ကို ဆန့် ကျင်ပြီး သူတို့ ဘ၀အတွက် ကောင်းမွန်တဲ့ အသက်မွေးလမ်းကြောင်းအတွက် စွမ်းဆောင်နိုင်သူတွေဖြစ်လာနိုင်သလို၊ ယောက်ျားလေးတွေ အနေနဲ့ ကလည်း အိမ်မှုကိစ္စတွေကို မိန်းမတွေကသာလျှင် လုပ်ရမယ်ဆိုတဲ့ အတွေး ကို ဖယ်ရှားနိုင်ပြီး နွေးထွေးတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်သူတွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေကမွေးဖွါးလာတဲ့ သားယောက်ျားလေးတွေဟာ သူတို့ ရဲ့ အိမ်ထောင်ဖက်ကိုလည်း အလုပ်လုပ်ပြီး ထက်မြက်တဲ့ မိန်းကလေး တွေကိုသာ ရွေးချယ်တတ်ကြတယ်တဲ့။
(ခ) ဦးဆောင်မှု စွမ်းရည်မြင့်တက်ခြင်း
အိမ်မှာနေပြီး ကလေးငယ်ကို ပြုစုစောင့်ရှောက်ပေးတဲ့ မိခင်တွေ အနေနဲ့ ကလေးငယ်တွေကို အစစ အရာရာ လိုက်လုပ်ပေးနေနိုင်ပေမယ်.၊ အလုပ်လုပ်တဲ့ မိခင်တွေကြတော့ သူတို့ ကလေးငယ်တွေကို ကိစ္စတော်တော်များများ မိမိ လိုက်မလုပ်ပေးနိုင်တဲ့ အတွက် သူတို့ ဘာသာ လုပ်တတ်အောင်သင်ပေးထားရပါတယ်။ ဒါလို သင်ပေးထားခြင်းအားဖြင့် ကလေးငယ်ကြီးပြင်းလာတဲ့ အခါမှာ အမှီအခိုကင်းခြင်း၊ ဦးဆောင်နိုင်ခြင်းတွေကိုပေးစွမ်း နိုင်ပါတယ်တဲ့။ ဒါတင် မကသေးပါဘူး သူတို့ ဟာ မိမိ ကိုယ်ကို အားကိုးတတ်သူ၊ လူကြားသူကြား မှာ စကားပြောဖို့ မကြောက်ရွံ့သူတွေလည်းဖြစ်လာနိုင်ပါသေးတယ်။
(ဂ) တန်ဖိုး ရှိသော မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်ခြင်း
အလုပ်လုပ်တဲ့မိခင်တွေဟာ ကလေးငယ်နဲ့ တွေ့ ရတဲ့အချိန်နည်းတာကြောင့် သူတို့ ဟာ ရတဲ့အချိန်ခဏကို အကျိုးရှိအောင် အသုံးပြုကြပါတယ်။ ကလေးငယ်နဲ့ အတူရှိရတဲ့ အချိန်ခဏမှာ ပိုမိုရင်းနှီးအောင်ကြိုးစားကြသလို၊ နွေးထွေးတဲ့မိသားစုဘ၀ကိုလည်းရရှိအောင်ဖန်တီးကြပါတယ်။ ဒါကြောင့် အိမ်မှာ အတူတူနေပြီး အမေနဲ့ ကလေး တကျက်ကျက်ရန်ဖြစ်နေတာထက်၊ အလုပ်လုပ်ပြီး ရတဲ့ ခဏကို အကျိုးရှိအောင် အသုံးပြုပေးခြင်းဟာ ကလေးငယ်အတွက် ပိုမိုပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘ၀အမှတ်တရတွေကို ဖန်တီးပေးနိုင်ပါတယ်။
(ဃ) ကလေးကို ပိုမို ထိရောက်စွာ လမ်းညွှန်နိုင်ခြင်း
အလုပ်လုပ်နေတဲ့ မိခင်တွေဟာ လက်အောက်ငယ်သားတွေကို ဦးဆောင်ရခြင်း၊ လုပ်ငန်းခွင် မှ လူများနှင့် ထိတွေ့ ဆက်ဆံရခြင်း၊ ပတ်ဝန်းကျင် နှင့် အဆက်မပြတ်ခြင်း၊ ခေတ်ရေစီးကြောင်း နှင့် အမှီလိုက်နိုင်ခြင်းတွေကြောင့် ကလေးငယ်တွေရဲ့ အနာဂတ်ကို လမ်းပြတဲ့အခါမှာ ပိုမိုထိရောက်မှုရှိပါတယ်။ ဒါတင်မကသေးပါဘူး မိမိကလေးငယ်ကို ဘယ်လို ဆုံးမရမယ်ဆိုတဲ့ နည်းလမ်းကိုလည်း ကောင်းကောင်း နားလည်နိုင်ပါတယ်။
