မိမိဘဝအောင်မြင်တိုးတတ်ဖို့ အတွက်အချက် ၅ချက်
။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။
၁။ မိမိအကြောင်း မိမိပိုသိရှိအောင်လုပ်ရမယ်
နေ့စဉ်နဲ့အမျှ မိမိတို့လုပ်ကိုင်ဆောင်ရွက် နေတဲ့ အမှုကိစ္စမှန်သမျှတို့အပေါ်တွ င် လက်လွတ်စပယ် အမှုမဲ့အမှတ်မဲ့မနေသင့်ပါဘူး။ တတ်နိုင်သလောက် သတိလေးချပ်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမှသာ
မိမိတို့ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခံစားနားလည်လာပါမယ်။ သိရှိလာတဲ့ အားသာချက်တွေအပေါ်မှာ ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်ရန်လိုသလို မိမိတို့အားနည်းချက်တွေကို အားသာတဲ့ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။
၂။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေရန် ဂရုစိုက်ရမယ်
ဘယ်လောက်ပဲ တော်နေတတ်နေတဲ့သူဖြစ်ပါစေ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုမရှိဘူးဆိုရင် အောင်မြင်တဲ့သူတစ်ယောက်လို့ သတ်မှတ်လို့မရပါဘူး။ အောင်မြင်အောင်ကြိုးစားနေတဲ့ သူအဖို့ဆိုရင်တော့ မရှိမဖြစ်ကို အလေးထားရမယ့်ကိစ္စလို့ဆိုရပါ မယ်။
ဒါကြောင့် အစားအသောက်ကို ဂရုစိုက်ဖို့လိုသလို ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းတို့ကိုလည်း တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်ကိုသုံးရက်လောက်
အနည်းဆုံး ပြုလုပ်ပေးရပါမယ်။
၃။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်လည်းကောင်းမွန်ရမယ်
အဆိုးမြင် ကုန်းတိုက် မနာလိုခြင်းတွေ ပြည့်နှက်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့တွေ ကြိုးစားရုန်းကန်နေရပါတယ်။ အစွန်းအထင်းတွေပေကျံသွားတဲ့ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ဆေးကြောသန့်စင်ဖို့လိုအပ်ပါ တယ်။ အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ မိမိကိုပြန်လည်ကုစားပေးမယ့် ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ထားဖို့လိုပါမယ်။ အဲ့ဒီပတ်ဝန်းကျင်လေးထဲကို မိမိကိုလိုလိုလားလားခင်မင်နှစ်သက်သူတွေ၊
မိမိလုပ်ဆောင်ချက်တွေအပေါ် အားပေးအားမြှောက် လမ်းညွန်ပဲ့ပင်ပေးသူတွေ၊ မိဘ၊
ဆရာသမား၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း စသူတွေကိုစုစည်းရပါမယ်။
ထိုပတ်ဝန်းကျင်လေးကို တစ်ပတ်အနည်းဆုံး တစ်ကြိမ်လောက် အချိန်ပေးသင့်ပါတယ်။
၎။ ရင့်ကျက်လာအောင် ဆောင်ရွက်ရမယ်
မိမိအားကျအတုယူရတဲ့သူတွေရဲ့ အကြောင်းတွေ၊ မိမိကိုစိန်ခေါ်မှုပေးနိုင်တဲ့အကြောင်းအရာတွေကို
အားလပ်ချိန်တွေမှာ ရှာဖွေလေ့လာဖတ်ရှူ့ရပါမယ်။ ဆရာကောင်းသမားကောင်းတွေ
ရှာဖွေဆည်းကပ်ရမယ်။ အရေးအကြီးဆုံးတစ်ချက်ကတော့ အိပ်ရေးဝအောင်အိပ်ဖို့လိုပါ မယ်။
၅။ မိမိတို့ယုံကြည်ရာကို ပြောရဲဆိုရဲလုပ်ကိုင်ရဲရမယ်
"ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ" လို့ပဲ ကိုလေးဖြူသီချင်းဆိုပြလိုက် ပါတယ်။
စာဖတ်သူအားလုံး Why am I on this earth? မေးခွန်းလေးရဲ့အဖြေကို ရှာတွေ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နို င်ကြပါစေ။
Credit; Aung Myin Thu
။။။။။။။။။။။။။။။။။။။။။။။။။။
၁။ မိမိအကြောင်း မိမိပိုသိရှိအောင်လုပ်ရမယ်
နေ့စဉ်နဲ့အမျှ မိမိတို့လုပ်ကိုင်ဆောင်ရွက်
မိမိတို့ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိခံစားနားလည်လာပါမယ်။ သိရှိလာတဲ့ အားသာချက်တွေအပေါ်မှာ ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်ရန်လိုသလို မိမိတို့အားနည်းချက်တွေကို အားသာတဲ့ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။
၂။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေရန် ဂရုစိုက်ရမယ်
ဘယ်လောက်ပဲ တော်နေတတ်နေတဲ့သူဖြစ်ပါစေ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှ
၃။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်လည်းကောင်းမွန်ရမယ
အဆိုးမြင် ကုန်းတိုက် မနာလိုခြင်းတွေ ပြည့်နှက်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့တွေ ကြိုးစားရုန်းကန်နေရပါတယ်။ အစွန်းအထင်းတွေပေကျံသွားတဲ့
၎။ ရင့်ကျက်လာအောင် ဆောင်ရွက်ရမယ်
မိမိအားကျအတုယူရတဲ့သူတွေရဲ့
၅။ မိမိတို့ယုံကြည်ရာကို ပြောရဲဆိုရဲလုပ်ကိုင်ရဲရမယ်
"ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ" လို့ပဲ ကိုလေးဖြူသီချင်းဆိုပြလိုက်
စာဖတ်သူအားလုံး Why am I on this earth? မေးခွန်းလေးရဲ့အဖြေကို ရှာတွေ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နို
Credit; Aung Myin Thu
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။