တစ်ခါက
တောအုပ်တစ်အုပ်ကို အုပ်စိုးတဲ့ ခြင်္သေ့တစ်ကောင်ရှိတယ်။ ခြင်္သေ့မှာ
သူ့တပည့်ဖြစ်တဲ့ တောခွေးတစ်ကောင်ရှိပါတယ်။ သူတို့ဟာ သားကောင်ကို
အတူတူလိုက်ကြတယ်။
အများသောအားဖြင့် ခြသေ့င်္ဟာ ဦးဆောင်အမဲလိုက်တဲ့အတွက် သားကောင်ရဲ့ အကောင်းဆုံး အပိုင်းတွေကို စားရပြီး တောခွေးကတော့ ကူညီပေးတဲ့အတွက် ခြသေ့င်္ရဲ့အကြွင်းအကျန်တွေကို စားရလေ့ရှိတယ်။
တစ်နေ့မှာတော့ ခြသေ့င်္ဟာ နာမကျန်းဖြစ်တဲ့အတွက် အမဲမလိုက်နိုင်ဘူး။ ဒါနဲ့ ခြင်္သေ့ဟာ သူ့တပည့် တောခွေးကို ခေါ်လိုက်တယ်။ သူနေမကောင်းတဲ့အတွက် အမဲမလိုက်နိုင်တဲ့အကြောင်း၊ အရမ်းဆာလောင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်သားကောင်ရှာပေးဖို့ လိုတဲ့အကြောင်း ပြောလိုက်တယ်။
တောခွေးဟာ သားကောင်ရှာဖို့ထွက်ခဲ့ရာမှာ နောက်ဆုံး မြည်းတစ်ကောင်နဲ့တွေ့တယ်။
"အဆွေ မြည်း ဒီတောရဲ့ဘုရင် အရှင်ခြင်္သေ့က သူ့လက်အောက်ခံအကြီးအကဲအနေနဲ့  သင့်ကို ခန့်ထားချင်တဲ့အတွက် သင်လိုက်တွေ့နိုင်မလား"လို့ တောခွေးက မြည်းကိုမေးလိုက်တယ်။
မြည်းဟာ ဒီစကားကြားတဲ့အခါ ငါတော့ အကြီးအကဲဖြစ်တော့မှာပဲလို့ ပျော်ရွှင်စွာတွေးတောပြီး တောခွေးနဲ့အတူ ခြင်္သေ့နေထိုင်တဲ့ ဂူဆီလိုက်သွားခဲ့ပါတယ်။
ဂူအထဲကိုရောက်တဲ့အခါမှာတော့ ခြင်္သေ့က မြည်းကို ကိုက်သတ်ပစ်လိုက်ပါတယ်။ မြည်းကို မစားခင်မှာရေဆာလာတဲ့အတွက် တောခွေးကို ခဏအစောင့်ထားပြီး ရေထွက်သောက်တယ်။
ခြသေ့င်္သွားနေတုန်းမှာပဲ တောခွေးဟာ အရသာအရှိဆုံးဖြစ်တဲ့ မြည်းရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ခြင်္သေပြန်လာလို့ မြည်းကိုစားတဲ့အခါ ဦးနှောက် ပျောက်နေတာကိုတွေ့တယ်။
ဒီအတွက် ခြင်္သေ့ကတောခွေးကို မေးလိုက်တယ်။
"တောခွေး ငါ့မြည်းရဲ့ ဦးနှောက် ဘယ်ရောက်သွားသလဲ"
တောခွေးက ပြန်ဖြေလိုက်တယ်။
"ဒီမြည်းသာ ဦးနှောက်ပါခဲ့ရင် ဒီဂူထဲကို ဘယ်ရောက်လာပါ့မလဲ အရှင်"
(moral stories) ကို ဘာသာပြန်ဆိုဖော်ပြပါသည်။
သင်ခန်းစာ
-----------
ပေးလာတဲ့ အခွင့်အရေးကို အမိအရယူတတ်ဖို့ လိုပါတယ်။
အင်အားကိုအသုံးပြုသူထက် ဉာဏ်ပညာကိုအသုံးပြုသူက အမြဲခြေတလှမ်းသာပါတယ်။
- မှတ်စုကြမ်း #nayaung
အများသောအားဖြင့် ခြသေ့င်္ဟာ ဦးဆောင်အမဲလိုက်တဲ့အတွက် သားကောင်ရဲ့ အကောင်းဆုံး အပိုင်းတွေကို စားရပြီး တောခွေးကတော့ ကူညီပေးတဲ့အတွက် ခြသေ့င်္ရဲ့အကြွင်းအကျန်တွေကိ
တစ်နေ့မှာတော့ ခြသေ့င်္ဟာ နာမကျန်းဖြစ်တဲ့အတွက် အမဲမလိုက်နိုင်ဘူး။ ဒါနဲ့ ခြင်္သေ့ဟာ သူ့တပည့် တောခွေးကို ခေါ်လိုက်တယ်။ သူနေမကောင်းတဲ့အတွက် အမဲမလိုက်နိုင်တဲ့အကြောင်း၊
တောခွေးဟာ သားကောင်ရှာဖို့ထွက်ခဲ့ရာမှ
"အဆွေ မြည်း ဒီတောရဲ့ဘုရင် အရှင်ခြင်္သေ့က သူ့လက်အောက်ခံအကြီးအကဲအနေနဲ
မြည်းဟာ ဒီစကားကြားတဲ့အခါ ငါတော့ အကြီးအကဲဖြစ်တော့မှာပဲလို့ ပျော်ရွှင်စွာတွေးတောပြီး တောခွေးနဲ့အတူ ခြင်္သေ့နေထိုင်တဲ့ ဂူဆီလိုက်သွားခဲ့ပါတယ်။
ဂူအထဲကိုရောက်တဲ့အခါမှာတော့
ခြသေ့င်္သွားနေတုန်းမှာပဲ တောခွေးဟာ အရသာအရှိဆုံးဖြစ်တဲ့ မြည်းရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ခြင်္သေပြန်လာလို့ မြည်းကိုစားတဲ့အခါ ဦးနှောက် ပျောက်နေတာကိုတွေ့တယ်။
ဒီအတွက် ခြင်္သေ့ကတောခွေးကို မေးလိုက်တယ်။
"တောခွေး ငါ့မြည်းရဲ့ ဦးနှောက် ဘယ်ရောက်သွားသလဲ"
တောခွေးက ပြန်ဖြေလိုက်တယ်။
"ဒီမြည်းသာ ဦးနှောက်ပါခဲ့ရင် ဒီဂူထဲကို ဘယ်ရောက်လာပါ့မလဲ အရှင်"
(moral stories) ကို ဘာသာပြန်ဆိုဖော်ပြပါသည်။
သင်ခန်းစာ
-----------
ပေးလာတဲ့ အခွင့်အရေးကို အမိအရယူတတ်ဖို့ လိုပါတယ်။
အင်အားကိုအသုံးပြုသူထက် ဉာဏ်ပညာကိုအသုံးပြုသူက အမြဲခြေတလှမ်းသာပါတယ်။
- မှတ်စုကြမ်း #nayaung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။