Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 11, 2016

အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် သင့်ကိုယ်သင် ပြန်မေးရမယ့် မေးခွန်းတွေရှိနေပါတယ်။ ဒီမေးခွန်း(၁၀)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။ ။

အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် သင့်ကိုယ်သင် ပြန်မေးရမယ့် မေးခွန်းတွေရှိနေပါတယ်။ ဒီမေးခွန်း(၁၀)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။ ။
၁။ မနက်ဖြန်မှာ ဖြစ်ချင်တာတွေအတွက် ဒီနေ့လုပ်နိုင်တာတွေ အားလုံးလုပ်ပြီးပြီလား ?

တစ်နေ့တာ ကုန်ဆုံးသွားတိုင်းမှာ လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်စရာဖြစ်နေဖို့လိုပါတယ်။ ဒီနေ့ လုပ်နိုင်တာတွေ
အားလုံးကို လုပ်ခဲ့မယ်ဆိုရင် မနက်ဖြန်တိုင်းက ဒီအတိုင်းအဆင်ပြေနေမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ နေ့စဉ်နဲ့အမျှ အောင်မြင်မှုနဲ့ ပိုနီးစပ်သွားမှာဖြစ်ပါတယ်။

၂။ အခုလုပ်မယ့်ကိစ္စကို နောက်တစ်ချိန်မှာဆိုရင် ဘယ်လိုလုပ်မလဲ ?

ရှင်းရှင်းပြောရရင် သင်သာ ၂၀၂၀ ခုနှစ်မှာရှိနေမယ်ဆိုရင် အခုလုပ်မယ့်ကိစ္စကို ဘယ်လိုဆုံးဖြတ်မလဲ ကြိုတွေးကြည့်ဖို့ ဖြစ်ပါတယ်။ တကယ်ဖြစ်မလာသေးပေမယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ သင့်ရဲ့အနာဂတ်ပုံရိပ်နေရာကနေ ၀င်စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။

၃။ အကူအညီတောင်းမယ်ဆိုရင် ဒီနေ့ဘယ်သူတွေက ကူညီပေးနိုင်မလဲ ?

အကူအညီလုံးဝမလိုအပ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ လိုအပ်တဲ့အကူအညီကို ရရှိဖို့အတွက် သင်လုပ်ရမှာက ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံ၊ အီးမေးလေးတစ်စောင်ပို့လိုက်ရုံပါပဲ။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် ကိစ္စတွေ ရှိမယ်ဆိုရင် အကူအညီတောင်းဖို့ အားမနာပါနဲ့။ သန်းကြွယ်သူဌေးတွေ အားလုံးက သူတို့ရဲ့ တာဝန်တွေကို အကူအညီတောင်းခြင်းအားဖြင့် ပြီးစီးအောင်လုပ်ဆောင်တတ်ကြပါတယ်။

၎။ မနက်ဖြန်လိုချင်တာကို ရဖို့အတွက် ဒီနေ့ဘယ်လို လုပ်ဆောင်မလဲ ?

လူတိုင်းမှာ တစ်ခုခုဖြစ်ချင်တဲ့စိတ်ဆိုတာရှိပါတယ်။ ဒီစိတ်တက်ကြွနိုးကြားလာဖို့အတွက် ယုံကြည်မှုလိုအပ်ပါတယ်။ သင့်အနေနဲ့ အနာဂတ်အတွက် ဖြစ်ချင်စိတ် (၁၀၀)ရာခိုင်နှုန်းသေချာနေပြီဆိုရင် ဘာလုပ်ရမလဲဆိုတာကို သိသင့်ပါတယ်။

၅။ ရက်(၃၀)အတွင်း လုပ်ဆောင်နိုင်တဲ့ တိုးတက်မှု(၃)ခုက ဘာတွေလဲ ?

