ထိုင်းနိုင်ငံ ပညာရေးစနစ် အပြောင်းအလဲသစ်
●—————————————
ကျောင်းစာသင်နှစ် အသစ်နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာတွေ ထိုင်းပညာရေးစနစ်မှာ ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံမှာ အခု စစ်အစိုးရသစ်က Thailand Economy 4.0 ဆိုတဲ့ စီးပွားရေး စီမံကိန်းချမှတ်ထားတဲ့အကြော င်း၊
အဲဒီ စီမံကိန်းနဲ့ အညီ ပညာရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲဖို့
ကြိုးစားနေကြောင်း ကျနော် ရေးခဲ့ပြောခဲ့ဖူးပါတယ်။ Thailand Economy 4.0
ဆိုတာကတော့ အခုလို စဉ်းစားချက်အပေါ် အခြေခံတာပါ။ ကွန်ပြူတာ ဗားရှင်း
(Version) တွေလို တခုပြီး တခု တိုးတက်လာတဲ့ သဘောပါ။ ထိုင်းစီးပွားရေး 1.0
ကတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးစနစ်ပါ။ ထိုင်းစီးပွားရေး
2.0 ကတော့ စားသောက်ကုန်ထုတ်လုပ်ငန်းနဲ့  အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဖြတ်ကျော်ခဲ့ပြီးပါပြီ။ ထိုင်းစီးပွားရေး 3.0
ကတော့ စွမ်းအင်နဲ့ အကြီးစားစက်မှု လုပ်ငန်း (ကားထုတ်လုပ်ငန်း.. စသည်ဖြင့်)
ကို အခြေပြုတာပါ။ အခုထိုင်းနိုင်ငံ စီးပွားရေး GDP ရဲ့ ၇၀ ရာခိုင်နှုန်း
လောက် ရှိပါတယ်။ အဲဒီကနေ နောက်တဆင့် စီးပွားရေး 4.0 ကို တွန်းတင်မယ်ဆိုတဲ့
သဘောပါ။ 4.0 ဆိုတာကတော့ အဆင့်မြင့်နည်းပညာ (high-tech) အခြေပြု
စီးပွားရေးကို တွန်းတင်ဖို့ပါ။ ဒီစီးပွားရေး မူဝါဒကို ၂၀၁၆ ခုနှစ်မှာ
ကြေညာခဲ့ပါတယ်။
သဘောကတော့ ထိုင်းနိုင်ငံကို ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံ အဆင့်မှာ ပိတ်မိနေတဲ့ ထောင်ချောက်ကနေ ကျော်လွှား ရုန်းထွက်ပြီး၊ ဝင်ငွေကောင်းတဲ့ နိုင်ငံအဖြစ် ငါးနှစ်အတွင်း ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။ ထိုင်းလူထုရဲ့ ၅၆ ရာခိုင်နှုန်း ကပဲ အင်တာနက် သုံးနိုင်ပါသေးတယ်။ ဟိုက်တက်ခ် လုပ်သားထုတွေ ထုတ်ဖို့ ခက်ခဲနိုင်ပါသေးတယ်။ အဲဒါအပြင် အခု ထိုင်းစီးပွားရေး 4.0 မှာ အခြေခံ အဆောက်အဦ၊ သယ်ယူ ပို့ဆောင်ရေး၊ စာတိုက် စနစ်၊ အွန်လိုင်း ငွေပေးချေစနစ်တွေကို မြှင့်တင်ဖို့ပါ လျာထားချက်ရှိပါတယ်။ ဒီရည်မှန်းချက်နဲ့အညီ ပညာရေးကိုလည်း အခုရည်မှန်းချက်နဲ့ အညီ ပြင်ဆင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ (AEC) အာဆီယံ စီးပွားရေး အသိုက်အဝန်း ပေါင်းစည်းမှုအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ရေး ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
