Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 17, 2016

ဂျက်မာနဲ့ စကားစမြည်-

ဂျက်မာနဲ့ စကားစမြည်-
စီးပွားရေးလုပ်ရခြင်းရဲ့အခက်အခဲတွေနဲ့ သူ့နေရာဆက်ခံမယ့်လုပ်ငန်းအကြောင်း ဂျက်မာပြော
===================================================
ဂျက်မာလို့ ပြောလိုက်ရင် တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုကို ကမ္ဘာကျော်အောင်လုပ်နိုင်ခဲ့တဲ သူဌေးကြီး၊ သာမာန်ဘ၀ကနေ ကြိုးစားရုန်းကန်ရင်း တရုတ်မှာအချမ်းသာဆုံးဘီလျံနာဖြစ်လာသူလို့ အားလုံးသိကြပါတယ်။ သူဟာ ကမ္ဘာမှာ ၁၈ ယောက်မြောက် အချမ်းသာဆုံးလို့လည်း ဖို့ဘ်စ်မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့အလီဘာဘာအုပ်စုဟာဆိုရင် တရုတ်ရဲ့ကျယ်ပြန့်လှတဲ့အွန်လိုင်းရှော့ပင်းဈေးကွက်မှာ ရှယ်ယာအများအပြားရရှိထားပါတယ်။ ကုမ္ပဏီဟာ တရုတ်ဈေးကွက်ထဲ ခြေချချင်တဲ့ နိုင်ငံခြားလုပ်ငန်းတွေကို တော်တော်ဖြုံစေနိုင်တဲ့အင်အား ရှိပါတယ်။

ဂျက်မာရဲ့ကုမ္ပဏီဟာ အသိရခက်နက်နဲတဲ့လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားနေဆဲဖြစ်ပါတယ်။ နစ်ကေးသတင်းစာနဲ့အင်တာဗျူးမှာ ဂျက်မာက စီးပွားရေးလုပ်ရခြင်းရဲ့အခက်အခဲအကြောင်း၊ သူ့နေရာကို ဆက်ခံမယ့်လုပ်ငန်းအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားပါတယ်။

မေး - အလီဘာဘာဟာ ၁၉၉၉ မှာ ၀န်ထမ်း ၁၈ ယောက်နဲ့ စခဲ့တယ်။ အခု ခင်ဗျားကုမ္ပဏီက အင်တာနက်အရောင်းအ၀ယ်လုပ်ငန်းမှာ ဧရာမကြီးဖြစ်နေပြီ ဟုတ်တယ်မဟုတ်လား။
ဖြေ - အလီဘာဘာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ယှဉ်ရင် ကုမ္ပဏီကြီးဖြစ်လာပါပြီ။ ဒါပေမယ့် နောက် ၁၅ နှစ်မှာဖြစ်နေမယ့်လုပ်ငန်းနဲ့စာရင် ကုမ္ပဏီအငယ်စားပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အချိန်အကြာကြီးတည်တံ့ခဲ့တဲ့ အဖွဲ့အစည်း ၂ ခုကို လေ့လာခဲ့ပါတယ်။ တစ်ခုက ဘုရားကျောင်းတွေပါ။ နောက်တစ်ခုက တက္ကသိုလ်တွေပါ။ အဲသည်အဖွဲ့အစည်းနှစ်ခုလုံးဟာ ခိုင်မာတဲ့တန်ဖိုးတွေ၊ ယဉ်ကျေးမှုတွေ ရှိကြတယ်၊ နောက်ပြီး တခြားသူတွေကို လုပ်ပိုင်ခွင့်ပေးနိုင်စွမ်းရှိကြတယ်။ သူတို့ ဒီလောက်အကြာကြီး ဘယ်လိုတည်တံ့တယ်ဆိုတာ ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ NGO(အစိုးရမဟုတ်တဲ့အဖွဲ့အစည်း) တွေဟာ အကျိုးအမြတ်မမျှော်ပေမယ့် ကျွန်တော်တို့က အကျိုးအမြတ်အတွက် အလုပ်လုပ်နေတဲ့အဖွဲ့ပါ။ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းငယ်တွေကို ကူညီတဲ့အဖွဲ့အစည်းဖြစ်ပြီး တီထွင်ဆန်းသစ်မှုတွေပေါ်ထွက်လာအောင် လုပ်ပိုင်ခွင့်ပေးတဲ့အတွက် ကျွန်တော်တို့ စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပါလိမ့်မယ်။
အဲသည်နည်းနဲ့ ကျွန်တော်တို့ဟာ ပိုပြီးအသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေနိုင်လိမ့်မယ်။ စိန်ခေါ်မှုတွေ အများကြီးရှိတာတော့ မှန်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီကြီးတွေဟာ အရှိန်အဟုန်မြန်ဆန်မှု၊ တီထွင်မှုတွေမှာ ကုမ္ပဏီငယ်တွေနဲ့ မယှဉ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီကြီးတွေမှာ စည်းမျဉ်းစည်းကမ်းတွေက သိပ်များလွန်းလို့ဖြစ်ပြီး တီထွင်ဖို့လည်း ခက်ပါတယ်။
ဒါပေမယ့် အလီဘာဘာဆိုတာ စည်းမျဉ်းစည်းကမ်းတွေနဲ့ လှုပ်ရှားလည်ပတ်နေတဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ ကျွန်တော်တို့က ကုမ္ပဏီကို ဓလေ့နဲ့ စီမံအုပ်ချုပ်ဖို့ လုပ်ပါတယ်။ ကုမ္ပဏီကြီးတွေဟာ တီထွင်ဆန်းသစ်တဲ့နေရာမှာ အခက်အခဲတွေ ရှိပါတယ်။ ဒါသဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့တည်ဆောက်ပုံကို အမြဲတမ်းပြောင်းလဲနေပါတယ်။ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်တဲ့ဥာဉ်နဲ့ ဓလေ့ကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ ကျွန်တော်တို့ဓလေ့ကို အမြဲတိုးတက်အောင်လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့အရွယ်အစားကြောင့် စီးပွားရေးလုပ်ငန်းငယ်တွေမှာ ပိုပြီးတီထွင်ဆန်းသစ်မှုရရှိနိုင်လိမ့်မယ်လို့ အလီဘာဘာက ယုံကြည်ပါတယ်။

