Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 5, 2017

CR7 နှင့် အောင်မြင်မှု

 
 
🏆🏆🏆 CR7 နှင့် အောင်မြင်မှု 🏆🏆🏆


ခရစ္စတီယာနိုရော်နယ်ဒို လို့တွေးလိုက်တာနဲ့ ဟိုး ၂၀၀၀ အခုအစောပိုင်းကာလလေးတစ်ခုမှာ Sporting CP ကို ၃-၁ နဲ့ မန်ယူရှုံးသွားအောင် ခြေစွမ်းပြခဲ့တဲ့၊ နှစ်ခါမစဉ်စားဘဲ ဖာဂီ ဝယ်လာခဲ့တဲ့ ပေါ်တူဂီသားချာတိတ်လေး ကိုပြန်မြင်ယောင်မိတုန်းပဲ။

အနီရောင်မန်ယူအင်္ကျီ၊ ကျောနံပါတ် ၇ နဲ့ ပုရွက်ဆိတ်နှာမောင်း ဆံပင်ချောင်းကလေးတွေနဲ့ ကြည့်နေရင်း ကမ္ဘာကျော်ဖြစ်ဖြစ်လာတဲ့ ချာတိတ်လေး။


ဘောလုံးလောကအတွက် ကမ္ဘာကြီးဟာ မက်ဆီကိုရခဲ့တယ်လို့ပြောရင် လူသားတွေအတွက် ခရစ္စတီယာနိုရော်နယ်ဒိုကို ကမ္ဘာကြီးဟာ ရခဲ့တယ်လို့ ပြန်ပြောရမှာပါပဲ။

မက်ဆီဟာ သိပ်ထူးကဲတဲ့ ပါရမီရှင်၊ ရော်နယ်ဒိုဟာ ကြိုးစားအားထုတ်မှုတွေ၊ အလျံငြီးငြီးတောက်လောင်နေတဲ့ အောင်မြင်မှုကို အမြဲဆာလောင်စိတ်တွေနဲ့ တကယ့် ၁၀၀% လူသားတစ်ဦး။

သူတို့နှစ်ယောက်မှာ ကိုယ်က အမြဲရော်နယ်ဒိုကိုပဲ ဖတ်စာတစ်အုပ်လို ဖတ်ဖူးခဲ့တဲ့သူ။


🏅၁။ အောင်မြင်မှုကို ဆာလောင်တပ်မက်ခြင်းနဲ့ ကြိုးစားအားထုတ်ခြင်း


၂၀၀၂ Sporting CP ကနေ မန်ယူ၊ ရီးရဲလ် ၂၀၁၇ အထိ ၁၅ နှစ်တာကာလမှာ သူ့ဘဝမှာ အသက်အရွယ်နဲ့ အခြားအရာတွေပြောင်းလဲသွားပေမယ့် ဘယ်တော့မှမပြောင်းတာ အလျံငြီးငြီးတောက်လောင်နေတဲ့ " အောင်မြင်မှုကို ဆာလောင်တပ်မက်တဲ့ စိတ် " ပါပဲ။

မန်ယူချာတိတ်လေး ကနေ မနေ့ညက အထိ သူ့မျက်ဝန်းတွေထဲမှာ တစ်ခါမှ အဲဒီစိတ်ဟာပျောက်ပျက် မသွားခဲ့ဘူး။


အဲဒီမျက်ဝန်းတွေကို တွေ့တိုင်း ကျွန်တော်တို့ရော ဘဝမှာ ဘယ်လိုအောင်မြင်မှုတွေကို လိုချင်ခဲ့သလဲ?

အဲဒီအရာတွေအတွက် အလျံငြီးငြီး တောက်လောင်စိတ်တွေနဲ့ ဘယ်လောက်ပေးဆပ်၊ ကြိုးစားအားထုတ်ခဲ့ပြီလဲ ?

