CSI MM added 2 new photos.
==========================================================
( အယူခံမှာ စံချိန် စံနှုန်း မရှိတဲ့ DNA စစ်ချက်ကိုပဲ သေသေချာချာ စွဲကိုင်ရိုက်ချဘို့ ထပ်လောင်းအကြံပြု ပါတယ်။)
မြန်မာလုပ်သား ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ရဲ့ DNA နဲ့ သေဆုံးသူရဲ့DNA တို့ ကိုက်ညီပါတယ်လို့ နိုင်ငံတကာ DNA စစ်ဆေးတင်ပြမှု စံနှုန်းအရ စစ်ဆေးသူတွေက ဘယ်လို စစ်ဆေးမှုပြုခဲ့ကြပါသလဲ။
DNA ကိုက်ညီခြင်း ဆိုတဲ့ အဖြေတခုရဖို့ဆိုတာ အင်မတန်မှ အသေးစိတ်တိတိကျကျ သေချာဂရုတစိုက် စစ်ဆေးမှု အဆင့်ဆင့်ကိုပြုလုပ်ရပါတယ်။
အခြေခံစစ်ဆေးရုံနဲ့မရပါဘူး အဲ့သလို စနစ်တကျနည်းလမ်းမှန်စွာစစ်ဆေးခြင်းရှိမရှိ အထောက်အထား မပါဘဲ တရားရုံးကလက်ခံလို့မရပါဘူး လို့ သူမက ထပ်မံထောက်ပြပြောဆိုသွားပါတယ်။
သူမက စစ်ဆေးတဲ့ မှတ်တမ်းတွေ တင်ပြခြင်းမရှိဘူး အဲ့ဒါကြောင့် ဘယ်လိုစစ်ဆေးတယ် စံမှီမမှီ ကျမ ဆုံးဖြတ်ပြောဆိုလို့မရပါဘူးလို့လည်းပြောပါတယ်။
ထိုင်းရဲဓာတ်ခွဲခန်းအနေနဲ့ စစ်ဆေးတဲ့မှတ်တမ်းတွေကို ဘယ်ပညာရှင်မဆို လေ့လာပြန်ကြည့်လို့ရအောင် အများမြင်သာအောင်ချပြသင့်ပါတယ် ဒါမှသာ ပညာရှင်တွေအနေနဲ့ စံမှီမမှီသိနိုင်မှာပါ။ အခုတော့ ဒါတွေမပါဘဲ စံမှီမမှီသိဖို့ ကန့်သတ်လိုက်သလိုဖြစ်နေပါတယ်လို့ သူမကထပ်လောင်းပြောကြားခဲ့ပါတယ်။
( သြစတေးလျမှု ခင်း သိပ္ပံပညာရှင်တွေ ဟာ ဘာလီကျွန်း အသေခံဗုံးခွဲမှု မှာ မှုခင်းသိပ္ပံနည်းနဲ့ ၂ ပတ်အတွင်း တရားခံဖော်ထုတ်ပေးနိုင်ဘူးပြီး မှု ခင်းသိပ္ပံရပ်မှာ
ထူးချွန်သူတွေလည်း ဖြစ်ပါတယ်)
ဘာသာပြန် Su Pyae Zaw
( မှတ်ချက်။ ။ မြန်မာ့သတင်းထူး သတင်းဦး ( သတင်းသူခိုးအဖွဲ့) က ဒီပို့စ်ကို ယူလိုလျှင်
ကရက်ဒစ် ပေးပါရန် သတိပေးလိုက်ပါသည်။ )
သတင်းလင့်ခ်>>http://www.smh.com.au/…/australian-scientist-jane-taupin-qu…
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။