ကြေကွဲသံမျာ့း
**************
ခပ်ပါးပါး လိမ်းထားတဲ့ မိတ်ကပ်တွေ ကို
ခရမ်းလွန် ရောင်ခြည်တွေ ထိုးဖေါက်
ရောင်းပန်းမလှ တာ အမေ မသိခဲ့ဘူး
ဆောင်းရယ် မြန်မြန်ကုန်ပါတော့
လေဘေး တွေကလည်း ဈေးတွေ တက်
အအေးဓါတ် မလုံတဲ့ အနွေးထည် ဟောင်း
လေစိမ်းတွေ တိုး အသဲထဲစိမ့်အေးတာ လည်း
အမေ မသိ ခဲ့ပါ ဘူး နော်
ဖြစ်နိုင် မယ်ဆို တစ်ကပြန်စ ချင်တာ
နှစ်တွေ မှာ နှစ်သထက်နှစ်
အဖြူတွေက မဲ ညစ်ညစ်ဖြစ်သထက် ဖြစ်
လျှော် ဖွတ်လို့မရ တော့တဲ့ ဘဝ
တမ်းတ လို့ အပိုဆို တာလည်း
အမေ မသိ တာပဲ ကောင်းပါတယ်
ပန်းတွေ ရနံ့ မွှေးတာလည်း မသိ
စမ်းတွေ အေးတာ လည်း မသိ
ငှက် ကလေးတွေ တေးသီသံလည်း
နားမစွင့်မိတာ ကြာ ပါပြီ အမေ ရယ်
တိုတောင်းလှ တယ် ပြောကြတဲ့ ဘဝ
ငါ့ အတွက်က ရှည်လွန်းတယ် ထင်လို့
ညတွေ ညတွေ မကုန်တာ
မုန်းမိတာ လည်း အမေ မသိပါ ဘူး
ရှိပါစေတော့ ထားလိုက်ပါတော့
အမေ နေရာ သမီးအမွေခံ
ဒီ မိသားစု အရေး ဆက်ခါ ထမ်းပါမယ်
အမေ ဝမ်းမြောက် ပါလေ တော့
မှတ်စုကြမ်း #kazaw
**************
ခပ်ပါးပါး လိမ်းထားတဲ့ မိတ်ကပ်တွေ ကို
ခရမ်းလွန် ရောင်ခြည်တွေ ထိုးဖေါက်
ရောင်းပန်းမလှ တာ အမေ မသိခဲ့ဘူး
ဆောင်းရယ် မြန်မြန်ကုန်ပါတော့
လေဘေး တွေကလည်း ဈေးတွေ တက်
အအေးဓါတ် မလုံတဲ့ အနွေးထည် ဟောင်း
လေစိမ်းတွေ တိုး အသဲထဲစိမ့်အေးတာ လည်း
အမေ မသိ ခဲ့ပါ ဘူး နော်
ဖြစ်နိုင် မယ်ဆို တစ်ကပြန်စ ချင်တာ
နှစ်တွေ မှာ နှစ်သထက်နှစ်
အဖြူတွေက မဲ ညစ်ညစ်ဖြစ်သထက် ဖြစ်
လျှော် ဖွတ်လို့မရ တော့တဲ့ ဘဝ
တမ်းတ လို့ အပိုဆို တာလည်း
အမေ မသိ တာပဲ ကောင်းပါတယ်
ပန်းတွေ ရနံ့ မွှေးတာလည်း မသိ
စမ်းတွေ အေးတာ လည်း မသိ
ငှက် ကလေးတွေ တေးသီသံလည်း
နားမစွင့်မိတာ ကြာ ပါပြီ အမေ ရယ်
တိုတောင်းလှ တယ် ပြောကြတဲ့ ဘဝ
ငါ့ အတွက်က ရှည်လွန်းတယ် ထင်လို့
ညတွေ ညတွေ မကုန်တာ
မုန်းမိတာ လည်း အမေ မသိပါ ဘူး
ရှိပါစေတော့ ထားလိုက်ပါတော့
အမေ နေရာ သမီးအမွေခံ
ဒီ မိသားစု အရေး ဆက်ခါ ထမ်းပါမယ်
အမေ ဝမ်းမြောက် ပါလေ တော့
မှတ်စုကြမ်း #kazaw
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။