ဘ၀မှာ လုပ်ဆောင်ရမယ့် တိုးတက်မှုတွေ ရှိပါတယ်။ ဒီတိုးတက်မှုတွေကို မလုပ်ပဲရှောင်နေမယ့်အစား ဘ၀တိုးတက်မယ့်လမ်းကြောင်းကို ရှာဖွေပါ။ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် မြှင့်တင်ပါ။

၆။ အချိန်တိုအတွင်းမှာ လူများများဆီကို ဘယ်လိုတန်ဖိုးများများရောက်အောင် ပို့ဆောင်နိုင်မလဲ ?

သင့်အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ လူတွေအတွက် ပိုကောင်းလာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ ဒီမေးခွန်းက သင့်ရဲ့လွှမ်းမိုးနိုင်စွမ်းကို တိုးမြှင့်ပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၇။ နောက်ကောက်ကျနေစေတဲ့ အချက်ကို ပြင်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ?

ဒီမေးခွန်းက နည်းနည်းခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့အများစုက ကိုယ့်ရဲ့အောင်မြင်မှုကို နောက်ကျအောင် ဆွဲထားတဲ့ အလေ့အကျင့်တွေကို ပြုပြင်ဖို့ဆိုရင် ခက်ခဲတတ်ကြပါတယ်။ ငွေကြေးအခြေအနေကောင်းချင်
တာပဲ ဖြစ်ဖြစ်၊ကိုယ်အလေးချိန်လျှော့ချချင်တာပဲဖြစ်ဖြစ်၊ ဆေးလိပ်ဖြတ်ချင်တာပဲဖြစ်ဖြစ် လုပ်စရာရှိတာကို အခုပဲ လုပ်လိုက်ပါ။ နောက်တနည်းပြောရရင် တကယ်အောင်မြင်ချင်တယ်ဆိုရင် အရှုံးထဲမှာ နစ်မြုပ်မနေပါနဲ့။

၈။ နောက်(၃)လအတွင်း အပြီးသတ်လုပ်ဆောင်ရမယ့် ရည်မှန်းချက်တစ်ခုရှိခဲ့မယ်ဆိုရင် ဘာလုပ်မလဲ ?

ကိုယ့်ကိုယ်ကို ပြင်ဆင်ထားပြီး နောက်အချိန်(၃)လအတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရည်မှန်းချက်တစ်ခုအပေါ်မှာ အာရုံစိုက်ပါ။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ဘ၀မှာ အံ့သြလောက်စရာ အားအင်တွေ ရရှိပြီး အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

၉။ သင့်ကို လိုအပ်နေသူတွေအတွက် ဘယ်လိုပိုဖြည့်ဆည်းပေးနိုင်မလဲ ?

သင့်အကူအညီကို တနည်းနည်းနဲ့ လိုအပ်နေသူတွေ အများကြီးရှိပါတယ်။ သင်ကူညီပေးနိုင်မယ်ဆိုရင် သေချာ ကူညီပေးလိုက်ပါ။ အိမ်ခြေရာမဲ့တွေကို ကူညီတာ၊ ဆေးရုံကလူနာတွေကို ပြုစုပေးတာ ဘာပဲဖြစ်ဖြစ် သင်လုပ်ပေးနိုင်တာကို လုပ်ဆောင်ပြီး အကူအညီပေးပါ။

၁၀။ အလုပ်မှာ အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာဖို့ ဘယ်လိုလုပ်ဆောင်မလဲ ?

သင်လုပ်ဆောင်တဲ့ အလုပ်ပိုကောင်းလာတာက လူတွေကို ကူညီရာရောက်ပါလိမ့်မယ်။ အလုပ်မှာ အစစအရာရာ တိုးတက်လာတာက သင့်ရဲ့ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို အသုံးပြုသူတွေကို ပိုပြီးတော့ ထိထိရောက်ရောက် အကျိုးရှိစေမှာ
ဖြစ်ပါတယ်။

Credit: Gentleman Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။