(င) ကျောင်းတွင် ပိုမိုထူးချွန်သူများဖြစ်ခြင်း
လေ့လာတွေ့ ရှိချက်တွေ အရ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ ကလေးတွေဟာ ကျောင်းစာမှာရော၊ အပြုအမူ ပိုင်းမှာပါ ထူးချွန်သူတွေဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ အလုပ်လုပ်တဲ့ မိခင်ကို ပိုင်ဆိုင်ထားတဲ့ ကလေးငယ်တိုင်းဟာ ပြည့်စုံတဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုလိုခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အများစုဟာ ကျောင်းစာမှာ အမှတ်ကောင်းကြသလို၊ အပြုအမူပိုင်းမှာလည်း လိမ္မာသူတွေဖြစ်တတ်ကြပါတယ်။
အလုပ်လုပ်တဲ့ မိခင် အများစု စိတ်ပူတာက သူတို့ ဟာ ကလေးငယ်တွေကို အချိန်အများကြီး မပေးနိုင်တဲ့ အတွက် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ၊ အပြုအမူဆိုင်ရာ ပြသနာတွေရှိလာနိုင်တယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်ကစတင်ပြီး ပြုလုပ်လာတဲ့လေ့လာမှုတွေအရ အလုပ်လုပ်တဲ့ မိခင်တွေ ရဲ့ ကလေးငယ်တွေဟာ အိမ်မှာနေပြီး ကလေးငယ်တွေကို ပြုစုတဲ့ မိခင်တွေရဲ့ ကလေးတွေထက် စိတ်ပိုင်းဆိုင်ရာရော၊ အပြုအမူပိုင်းဆိုင်ရာမှာပါ ပိုမို ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိခင်တွေ ရဲ့ ပြုစုမှုကိုရရှိထားကြလို့ လေ။ အလုပ်မလုပ်ဘဲ အိမ်မှာ နေပြီး ကလေးတွေကိုပြုစုတဲ့ မိခင်အများစုဟာ စိတ်ကျ တတ်တယ်လို့ လဲ ဆိုထားပါတယ်။
(စ) ပိုမိုပြည့်စုံ တဲ့ အနာဂတ်ကို ပေးစွမ်းနိုင်ခြင်း
ဖခင်တစ်ယောက်တည်း ၀င်ငွေရှာတဲ့ မိသားစုထက်စာရင် မိခင်ရော၊ ဖခင်ပါ ၀င်ငွေရှိတဲ့ မိသားစုဟာ ကလေးငယ်ရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ ပိုမို ပြည့်စုံအောင်ဆောင်ရွက်နိုင်တယ်ဆိုတာကတော့ သံသယ ရှိစရာမလိုဘူးလို့ ထင်ပါတယ်။ မိခင် ကိုယ်တိုင်ဝင်ငွေ ရှာဖွေခြင်းဖြင့် မိမိ ကလေးအတွက် မိမိဖြည့်ဆည်းပေးချင်တဲ့ အရာတွေရှိတဲ့ အခါမှာ ခင်ပွန်း နှင့် အတိုက်အခံ ပြုလုပ်နေစရာ မလိုတော့ပါဘူး။
ကျွန်မဖတ် မိတဲ့ စာတွေအားလုံး ကို ခြုံငုံပြီး ပြောရရင်တော့ ကလေးငယ်ရွယ်စဉ်မှာ ဖြစ်ပေါ်တတ်တဲ့ အခက်အခဲတွေ ပင်ပန်းဆင်းရဲ မှုတွေကို ကြံ့ကြံ့ ခံနိုင်ခဲ့မယ်ဆိုရင် အလုပ်လုပ်တဲ့ မိခင်တွေ ဟာ အိမ်မှာနေပြီး ကလေးငယ်ကို ပြုစုမှု တစ်ခုပဲလုပ်ပေးတဲ့ မိခင်တွေထက် ပိုပြီး ကလေးငယ်ရဲ့ အနာဂတ်ကို ပိုမိုလှပအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီနေရာမှာ အလုပ်အကြောင်းကို တစ်ချက်တော့ ပြောဖို့ လိုမယ်ထင်တယ်။ အလုပ်ဆိုတာ ကုမ္မဏီ ကြီးမှာ မန်နေဂျာကြီး