ညီမလေးများသို့
•••••••••••••••••••••••••• ••
အတိုအရှည် စကပ်တွေနဲ့
နဂိုကေ ဖြတ်လို့ ဆေးရောင်ချယ်
အသားဆိုင် အထင်ပြ
ရင်ဟမှ မော်ဒယ်ဆန်
ဒေါက်တစ်ထွာ ခြေမှာကပ်မှ
တိုးထွက်လူလုံး
ဖြိုးထွက် ရှူ့မဆုံး.....တဲ့
မှေးမှောင်ကွယ် ယဉ်ကျေးမှုကြား
သိပ်ခေတ်စားတယ် ကိုကိုတဲ့
ဘုရား ဘုရား ကြားမိတဲ့နား
စားမိခဲ့ ခါးတမာလို
စပြုပ်ပြန် အချဉ်တက်
ထွေးအန့် မဆုံး......
ဒီမယ် ဒီမယ် ချစ်ညီမငယ်
ခေတ်မှီတာ ဂုဏ်ဆင့်ပေမဲ့
ခေတ်ဆန်ကာ သရုပ်ပျက်
ရုပ်ထွက်က သဒ္ဒါလန်
ကျောက်ခေတ်က လူသား
နင့်အား ငါမှားမိရဲ့......
မြင် မြင်စမ်း
တွေး တွေးစမ်း
့ဖျင်ပင်နီ ရင်ဖုံးနဲ
့အစဉ်သုံးခဲ့ ရှေးမြန်ဆွေ
ခေါင်းထက်မှာ စရစ်ထုံး
လှကွဲ့ ဂုဏ်ယူမဆုံး
အမိ အဖွား အမေ ဆင့်ထိန်းလို့
မြင့်ဟိန်းခဲ့ ပြည်မြန်မွေ
ကြီးခဲ့ပါ့ စဉ်လာတွေ
ညည်းအလှည့်မှ ဖယ်ကာသွေ...
ပကာသန တဒင်္ဂမို့
တုဆင်ကာ စိတ်ဝယ်မမိုက်နဲ့
ယခုပြင်ကာ ယဉ်အောင်ဆင့်လို့
အမိ အဖွားသမိုင်း မရိုင်းရအောင်
ဝတ်စားဆင်ယင် စိတ်ဓာတ်ပြင်လော့.......။
ခေတ်မှီပါ ခေတ်မဆန်ပါနှင့်
တိုင်းတစ်ပါက ကူးစက်သော ယဉ်ကျေးမှုသည်
ရတနာတစ်ပါး ဟုထင်လျှင်
မြန်မာ့ ယဉ်ကျေးမှုသည် ထိုရတနာတို့ အဆပေါင်းများစွာ ကိန်းဝပ်နေသော
ရတနာသိုက် ဖြစ်ပေလိမ့်မည်။
အားလုံးသော အစ်မ ညီမလေးများ
ယဉ်ကျေး သိမ်မွေ့ ပြီး ခေတ်မှီပြီး ယဉ်သော
အလှတရားကို လက်ကိုင်ထားနိုင်ပြီး
မြန်မာ့စံပြလေးများ ဖြစ်ကြပါစေ။
ထာဝရ စေတနာ မေတ္တာများမြင့်
အရှင်ပညာဇောတ
••••••••••••••••••••••••••
အတိုအရှည် စကပ်တွေနဲ့
နဂိုကေ ဖြတ်လို့ ဆေးရောင်ချယ်
အသားဆိုင် အထင်ပြ
ရင်ဟမှ မော်ဒယ်ဆန်
ဒေါက်တစ်ထွာ ခြေမှာကပ်မှ
တိုးထွက်လူလုံး
ဖြိုးထွက် ရှူ့မဆုံး.....တဲ့
မှေးမှောင်ကွယ် ယဉ်ကျေးမှုကြား
သိပ်ခေတ်စားတယ် ကိုကိုတဲ့
ဘုရား ဘုရား ကြားမိတဲ့နား
စားမိခဲ့ ခါးတမာလို
စပြုပ်ပြန် အချဉ်တက်
ထွေးအန့် မဆုံး......
ဒီမယ် ဒီမယ် ချစ်ညီမငယ်
ခေတ်မှီတာ ဂုဏ်ဆင့်ပေမဲ့
ခေတ်ဆန်ကာ သရုပ်ပျက်
ရုပ်ထွက်က သဒ္ဒါလန်
ကျောက်ခေတ်က လူသား
နင့်အား ငါမှားမိရဲ့......
မြင် မြင်စမ်း
တွေး တွေးစမ်း
့ဖျင်ပင်နီ ရင်ဖုံးနဲ
့အစဉ်သုံးခဲ့ ရှေးမြန်ဆွေ
ခေါင်းထက်မှာ စရစ်ထုံး
လှကွဲ့ ဂုဏ်ယူမဆုံး
အမိ အဖွား အမေ ဆင့်ထိန်းလို့
မြင့်ဟိန်းခဲ့ ပြည်မြန်မွေ
ကြီးခဲ့ပါ့ စဉ်လာတွေ
ညည်းအလှည့်မှ ဖယ်ကာသွေ...
ပကာသန တဒင်္ဂမို့
တုဆင်ကာ စိတ်ဝယ်မမိုက်နဲ့
ယခုပြင်ကာ ယဉ်အောင်ဆင့်လို့
အမိ အဖွားသမိုင်း မရိုင်းရအောင်
ဝတ်စားဆင်ယင် စိတ်ဓာတ်ပြင်လော့.......။
ခေတ်မှီပါ ခေတ်မဆန်ပါနှင့်
တိုင်းတစ်ပါက ကူးစက်သော ယဉ်ကျေးမှုသည်
ရတနာတစ်ပါး ဟုထင်လျှင်
မြန်မာ့ ယဉ်ကျေးမှုသည် ထိုရတနာတို့ အဆပေါင်းများစွာ ကိန်းဝပ်နေသော
ရတနာသိုက် ဖြစ်ပေလိမ့်မည်။
အားလုံးသော အစ်မ ညီမလေးများ
ယဉ်ကျေး သိမ်မွေ့ ပြီး ခေတ်မှီပြီး ယဉ်သော
အလှတရားကို လက်ကိုင်ထားနိုင်ပြီး
မြန်မာ့စံပြလေးများ ဖြစ်ကြပါစေ။
ထာဝရ စေတနာ မေတ္တာများမြင့်
အရှင်ပညာဇောတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။