မေး- တရုတ်ရဲ့ လတ်တလောစီးပွားရေးကျဆင်းမှုကို ခင်ဗျားဘယ်လိုထင်သလဲ
ဖြေ: ဒီအချိန်က တရုတ်အတွက် ရွှေခေတ်ပါ။ ကုမ္ပဏီကြီးတွေဟာ အကျပ်အတည်းကာလမှာ ကြီးထွားလာကြပါတယ်။ အမေရိကန်မှာ IBM, Cisco Systems, Microsoft စတဲ့ ဧရာမကုမ္ပဏီကြီးတွေ ရာနဲ့ချီရှိတယ်။ ဂျပန်တို့၊ ဥရောပတို့မှာဆိုရင် အဲဒီအရွယ်လောက်ရှိတဲ့ ကုမ္ပဏီ ၃၀-၄၀ လောက်ရှိတယ်။ တရုတ်မှာတော့ နိုင်ငံပိုင်လုပ်ငန်းတွေကလွဲရင် အဲဒီလောက်ကြီးတဲ့ကုမ္ပဏီ တစ်ခုမှမရှိဘူး။ ပုဂ္ဂလိကကဏ္ဍမှာ ကျွန်တော်တို့က နံပါတ် ၁ လောက် ၂ လောက် ဖြစ်နိုင်တယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားေ၇းဖြစ်တာမို့ တကယ်ဆို ကျွန်တော်တို့နိုင်ငံမှာ အဲဒီအရွယ်အစားလောက်ရှိတဲ့လုပ်ငန်း သုံးလေးဆယ်လောက် ကျိန်းသေပေါက် ရှိသင့်ပါတယ်။ ကျွန်တော်တို့က ပထမဆုံးဖြစ်တော့ အဲသည်အချိန်မှာ ဒီလိုကြီးတဲ့လုပ်ငန်းတစ်ခု ဘွားကနဲပေါ်လာတာကို ကမ္ဘာကြီးကလည်း အဆင်သင့်မဖြစ်သေးဘူး၊ တရုတ်ကလည်း အဆင်သင့်မဖြစ်သေးဘူး၊ ကျွန်တော်တို့လည်း အဆင်သင့်မဖြစ်သေးဘူး။ နောက် သုံးနှစ်ကနေ ငါးနှစ်လောက်ကြာရင်တော့ လူတွေ ဒါကို အကျင့်ရသွားပါလိမ့်မယ်။ နောက် ၁၀ နှစ်ကနေ အနှစ် ၂၀ အတွင်း အလီဘာဘာတစ်ခုတည်းမဟုတ်တော့ဘဲ ကုမ္ပဏီကြီးတွေ အများကြီးတက်လာပါလိမ့်မယ်။ ဈေးကွက်က အဲဒီအချိန်မှာ ဖြစ်မှာပါ။