ယခု နှစ်သစ်မှာ ထိုင်းတက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေအတွက် အစိုးရက ဘတ် ၂ ဒသမ ၅ ဘီလီယံ (USD ၇၁ သန်း ကျော်) ကို လျာထားပေးခဲ့ပါတယ်။ ထိုင်းစီးပွားရေး 4.0 ဆိုတဲ့ မူဝါဒကို မြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ် ၂၇ ခုမှာ စီးပွားဖြစ် သုတေသနလုပ်ငန်းများ (research projects with commercial purposes) အတွက် ဘတ် ၁၉၀ ဘီလီယံ (USD ၅ ဒသမ ၄ ဘီလီယံ) သုံးစွဲဖို့ အပိုဆောင်း ချထားပေးငွေထဲက သုတေသနလုပ်ငန်းတွေအတွက် ရရှိမှာ ဖြစ်ပါတယ်။
အဲဒီငွေတွေထဲက ပထမ ဘတ် ၁ ဒသမ ၅ ဘီလီယံကို တက္ကသိုလ်အုပ်စုတွေမှာ တီထွင်ဆန်းသစ်မှုစင်တာများ (innovation centres) ထူထောင်ဖို့ သုံးမှာ ဖြစ်ပါတယ်။ အဲဒီမှာ အစားအသောက်နဲ့ စိုက်ပျိုးရေး၊ အိုမင်းလာသော လူ့အဖွဲ့အစည်း (ageing society)၊ စမတ်မြို့ပြများ (smart cities)၊ စွမ်းအင်၊ တီထွင်ဆန်းသစ် စီးပွားရေး (creative economy) စသော ကဏ္ဍများကို စီးပွားဖြစ် သုတေသနလုပ်ငန်းများ စတင် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
ဘတ် ၁ ဘီလီယံကိုတော့ နည်းပညာဖွံ့ဖြိုးမှု အစီအစဉ် နှစ်ခုအတွက် သုံးမှာဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက် ဘတ် သန်း ၅၀၀ ကို ကဆက်ဆတ်တက္ကသိုလ်မှာ ဇီဝနည်းပညာ (biotechnology) သုတေသနတွေ အတွက်၊ ကျန်ဘတ် သန်း ၅၀၀ ကို မဟီဒေါ တက္ကသိုလ်မှာ ဇီဝဆေးပညာ အင်ဂျင်နီယာရင်း သုတေသန (biomedical engineering research) အတွက် သုံးမှာ ဖြစ်ပါတယ်။
အဲဒါအပြင် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပစ်မှတ်ထားတဲ့ ကဏ္ဍတွေမှာ ပညာရေးကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နည်းပညာ အုပ်စုများ (technology groups) ငါးခုကိုလည်း အခွန် လျော့ပေါ့ပေးမယ်လို့ ဆိုပါတယ်။ ဒီအခါမှာ ထိုင်းနိုင်ငံ အနေနဲ့ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးမှု (R&D) အသုံးစရိတ်က ဂျီဒီပီရဲ့ ၀ ဒသမ ၅ - ၀ ဒသမ ၆ ရာခိုင်နှုန်း သုံးနေရာကနေ တစ် ရာခိုင်နှုန်းအထိ (တနှစ်ကို သုံးငွေ ဘတ် ၁၃၀ ဘီလီယံ) မြင့်လာမယ်ဆိုပါတယ်။ တောင်ကိုရီးယားကတော့ R&D မှာ GDP ရဲ့ လေးရာခိုင်နှုန်း အထိ အသုံးပြုနေပါတယ်။ အစိုးရ တာဝန်ရှိသူတွေက ယခု ထောက်ပံ့မှုတွေကနေ ကျေနပ်စရာ ရလဒ် ဖြစ်ပေါ်လာရင် ပိုတိုးပြီး ရန်ပုံငွေ ချပေးမယ်လို့လည်း ကတိပေးပါတယ်။ ထိုင်းနိုင်ငံမှာ သုတေသနလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက တက္ကသိုလ်တွေမှာ ဆောင်ရွက်နေကြတာပါ။