လူသားတစ်ယောက်အနေနဲ့ တစ်ခုခုကို မဆုတ်မနစ်ကြိုးစားဖို့ လိုလာတိုင်းမှာ ကျွန်တော် သူ့ကို ပြေးမြင်မိလောက်အောင်ကို သူဟာ ၁၀၀% အားထုတ်တဲ့လူသားတစ်ယောက်ဖြစ်ခဲ့တယ်။


🏅🏅၂။ အောင်မြင်မှုကို ထိန်းသိမ်းခြင်း နှင့် ယဉ်ပါးအောင်မွေးမြူခြင်း


ဒီစကားကို စပြောခဲ့တာ ဖာဂူဆန်ဗျ။ ကျွန်တော့်ရဲ့ ရာသက်ပန်အသင်း လီဗာပူးပရီးမီးယား ရဖို့ အရမ်းနီးစပ်နေတဲ့အချိန်မှာ ဖာဂီ mind game လုပ်ခဲ့တဲ့စကားပေါ့။ သူတို့မှာ အောင်မြင်မှုယူတဲ့ အတွေ့အကြုံ မရှိသေးဘူးတဲ့။


နောက်ပိုင်းမှဒီစကားကို ရင်ထဲကနားလည်လာခဲ့တယ်။ အောင်မြင်မှုဟာရယူဖို့ ခက်ခဲတယ်ဆိုရင်ထိန်းသိမ်းဖို့က ပိုခက်ပြီး အောင်မြင်မှုကို ကိုယ်နဲ့
ယဉ်ပါးအောင်မွေးမြူဖို့ ဆိုရင် အဲဒီ mindset ဟာအခက်ခဲဆုံးဖြစ်သွားပြီ။


ဖာဂူဆန်ဟာ အောင်မြင်မှုကို ရခဲ့တယ်၊ ထိန်းသိမ်းခဲ့တယ်။ အဲဒီထက်ပိုတာက အောင်မြင်မှုနဲ့ ယဉ်ပါးပြီး အမြဲတမ်းနိုင်ချင်တဲ့၊ အလျံငြီးငြီးတောက်လောင်နေတဲ့ ပွဲခံစိတ်ကို ကာလရှည်မွေးပေးခဲ့တာပဲ။

အာဆင်နယ်ရဲ့ ဝင်းဂါး၊ လီဗာပူး နောက်အခု မန်ယူအသင်းကိုယ်တိုင်ကို အဲဒီလို အောင်မြင်မှုနဲ့ ယဉ်ပါးစိတ် ပျောက်ဆုံးနေဆဲဆိုတာ ဖာဂီခေတ်လွန်မှာတွေ့ရပါလိမ့်မယ်။


မနေ့ညက Real နဲ့ Juve မှာ ခြေစွမ်းမကွာဘူးလို့ယူဆတဲ့ မိတ်ဆွေတွေအတွက်ဆိုရင် ရီးရဲအသင်းသားအများစု ရဲ့ အောင်မြင်မှုနဲ့ယဉ်ပါးနေတဲ့ ပွဲခံစိတ်တွေဟာအလျံငြီးငြီးပါပဲ။

အဲဒီတောက်လောင်မှု Old Lady တွေမှာမတွေ့ခဲ့ရဘူး။


ဘဝမှာ အောင်မြင်မှုတစ်ခုခု ရခဲ့ပြီဆိုရင် သူတို့လို အမြဲ အောင်မြင်မှုအတွက် ကြိုစားအားထုတ်လိုစိတ်တွေနဲ့ ယဉ်ပါးပျော်ရွှင်ဖို့ ကျွန်တော်တို့ လုပ်နိုင်ကြမှာလား ?

