ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အမိန့်စာထုတ်ပြန်
========================== =====
ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအမိန့် ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီဇင်ဘာ ၂၁ရက် ၂၀၁၅ခုနှစ်ရက်စွဲဖြင့် ထိုင်းအစိုးရထုတ်ပြန်ကြေငြာ ချက်စာ အမှတ် ၁/၂၅၅၈ တစ်စောင် ထုတ်ပြန်တာကိုတွေ့ရပါတယ်။
အကြောင်းအရာကတော့ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်တားမြစ်ခြင်း လို့ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်သောနိုင်ငံခြားသားများ ဗီဇာသက်တမ်းကုန်လွန်သွားပါက ထိုင်းနိုင်ငံအတွင်း ဆက်လက်နေသွားလျှင် ထိုင်းနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနှင် ထိုင်းပြည်သူဘ၀လှုံခြုံရေးကို ထိခိုက်စေတတ်ပါတယ်။
ဤသို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ် ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ သာသနာသက္ကရာဇ် ၂၅၂၂ခုနှစ်မှ ပြဌာန်းထားသော ဥပဒေပုဒ်မ ၁၆ ကိုကျင့်သုံးကာ တချို့သောနိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်တားမြစ်ခြင်းကို အောက်ပါသတ်မှတ်ချက်နှင့် အချိန်ကာလတို့ကို ထုတ်ပြန်လိုက်ပါတယ်။
- ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉၀ ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၁နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၁နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၃နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၃နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၅နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၅နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၁၀နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၁နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံ့ပဲ တာဝန်ရှိသူမှ ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ပြန်ပို့ပြီး သည့်နောက် ၅နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၁နှစ်အထက် ကျော်လွန်နေထိုင်ပါက သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံ့ပဲ တာဝန်ရှိသူမှ ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ပြန်ပို့ပြီးသည့်နောက် ၁၀နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
မှတ်ချက်။ အသက် ၁၈နှစ်မပြည့်ခင် အမိနိုင်ငံသို့ပြန်သွားခြဲ့ ခင်းနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခဲ့သော်လည်း ဤအမိန့်စာ မထုတ်ပြန်ခင် အမိနိုင်ငံသို့ပြန်သွားခြဲ့ ခင်းတို့ကို ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်ပြုသည်။
စသည့် ထုတ်ပြန်ကြေငြာချက်ထဲမှာဖော်ပြထားပါတယ်။ အောက်ဆုံးမှာကတော့ ၀န်ကြီးချုပ် ပယွတ် ကျန်အိုချာနှင့် ပြည်ထဲရေးဝန်ကြီး အနုဖုံ ဖောင်ကျင်ဒါ နာမည်ထိုးထားပါတယ်။
ဒီထုတ်ပြန်ကြေငြာချက်အနေနဲ့ သုံးသပ်ရမယ်ဆိုရင်
ဗီဇာ ၄နှစ် သို့မဟုတ် ၆နှစ် သက်တမ်းကုန်သွားရင် သက်တမ်းမတိုးပေးတော့ပဲ ဗီဇာမကုန်ခင် ရက်အနည်းငယ်အလိုမှာ မြန်မာပြည်သိြု့ ပန်ခိုင်းတဲ့သဘောပါပဲ။ ထိုင်းနိုင်ငံသို့ပြန်ဝင်လာ ချင်ရင် MoUနှင့်ပြန်လာ ဆိုတာပါပဲ။
==========================
ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအမိန့် ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီဇင်ဘာ ၂၁ရက် ၂၀၁၅ခုနှစ်ရက်စွဲဖြင့် ထိုင်းအစိုးရထုတ်ပြန်ကြေငြာ
အကြောင်းအရာကတော့ တချို့သောနိုင်ငံခြားသားမျာ
ဤသို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်
- ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉၀ ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၁နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၁နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၃နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၃နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၅နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၅နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်အပ်နှံ့လျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် ၁၀နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်မပြု။
- ဗီဇာ ၁နှစ် ကျော်လွန်နေထိုင်၍ သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံ့ပဲ တာဝန်ရှိသူမှ ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ပြန်ပို့ပြီး
- ဗီဇာ ၁နှစ်အထက် ကျော်လွန်နေထိုင်ပါက သက်ဆိုင်ရာဌာနသို့ လာရောက်မအပ်နှံ့ပဲ တာဝန်ရှိသူမှ ဖမ်းဆီးရမိပါက အမိနိုင်ငံသို့ပြန်ပို့ပြီ
မှတ်ချက်။ အသက် ၁၈နှစ်မပြည့်ခင် အမိနိုင်ငံသို့ပြန်သွားခြဲ့
စသည့် ထုတ်ပြန်ကြေငြာချက်ထဲမှာဖော
ဒီထုတ်ပြန်ကြေငြာချက်အနေနဲ့
ဗီဇာ ၄နှစ် သို့မဟုတ် ၆နှစ် သက်တမ်းကုန်သွားရင် သက်တမ်းမတိုးပေးတော့ပဲ ဗီဇာမကုန်ခင် ရက်အနည်းငယ်အလိုမှာ မြန်မာပြည်သိြု့ ပန်ခိုင်းတဲ့သဘောပါပဲ။ ထိုင်းနိုင်ငံသို့ပြန်ဝင်လာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။