နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ added 13 new photos.
ရေမှာ အသွင်မရှိဘူး။
ရေဟာ ခွက်ထဲထည့်ရင် ခွက်ဖြစ်လာတယ်။
ရေကို အိုးထဲထည့်ရင် အိုးဖြစ်လာတယ်။
ရေကို ဆုပ်ကိုင်လို့ မရပါဘူး။
သို့သော်...
ဘယ်လောက် မာကျောတဲ့အရာကိုမဆို
ပျောက်သွားအောင် တိုက်စားပစ်နိုင်စွမ်း ရှိတယ်။
သဲကြီးမဲကြီး မိုးတစ်ကြိမ်ရွာချလို့
တောင်တစ်တောင် မပြိုဘူး။
ဒါပေမယ့် ရေတစ်စက်ချင်းစီကို
ကျောက်ဆောင်ပေါ်ချတဲ့အခါ
ပေါက်ပါ ထွက်နိုင်တယ်။
အဲ့သလိုပဲ... တိုက်ကွက် တစ်သောင်းကို တစ်ကြိမ်ထဲ
လေ့ကျင့်ထားသူဆိုရင် ဂရုစိုက်စရာကို မလိုဘူး။
သို့သော်... တစ်ကွက်ထဲကို အကြိမ်တစ်သောင်း
လေ့ကျင့်ထားသူဆိုရင် သတိကောင်းကောင်းထား။
တိကျမှုက အားအင်ကို ပြိုလဲစေနိုင်တယ်။
အချိန်ကိုက်မှုက မြန်နှုန်းကို ကျော်လွှားပစ်နိုင်တယ်။
တိကျစွာ အချိန်ကိုက် လှုပ်ရှားရုံနဲ့
အားပြင်းတဲ့ ဘယ် မြန်နှုန်းကိုမဆို
ခင်ဗျား ကောင်းကောင်းကြီးကို အလဲထိုးနိုင်တယ်။
ဦးနှောက်ကိုရှင်းပြီး အသွင်ဖျောက်ထားပါ။
ရေလို ခင်ဗျားဟာ ပုံပြောင်းနိုင်တယ်။
အသုံးဝင်တာကို ဖမ်းဆုပ်ပါ။
အသုံးမဝင်တာဆို စွန့်ပယ်ပါ။
ကိုယ်ပိုင် ဆန်းသစ်မှုများနဲ့ ပေါင်းစပ်ရင်း
ကိုယ်ပိုင် လက္ခဏာ တစ်ခုကို ထုတ်ဖော်ပါ။
Credit - မှတ်စုကြမ်း kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။