မေး - တရုတ်ပြင်ပက လူတွေက အလီဘာဘာဆိုတဲ့ နာမည်ကို ကြားဖူးတယ်။ ဒါပေမယ့် ကုမ္ပဏီအကြောင်း မသိကြဘူး။ ခင်ဗျားရဲ့ ကုမ္ပဏီက ဘယ်လိုမျိုးလဲ။
ဖြေ: ကျွန်တော်တို့က သာမာန်ကုမ္ပဏီမဟုတ်ဘူး။ အဲဒါကြောင့် လူတွေက ကျွန်တော်တို့ကို နားလည်ရခက်တာပေါ့။ ကျွနတော်တို့က စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီ။ ကျွန်တော်ကတော့ စီးပွားရေးလို့ခေါ်တယ်ဗျာ။ ကျွန်တော်တို့က အွန်လိုင်းပေါ်က စီးပွားရေးပဲ။ အရွယ်အစားက ဒေါ်လာ ၅၀၀ ဘီလျံရှိတယ်။ ကျွန်တော်တို့စီးပွားရေးထဲမှာ ၀င်အလုပ်လုပ်နေတဲ့သူ သန်းနဲ့ချီပြီးရှိတယ်။ ကျွန်တော်တို့မှာ ငွေပေးချေမှုတွေ၊ ထောက်ပံ့ပို့ဆောင်ရေးတွေ၊ ဈေးရောင်းတဲ့နေရာ၊ အိတ်စပို့-အင်ပို့စနစ်၊ ကလောက်ကွန်ပျူးတင်းတွေ ရှိတယ်။ ကျွန်တောတို့က ကမ္ဘာ့အကြီးဆုံး အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီးကို ထူထောင်ထားတယ်။ အဲဒါကို လှုပ်ရှားလည်ပတ်အောင် ကျွန်တော်တို့လုပ်နေတယ်။ အဲဒါကြောင့် ဘယ်ကွန်ပျူတာစံပုံစံကိုသုံးသုံး ကျွန်တော်တို့ကို တိုင်းတာဖို့ခက်လိမ့်မယ်။ အမေရိကန်မှာ အဲဒီလိုအွန်လိုင်းစီးပွားရေးမရှိဘူး။ eBay နဲ့ Amazon.com က ပစ္စည်းတွေ ရောင်းတာ၊ လိုက်ပို့တာတွေ လုပ်နေပေမယ့် ကျွန်တော်တို့လို စီးပွားရေးမျိုးမဟုတ်ဘူး။ အလီဘာဘာရဲ့စီးပွားရေးက စီးပွားရေးလုပ်ငန်းငယ်တွေကို ကူညီတယ်၊ အလုပ်အကိုင်ဖန်တီးပေးတယ်၊ တီထွင်ဆန်းသစ်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ ဘယ်ပစ္စည်းမဆို အားလုံးနီးပါးရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အလီဘာဘာကို ဂေဟစနစ်တစ်ခု၊ အခြေခံအုတ်မြစ်တစ်ခုလို့ ခေါ်တာပေါ့။ သည်တော့ အမေရိကန်တွေအဖို့ ဒီလိုပုံစံမျိုးကို နားလည်ဖို့ မဖြစ်နိုင်ဘူးပေါ့လေ။ ဒါပေမယ့် တစ်နေ့နေ့တော့ သူတို့တွေ ကျွန်တော်တို့ကို အသုံးပြုပြီး နားလည်လာပါလိမ့်မယ်။

(ဂျက်မာရဲ့ဘ၀နဲ့ သူ့အမြင်တွေအကြောင်း ဆက်လက်ဖော်ပြသွားပါမယ်)
စုပြည့်စုံ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။