အခု စနစ်သစ်အရ သက်မွေးဝမ်းကျောင်း ကျောင်းသား၊ ဟိုက်တက်ခ်နည်းပညာ ကျောင်းသားတွေကို တိုးမြှင့်သင်ကြား ဖို့ပါ။ ဒီလို သင်ကြားတဲ့အခါ ထိုင်း ပညာရေးဝန်ကြီးဌာနက ဆိုတာက ယခု ပညာရေးစနစ်သစ်မှာ ကုမ္ပဏီတွေမှာ အလုပ်သင်စနစ် (apprenticeships) နဲ့ သက်မွေးဝမ်းကျောင်းပညာရေး ပေါင်းစည်းမယ့် နှစ်လမ်းသွားစနစ် (dual system) ကိုလည်း သုံးသွားမယ် ဆိုပါတယ်။ ခုအချိန်မှာ သက်မွေးဝမ်းကျောင်း ကျောင်းသားနဲ့ အထွေထွေကျောင်းသား အချိုးက 38:62 ရှိနေရာကနေ၊ နှစ် ၂၀ စီမံကိန်းပြီးတဲ့အခါ 60:40 အချိုးရောက်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးက ကျောင်းတွေမှာ မြန်နှုန်းမြင့် အင်တာနက် (high-speed internet access) ရရှိနိုင်မှုကို ၉၀ ရာခိုင်နှုန်းသော ကျောင်းတွေမှာ ဆောင်ရွက်သွားမယ်၊ မဟာဗျူဟာသစ်အရ ကျေးလက်ဒေသက ကျောင်းတွေမှာ တန်းတူညီမျှစွာ ရင်းမြစ်များ ရရှိခွဲဝေပေးရေးလည်း ပါဝင်ပါတယ်။ "ထိုင်းနိုင်ငံ သက်မွေးဝမ်းကျောင်း ပညာရေးရဲ့ ရွှေခေတ်"လို့တောင် တင်စား ပြောဆိုနေကြပါတယ်။ ဒီကိစ္စအတွက် သူတို့က သက်မွေး ဝမ်းကျောင်းပညာရေး ကော်မရှင် (Office of Vocational Education Commission_OVEC) ဖွဲ့လို့ ဆောင်ရွက်နေကြပါတယ်။
လာမယ့် ပညာသင်နှစ် ၂၀၁၈ မှာ တက္ကသိုလ်ဝင်ခွင့် စနစ်ကိုလည်း အကြိမ် ငါးခု (five rounds) နဲ့ စစ်ဆေး ဝင်ခွင့်ပြုဖို့၊ ကျောင်းသားတွေ အကြား မျှတမှု ပိုဖြစ်အောင် ပြောင်းလဲပါလိမ့်မယ်။ ဒီအကြောင်း နောက်တော့ ဆက်ရေးပါမယ်။
ကျနော်တော့ အားကျ ငေးမောရပါတယ်။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလည်း မြင်လိုပါတယ်။
စာကိုး
http:// www.nationmultimedia.com/ news/business/ EconomyAndTourism/30317060
http:// www.nationmultimedia.com/ news/national/30317070
http:// www.nationmultimedia.com/ news/national/aec/30223547
■ အောင်သူငြိမ်း
(ဆောင်းပါးရှင်သည် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဖြစ်သည့်အပြင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်၏ အယ်ဒီတာလည်း ဖြစ်သည်)
●—————————————
ကျောင်းစာသင်နှစ် အသစ်နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာတွေ ထိုင်းပညာရေးစနစ်မှာ ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံမှာ အခု စစ်အစိုးရသစ်က Thailand Economy 4.0 ဆိုတဲ့ စီးပွားရေး စီမံကိန်းချမှတ်ထားတဲ့အကြော