WOW !!! သူတို့ဟာ တကယ် လေးစားအားကျစရာပါပဲ။


🏅🏅🏅၃။ အောင်မြင်မှုအတွက် မမေ့သင့်တာတွေကို မမေ့ခြင်း


ဘဝမှာ အကောင်းအဆိုး ကြုံသမျှထဲမှာ ယူတတ်ရင် နှစ်ခုလုံးဟာ ကိုယ့်အတွက်ကြီးပါပဲ။


အောင်မြင်ခဲ့တဲ့ အမှတ်တရ တစ်ခုခုဟာ ကျွန်တော်တို့ ဆက်ပြီးတိုက်ပွဲဝင်ဖို့ အဆောင်ကောင်းတစ်ခုပဲ။


မနေ့က ရော်နယ်ဒိုရဲ့ ဆံပင်ချောင်းလေးတွေကြည့်ရင်း ၂၀၀၀ ခုနှစ်က ချာတိတ်လေးကို ဘယ်သူတွေများ သတိရမိလိုက်ပါသေးသလဲ?


သူ အရွယ်ပြောင်းလာခဲ့ပြီ၊ ရုပ်ရည်ပြောင်းလာခဲ့ပြီ ဒါပေမယ့် သူမမေ့သင့်တဲ့ အရာတစ်ချို့ကို မမေ့သေးကြောင်း ပြသနေတုန်းပဲ။


ကျွန်တော်တို့ ဘဝတွေမှာ ဘာတွေဖြတ်သန်းခဲ့ကြသလဲ?

ဘာတွေအောင်မြင်ခဲ့သလဲ? ဒါမှမဟုတ်ဘာတွေ ပျော်ရွှင်ခဲ့ကြသလဲ? အဲဒီအရာတွေကို မှတ်ထားတတ်ရင် နောင်အနာဂတ်မှာ အင်အားတွေ ဆက်ပြီးရရှိအောင်မြင်နေဦးမှာပါပဲ။


အိုးထရတ်ဖို့ဒ် ကွင်းကြီးကို ခြေချကတည်းက ဒီဆံပင်ပုံစံလေးနဲ့ချာတိတ်ဟာ သူရှိနေစဉ်ကာလမှာ အနိုင်ယူနိုင်သမျှ နိုင်ခဲ့သလို မနေ့ညကလည်း သူဟာ အဲဒီအချိန်ကာလတွေလိုပဲ ဒီဆံပင်လေးတွေနဲ့ သူ့ကိုယ်ကိုယ်သူ ပြန်အားပေးရင်း Old Lady တွေကို ကျော်ဖြတ်သွားခဲ့ပြန်ပါပြီ။


ကျွန်တော် ခရစ္စတီယာနို CR7 ကို ကြည့်တယ်။

အောင်မြင်မှုအကြောင်းကို တွေးတယ်။

သူဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်၊ ဒါမှမဟုတ်ရင် စကားထဲ သိပ်ထည့်ပြောလို့ကောင်းတဲ့ လူသားတစ်ဦးပဲ ဒီထက်ပိုပြောရရင် သူဟာ အမြဲအလျံငြီးငြီးတောက်လောင်နေတဲ့ မီးတောက်တစ်ခုပဲ။


CR7 ဘာကြောင့် အောင်မြင်ခဲ့သလဲ .. ထပ်ပြီး အရေးကြီးတာက သူ.အောင်မြင်မှုကို ဘယ်လို ထိန်းသိမ်းခဲ့သလဲ?


ဘာကြောင့်လဲဆိုတော့ သူ.မှာ Personal Mastery လို.ခေါ်တဲ့ အရာတစ်ခု ရှိနေလို.ပါပဲ။


Personal Mastery ဆိုတာ ဘာလဲ?


Personal Mastery ဆိုတာ ကိုယ့်ရဲ. အကောင်းဆုံးကို နေ.စဉ်ထုတ်သုံးနိုင်ခြင်းပါပဲ။ စာဖတ်သူတို. ကြုံဖူးပါလိမ့်မယ်။ မြင်ဖူး ခံစားဖူးပါလိမ့်မယ်။

တချို.ရက်တွေဆိုရင် အိပ်ယာထ ကတည်းက တက်တက်ကြွကြွ နဲ. ရုံးသွား ၊ ရုံးမှာလဲ အရမ်းကို Productive ဖြစ်ခဲ့ ၊ အိမ်ပြန်ရောက်တော့လည်း မိသားစု နဲ. အစစ အရာရာ အဆင်ပြေ ကြည်နှုး …
ညအိပ်ရာဝင်တဲ့ အထိ ဆိုပါတော့ .