လုပ်နေမှ အလုပ်မဟုတ်ပါဘူး။ သမာအာဇီဝ ကျပြီး မိမိ မိသားစု ကို ထောက်ပံ့ပေးနိုင်တဲ့ အလုပ် မှန်သမျှ ဂုဏ်ရှိပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ့်ကလေးကို သိအောင်ပြောပြပြီး သူတို့ ဂုဏ်ယူတတ်အောင် သင်ပြပေးထားဖို့ ပဲလိုတာပါ။ မူရင်းရေးသားသူ ကို မသိပေမယ့် Facebook ပေါ်မှာ ကျွန်မ သဘောကျလို့ Share ဖြစ်တဲ့ စာသားလေးတစ်ခု ကို မျှဝေပါရစေ။ “ မိန်းမ တစ်ယောက်ရဲ့ ဘ၀မှာ စိတ်ချမ်းသာ စရာ အကောင်းဆုံး က ကိုယ့်လက် ကိုယ့်ခြေဖြင့် သမာအာဇီဝ ကျကျ ရှာဖွေနိုင်ခြင်းပါပဲ။ သူများအားကိုးနေတာထက် ကိုယ့်အားကိုယ်ကိုးပြီး ဘ၀ကိုလျှောက်လှမ်းရတာ မျက်နှာ ပိုမို ပွင့်လန်းပါလိမ့်မယ်။ မိမိ ဘ၀ရဲ့ ရှင်ဘုရင် သည် မိမိဘာသာ ဖြစ်နေပါစေ။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် မိမိရည်မှန်းချက်အတိုင်း အကောင်းဆုံး ပြုမူနေထိုင်ပါ။ ရည်မှန်းချက်ရှိတဲ့ မိန်းမဟာ အလှပ ဆုံးနဲ့ အတောက်ပဆုံးပါပဲ။ “
ကျွန်မ က အလုပ်လုပ်ချင်တဲ့ အမျိုးသမီး တစ်ယောက်မို့ လို့ အလုပ်လုပ်တာဟာ ပိုကောင်းကြောင်း ဆွဲ ပြီး ရေးတယ်လို့ တော့ မထင်စေချင်ပါဘူး။ ပျော်ရွှင် စရာကောင်းတဲ့ မိသားစုဘ၀ကို ၀င်ငွေကောင်းတဲ့ အလုပ်တစ်ခုထက် ကျွန်မပိုမက်မောပါတယ်။ ထူးချွန်ထက်မြက်တဲ့ ကလေးငယ်လေးတွေ ကို ပြုစုပျိုးထောင်ပေးဖို့ ကို ကျွန်မ ရဲ့ ရည်မှန်းချက်တွေထက်ပို တက်မက်ပါတယ်။ ဒါပေမယ့် ကျွန်မက ကျွန်မ ကလေးတွေကို အမှီအခိုကင်းကင်းနဲ့ မိမိကိုယ်ကို အားကိုးနိုင်သူတွေ၊ ထူးချွန်ထက်မြက်ပြီး ဦးဆောင်နိုင်သူတွေ၊ အကြောက်တရားကင်းပြီး ပြောရဲဆိုရဲ သူတွေ၊ စာမတော်ရင်တောင် သူတို့ မှာပါလာတဲ့ ပါရမီ တွေမှာ ထူးချွန်သူတွေ အဖြစ် ပြုစုပျိုးထောင် ချင်တာလေ။ ဒီတော့ ကျွန်မ ကလေးတွေ အတွက် ကျွန်မ က စံပြ မိခင် တစ်ယောက်ဖြစ်နေဖို့ အရေးကြီး ပါတယ်။ သူတို့ ဖြစ်ချင်တာတွေ ကို သင်ယူခွင့် ပေးနိုင်ဖို့ အတွက်လည်း ပုံမှန်ဝင်ငွေရှိနေဖို့ လိုသေးတယ်လေ။ ဒါကြောင့် ကျွန်မ အတွက်တော့ ကလေးရပြီးရင် အလုပ်ထွက်စရာ မလိုပါဘူး။ အလုပ်နဲ့ မိသားစု ဘ၀ ကို မျှမျှတတ အချိန်ပေးဖို့ ၊ ကျွန်မရဲ့ အချိန်တွေ စွမ်းအင်တွေကို သာ အကျိုး ရှိရှိ အသုံးချဖို့  ပဲလိုအပ်ပါတယ်။
Education Digest Journal ရဲ့ ပရိတ်သတ် မေမေ တွေကရော ကိုယ့်သားသမီးကို ဘယ်လို ပုံစံ ပျိုးထောင်ပေးချင်တာလဲ။
လေးစားစွာဖြင့်
မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
Published with Education Digest Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။