ဟင်းချက်နည်းအခြေခံလေးများနှင့်လက်တွေ့ဆန်သောအစားအစာများ added 3 new photos — feeling lovely at Tiger One Hotel.
Making Stock•••
Stock သည် •••••••
စားဖိုမှူးတွေရဲ့ လက်နက် (သို့) မိတ်ဆွေ
Stock ဆိုတာ ••• ပြုတ်ရည် ပါ
အသီးရွက်တွေ ( သို့ )အရိုးတွေ ကို ပြုတ်ထားတဲ့ပြုတ်ရည်ကို စားဖိုဆောင်အခေါ်အဝေါ်အရ Stock လို့ခေါ်ကြပါတယ်
ဟင်းပွဲတော်တော်များများက သူနဲ့မကင်းကြပါဘူး ဟင်းပွဲတွေရဲ့ မိတ်ဆွေကောင်းပါ
••••••
Stock ရည်ကို ••••••
အသီးရွက်တွေနဲ့ လုပ်သလို
အရိုးအသားတွေနဲ့လည်း လုပ်ပါတယ်
မီးဖိုချောင်ရဲ့ လွင့်ပစ်ရတော့မယ့် ••••
ပန်းဂေါ်ဖီအရိုး ခါကြက်ဥအခွံ ပြောင်းဖူးရိုး
ဂေါ်ဖီထုတ် ဘိုစားပဲသီး ကြက်သွန်နီ •• စသည်ဖြင့် အသီးနံအရွက်တော်တော်များများ
ရက်ကြာ အသီးရွက်များ ကို
×××××××
ကြက်ရိုး ဝက်ရိုး ငါး
ရက်ကြာ အသားများကို
××××××××××××
သေချာစွာ ရေဆေး>ရေနွေးဖျော> ပြန်ဆေး
> မီးအေးအေးနဲ့ ပြုတ်တာပါ
××××××××××
ပြုတ်တဲ့အခါ ရေနွေးပူပွက်လာတာနဲ့အမျှ အမြုတ်တွေတက်လာရင် ဂရုတစိုက် ဖယ်ရပါမယ် ရမ်းမမွှေရပါဘူး•••
••••မီး••••• မပြင်းရပါဘူး
မီးပြင်းရင် ••••
အသီးရွက် အရိုးသားတွေထဲမှာရှိတဲ့ အချိုငံဓာတ်တွေပြိုကွဲပျက်စီးပြီး
ထို Stock ရည် နောက်ကျိသွားမှာပါ အနံအသက်လည်း ကောင်းမွန်စွာမရနိုင်ပါ
••••အဖုံး•••မအုပ်ရပါဘူး
အဖုံးအုပ်မိရင်•••••
ဝေကျတတ်သလို ထွက်လာတဲ့အမြုတ်တွေက အရည်ထဲပြန်ဝင်ပြီး Stock ရည် ဖြူနောက်သွားမှာပါ အနံ့လည်းမကောင်းနိုင်ပါဘူး
•••••••••
နည်းလမ်းမှန်တွေနဲ့
ချက်လိုက်တဲ့ ပြုတ်ရည်ဟာ
တစ်ခါသုံးမဟုတ်ပါဘူး ပိုနေသေးရင် ရေခဲထုတ်လိုထုတ်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲပြီး လိုအပ်ချိန်ထုတ်သုံးနိုင်တဲ့ မရှိမဖြစ်ဟင်းချက်အကူပစ္စည်းတစ်မျိုးပါခင်ဗျာ •••••
••••••••••
ဟင်းပွဲတွေရဲ့ အနံ့အရသာကွာခြားချက်တွေက
စားဖိုမှူးတွေနဲ့ သက်ဆိုင်သလို သူတို့သုံးတဲ့ ပစ္စည်းတွေနဲ့လည်း ပတ်သက်နေတယ်ဆိုတာ အသိပေးရင်း•••••လေ့လာထားတာလေးတွေစေတနာနဲ့ မျှဝေပါတယ်ခင်ဗျာ
အမှားတစုံတရာ ပါခဲ့ရင်လည်း သည်းခံပေးပြီး နည်းလမ်းတွေရှိသေးရင်လည်း ပညာအလင်းပြပေးပါဦးခင်ဗျာ :)
ကျေးဇူးအထူးတင်ပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။