သဘောကတော့ ထိုင်းနိုင်ငံကို ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံ အဆင့်မှာ ပိတ်မိနေတဲ့ ထောင်ချောက်ကနေ ကျော်လွှား ရုန်းထွက်ပြီး၊ ဝင်ငွေကောင်းတဲ့ နိုင်ငံအဖြစ် ငါးနှစ်အတွင်း ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။ ထိုင်းလူထုရဲ့ ၅၆ ရာခိုင်နှုန်း ကပဲ အင်တာနက် သုံးနိုင်ပါသေးတယ်။ ဟိုက်တက်ခ် လုပ်သားထုတွေ ထုတ်ဖို့ ခက်ခဲနိုင်ပါသေးတယ်။ အဲဒါအပြင် အခု ထိုင်းစီးပွားရေး 4.0 မှာ အခြေခံ အဆောက်အဦ၊ သယ်ယူ ပို့ဆောင်ရေး၊ စာတိုက် စနစ်၊ အွန်လိုင်း ငွေပေးချေစနစ်တွေကို မြှင့်တင်ဖို့ပါ လျာထားချက်ရှိပါတယ်။ ဒီရည်မှန်းချက်နဲ့အညီ ပညာရေးကိုလည်း အခုရည်မှန်းချက်နဲ့ အညီ ပြင်ဆင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ (AEC) အာဆီယံ စီးပွားရေး အသိုက်အဝန်း ပေါင်းစည်းမှုအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ရေး ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
ယခု နှစ်သစ်မှာ ထိုင်းတက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေအတွက် အစိုးရက ဘတ် ၂ ဒသမ ၅ ဘီလီယံ (USD ၇၁ သန်း ကျော်) ကို လျာထားပေးခဲ့ပါတယ်။ ထိုင်းစီးပွားရေး 4.0 ဆိုတဲ့ မူဝါဒကို မြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ် ၂၇ ခုမှာ စီးပွားဖြစ် သုတေသနလုပ်ငန်းများ (research projects with commercial purposes) အတွက် ဘတ် ၁၉၀ ဘီလီယံ (USD ၅ ဒသမ ၄ ဘီလီယံ) သုံးစွဲဖို့ အပိုဆောင်း ချထားပေးငွေထဲက သုတေသနလုပ်ငန်းတွေအတွက် ရရှိမှာ ဖြစ်ပါတယ်။
အဲဒီငွေတွေထဲက ပထမ ဘတ် ၁ ဒသမ ၅ ဘီလီယံကို တက္ကသိုလ်အုပ်စုတွေမှာ တီထွင်ဆန်းသစ်မှုစင်တာများ (innovation centres) ထူထောင်ဖို့ သုံးမှာ ဖြစ်ပါတယ်။ အဲဒီမှာ အစားအသောက်နဲ့ စိုက်ပျိုးရေး၊ အိုမင်းလာသော လူ့အဖွဲ့အစည်း (ageing society)၊ စမတ်မြို့ပြများ (smart cities)၊ စွမ်းအင်၊ တီထွင်ဆန်းသစ် စီးပွားရေး (creative economy) စသော ကဏ္ဍများကို စီးပွားဖြစ် သုတေသနလုပ်ငန်းများ စတင် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
ဘတ် ၁ ဘီလီယံကိုတော့ နည်းပညာဖွံ့ဖြိုးမှု အစီအစဉ် နှစ်ခုအတွက် သုံးမှာဖြစ်ပါတယ်။ အဲဒီထဲက တစ်ဝက် ဘတ် သန်း ၅၀၀ ကို ကဆက်ဆတ်တက္ကသိုလ်မှာ ဇီဝနည်းပညာ (biotechnology) သုတေသနတွေ အတွက်၊ ကျန်ဘတ် သန်း ၅၀၀ ကို မဟီဒေါ တက္ကသိုလ်မှာ ဇီဝဆေးပညာ အင်ဂျင်နီယာရင်း သုတေသန (biomedical engineering research) အတွက် သုံးမှာ ဖြစ်ပါတယ်။