ကျွန်တော် မေးခွန်းလေး တစ်ခု မေးပါရစေ။
အဲဒီလို ရက်မျိုးက တစ်လမှာ ဘယ်နှစ်ရက်လဲ ?


တချို. အတွက်ကတော့ တစ်လ မှာ (၁) ရက်ပဲ ဖြစ်ပါလိမ့်မယ်။

ဒါဆိုဘယ်လိုမျိုး အရမ်းတက်ကြွအောင်မြင်ပြီး Productive ဖြစ်တဲ့ ရက်မျိုးသာ နေ.တိုင်းသာ ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ?


နေ.တိုင်း အဲလိုနေ.ရက်မျိုး ဖြစ်လို.ကော ရလား?


NLP ( Neuro Linguistic Programming) ကို သုံးပြီး ပြုလုပ်ရင် ရပါတယ်။

NLP မှာ ပါတဲ့ Tools တွေကို ကျင့်သုံးပြီး Personal Mastery ကို အလွယ်တကူ ဖန်တီးယူလို. ရပါတယ်။


NLP ဆိုတာ ဘာလဲ ဆိုရင် …


NLP ဆိုတာ ကိုယ်လိုချင်တဲ့ အရာ၊အောင်မြင်မှုတစ်ခုခုကို အမြဲတစ်စေ ရနိုင်ဖို. ကိုယ့်ရဲ.စိတ် ဘယ်လိုတွေးတယ် ၊ဘယ်လိုပြုမှု ဆောင်ရွက်သလဲဆိုတာကို လေ့လာတဲ့ နည်းပညာ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။
ဥပမာ- NLP Technique တွေကို အသုံးပြုပြီးတော့ ကြောက်စိတ်၊ အားငယ်စိတ်၊ ပျင်းရိစိတ်
တွေကို second ပိုင်း/ မိနစ်ပိုင်းအတွင်း တက်ကြွမှု၊ ရဲရင့်မှု အစရှိသည့် အားအင်တွေ (Positive Energy) အဖြစ်ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။


Neuro Linguistic Programming (NLP)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


Neuro ▄ ဆိုတာကတော့ ကျွန်တော်တို. နိစ္စဒူဝ အသုံးပြုနေတဲ့ အမြင်၊ အကြား၊ အထိ အတွေ.၊ အနံ. ၊ အရသာ ဆိုတဲ့ အာရုံငါးပါးကို အသုံးပြုပြီးရလာတဲ့ အတွေ.အကြုံကို သိရှိခံစားတဲ့ အာရုံကြော ဖွဲ.စည်းမှု တစ်ခုဖြစ်ပါတယ်။


Linguistic ▄ ဆိုတာကတော့ ကျွန်တော်တို.မှာရှိနေတဲ့ အာရုံငါးပါးကို အသုံးပြုတဲ့ ဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်ပါတယ်။

ဥပမာ မြင်ရတဲ့ ပုံရိပ်တစ်ခု၊ ကြားရတဲ့ အသံတစ်ခု၊ ခံစားရတဲ့ ခံစားချက်တစ်ခု ၊ အနံ.ခံကြည့်ခြင်း ၊ အရသာခံကြည့် နှင့် ကိုယ့်ဘာသာ တစ်ကိုယ်တည်း စကားပြောနေခြင်း တို.ဖြစ်ပါတယ်။

(ဥပမာ နံနက်စာ မုန်.ဟင်းခါး ဆိုပါစို.)
မိမိ အိပ်ယာပေါ်မှာ ထိုင်ရင်း နှင့်ပင် မုန်.ဟင်းခါးကို မြင်ကြည့်လို. ရပါတယ်
မုန်.ဟင်းခါးဆိုင်မှာ ပြောနေတဲ့ အသံတွေကို ကြားယောင် ကြည့်လို့ရပါတယ် (မုန့်ဟင်းခါး တစ်ပွဲဗျို .ပဲကြော်နဲ့)

မုန်.ဟင်းခါး ပွဲရဲ. အနံ.ကို သိနိုင်ပါတယ်
အရသာခံကြည့်ပါ
မုန်.ဟင်းခါး စားလိုက်ရတဲ့ ခံစားချက် ကိုလည်း ခံစား ကြည့်လိုက်ပါ
အထက်ပါ အကြောင်းအရာတွေဟာ မုန်.ဟင်းခါးဆိုင် သွားစရာမလိုဘဲ ပြုလုပ်လို.ရပါတယ်။


Programming ▄ ဆိုတာ computer program တစ်ခု run နေသလိုပါပဲ။
ကျွန်တော်တို. နေ.စဉ် အာရုံငါးပါးကို အသုံးချပြီး ပြုလုပ်တဲ့ အရာတွေဟာ ကျွန်တော်တို. ရဲ. Habit (အလေ့အကျင့်) တွေဖြစ်လာရတာပါ။
NLP Technique တွေကို အသုံးပြုပြီး ကျွန်တော်တို.ရဲ. အမူအကျင့်၊ အတွေးအခေါ်၊ အလေ့အကျင့် တွေကို မိမိလိုချင်တဲ့ ပုံစံအတိုင်း ပြန်လည်ဒီဇိုင်းဆွဲ နိုင်မှာ ဖြစ်ပါတယ်။


NLP ကိုတီထွင်ခဲ့တဲ့ ကျွန်တော့ ဆရာ Dr. Rchard Bandler ပြောသလိုဆိုရင် ကျွန်တော်တို.ဟာ ကျွန်တော်တို.ရဲ. ဘဝ ဇာတ်လမ်းကို ရိုက်ကူးနေကြတဲ့ ဒါရိုက်တာတွေ ဖြစ်ပါတယ်။
ကိုယ့်ဇာတ်လမ်းကို ပျော်ရွှင်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ ၊ အောင်မြင်မှုတွေနှင့် ရှိနေချင်ပါသလား၊ ဒါမှမဟုတ် အလွမ်း အဆွေး ဇာတ်ကားဖြစ်ချင်ပါသလား။
မိမိကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ ထိုမှတဆင့် မိမိဇာတ်ကားထဲမှာ ပါဝင်မည့် မိမိရဲ. Team member တွေကို ဘယ်လိုတွေးသလဲ၊ ဘယ်လို ဆုံးဖြတ်ချက်ချသလဲ အစရှိသည်တို.ကို
သိရှိခြင်းအားဖြင့် သူတို.ကို ကောင်းမွန်စွာ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။


Breakthrough to SUCCESS (B2S) Module 1 (2 Days)


Upcoming Class in Taung Gyi
-----------------------------


နေ.ရက် ။ ။ 10 - 11 June 2017

အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ (၆) နာရီ အထိ

နေရာ ။ ။ Royal Taunggyi Hotel

Thit Taw Ward, Taunggyi-Hopone Road ,Taunggyi Township, Southern Shan State.



Normal price : ကျပ်(၄) သိန်း


Early bird : ကျပ် (၁.၅) သိန်း


(ပထမဦးဆုံး အပ်နှံသည့် အယောက် ( ၂၀) အတွက်သာ)


(OR)


၂ ယောက်တွဲ အပ်နှံမည် ဆိုပါက အထူး ဈေးနှုန်း အနေဖြင့် ( ၂၇၀,၀၀၀) သာ ကျသင့်မည် ဖြစ်ပါသည်။


Please contact for more information.


Phone number: 09 4517 50051, 09 42832 9733
Email: info@myanmarexcellence.com


Seats are very limited, please contact now for registration.
လူဦးရေကန့်သတ်ထားပါသည်။


လေးစားစွာဖြင့်


Pyay Khai


Asia's Top Success Coach
Certified NLP Trainer & Coach
Certified Hypnosis Trainer
Certified John Maxwell Coach, Trainer & Speaker
Master Trainer & Coach at Myanmar Excellence Institute - MEI




#EmpoweringLivesEveryDay
#MEI

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။