အဲဒါအပြင် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပစ်မှတ်ထားတဲ့ ကဏ္ဍတွေမှာ ပညာရေးကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နည်းပညာ အုပ်စုများ (technology groups) ငါးခုကိုလည်း အခွန် လျော့ပေါ့ပေးမယ်လို့ ဆိုပါတယ်။ ဒီအခါမှာ ထိုင်းနိုင်ငံ အနေနဲ့ သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးမှု (R&D) အသုံးစရိတ်က ဂျီဒီပီရဲ့ ၀ ဒသမ ၅ - ၀ ဒသမ ၆ ရာခိုင်နှုန်း သုံးနေရာကနေ တစ် ရာခိုင်နှုန်းအထိ (တနှစ်ကို သုံးငွေ ဘတ် ၁၃၀ ဘီလီယံ) မြင့်လာမယ်ဆိုပါတယ်။ တောင်ကိုရီးယားကတော့ R&D မှာ GDP ရဲ့ လေးရာခိုင်နှုန်း အထိ အသုံးပြုနေပါတယ်။ အစိုးရ တာဝန်ရှိသူတွေက ယခု ထောက်ပံ့မှုတွေကနေ ကျေနပ်စရာ ရလဒ် ဖြစ်ပေါ်လာရင် ပိုတိုးပြီး ရန်ပုံငွေ ချပေးမယ်လို့လည်း ကတိပေးပါတယ်။ ထိုင်းနိုင်ငံမှာ သုတေသနလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက တက္ကသိုလ်တွေမှာ ဆောင်ရွက်နေကြတာပါ။
အခု စနစ်သစ်အရ သက်မွေးဝမ်းကျောင်း ကျောင်းသား၊ ဟိုက်တက်ခ်နည်းပညာ ကျောင်းသားတွေကို တိုးမြှင့်သင်ကြား ဖို့ပါ။ ဒီလို သင်ကြားတဲ့အခါ ထိုင်း ပညာရေးဝန်ကြီးဌာနက ဆိုတာက ယခု ပညာရေးစနစ်သစ်မှာ ကုမ္ပဏီတွေမှာ အလုပ်သင်စနစ် (apprenticeships) နဲ့ သက်မွေးဝမ်းကျောင်းပညာရေး ပေါင်းစည်းမယ့် နှစ်လမ်းသွားစနစ် (dual system) ကိုလည်း သုံးသွားမယ် ဆိုပါတယ်။ ခုအချိန်မှာ သက်မွေးဝမ်းကျောင်း ကျောင်းသားနဲ့ အထွေထွေကျောင်းသား အချိုးက 38:62 ရှိနေရာကနေ၊ နှစ် ၂၀ စီမံကိန်းပြီးတဲ့အခါ 60:40 အချိုးရောက်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးက ကျောင်းတွေမှာ မြန်နှုန်းမြင့် အင်တာနက် (high-speed internet access) ရရှိနိုင်မှုကို ၉၀ ရာခိုင်နှုန်းသော ကျောင်းတွေမှာ ဆောင်ရွက်သွားမယ်၊ မဟာဗျူဟာသစ်အရ ကျေးလက်ဒေသက ကျောင်းတွေမှာ တန်းတူညီမျှစွာ ရင်းမြစ်များ ရရှိခွဲဝေပေးရေးလည်း ပါဝင်ပါတယ်။ "ထိုင်းနိုင်ငံ သက်မွေးဝမ်းကျောင်း ပညာရေးရဲ့ ရွှေခေတ်"လို့တောင် တင်စား ပြောဆိုနေကြပါတယ်။ ဒီကိစ္စအတွက် သူတို့က သက်မွေး ဝမ်းကျောင်းပညာရေး ကော်မရှင် (Office of Vocational Education Commission_OVEC) ဖွဲ့လို့ ဆောင်ရွက်နေကြပါတယ်။
လာမယ့် ပညာသင်နှစ် ၂၀၁၈ မှာ တက္ကသိုလ်ဝင်ခွင့် စနစ်ကိုလည်း အကြိမ် ငါးခု (five rounds) နဲ့ စစ်ဆေး ဝင်ခွင့်ပြုဖို့၊ ကျောင်းသားတွေ အကြား မျှတမှု ပိုဖြစ်အောင် ပြောင်းလဲပါလိမ့်မယ်။ ဒီအကြောင်း နောက်တော့ ဆက်ရေးပါမယ်။
ကျနော်တော့ အားကျ ငေးမောရပါတယ်။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလည်း မြင်လိုပါတယ်။
စာကိုး
http://
http://
http://
■ အောင်သူငြိမ်း
(ဆောင်းပါးရှင်သည် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဖြစ်သည့်အပြင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်၏ အယ်ဒီတာလည်း ဖြစ်သည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။