တစ်ချိန်တုန်းက ဒီမိုကရေစီခေတ်က တပ်မတော်...
အသက် ၇၅ နှစ်လောက်ရှိပြီဖြစ်တဲ့ လေတပ်က လေယာဉ်အုပ်တစ်ခုမှာ အလုပ်သမားလုပ်ခဲ့ဘူးတဲ့ အဖိုးကြီးတစ်ယောက်က ရှေးဟောင်းအောင်းမေ့ဖွယ်ရာေ တွ
ကို လွမ်းတသသနဲ့ပြောပြတယ်...တော်လှန်ရေးကောင်စီမတက်ခင်ကနဲ့ တက်ပြီးနောက် နှစ်အနည်းငယ်ကြာကာလအထိပေါ့. ...
အဲတုန်းက Pilot တစ်ယောက်ရဲ့အနေအထား..pilot တစ်ယောက်မှာ pilot ration ဆိုတာရတယ်..
- တစ်ပေါင်အပြည့် India ကလာတဲ့ ပေါင်မုန့်၁လုံး တစ်နေ့စာ
-ကတ်ဗြူရီ ချောကလက် တလကို ၄၈ပြား(၄၈ြ့ပားပါသံဗူးကြီး)..လေယာဉ် ၁ နာရီမောင်းရင် တစ်ပြားအပိုရသေးတယ်
-တူနှစ်လက်ထောပတ် ၁ လ ၂ဗူး
-အင်္ဂလန်ကလာတဲ့ ဘီစကွတ် ၁၀ပိသာဝင်သံပုံးနဲ့ တစ်လ တစ်ပုံး
-နိုးစိမ်းဗူး တစ်ပတ် ၁ ဗူး
-အင်္ဂလန်ကလာတဲ့ ချိုချဉ် တစ်ပတ် ၁ ထုပ်
-lipton လဘက်အချိုခြောက် သံဗူး
-အဂ်င်္လန်ကလာတဲ့ စတော်ဘယ်ရီယိုဗူး
ဒါတွေက pilot တွေရယ် လေယာဉ်ပေါ်မှာ လိုက်ပါတာဝန်ထမ်းရတဲ့ အခြားအဆင့် crew တွေကလည်း သူ့အချိုးနဲ့သူရကြတယ်...
နောက်တပ်မတော်သားတိုင်းရတဲ့ ရိက္ခာက အစိုနဲ့အခြောက် ၂ မျိုး..အစိုက နေ့စဉ်အိမ်တွေကို လိုက်ပို့တယ်..အသားတစ်မျိုး .အသီးရွက်တစ်မျိုး.ကြက်သွန် ဖြူနီ
မိသားစု၎ ယောက် ကောင်းကောင်းစားလောက်တယ်..တ စ်ပတ်တစ်ခါ ရိက္ခာခြောက်က ဆန် ၂ပြည်.ကုလားပဲ.နိုင်ငံခြားနို့ဆီ ၁ဗူး.ဆီ ၄၀ကျပ်သား.သကြား.
လဘက်ခြောက်.ဆား.ငပိ.ငရုပ်သီးခြောက်..
.
ဗိုလ်မှုးအဆင့်က လစာ ၈၀၀ ကနေ ၁၀၀၀ကျပ်..ရွှေဈေးက တစ်ကျပ်သား ၂၀၀ ကျပ်..ဆီတစ်ပုံး ၂ကျပ်.ကြက်ဥဆယ်လုံး ၁ကျပ်.ကြက်သားတစ်ပိသာ ၅ကျပ်.
ဝက်သားတစ်ပိသာ ၄ ကျပ်.အော်စတင်ကားတစ်စီး ၅၀၀၀ကျပ်..
ကလေး ၂ယောက်ရပြီး တပ်ထဲကို လူပျိုဆိုပြီးဝင်လာတဲ့ ရဲဘော်သစ်က တစ်လခ ၈၂ ကျပ်..သူသုံးဖို့ ၂၂ ကျပ်ချန်ပြီး ၆၀ကျပ်ကို မိသားစုဆီပို့တော့ မိန်းမက
လောက်ငှရုံမက ရွှေလေးဘာလေးဝယ်နိုင်သေးတယ်. .အဲဒီရဲဘော်က တနင်္ဂနွေပိတ်ရက်ဆို မြို့ထဲထွက်ရုပ်ရှင်ကြည့်.. ဖာလူဒါသောက်.ခေါက်ကင်နဲ့ဆီချက်စား
အရက်ကလေးသောက် ၅ ကျပ်ဆို OK...ဘာမှမဟုတ်တာဆိုတာ အကျင့်ပျက်တာမျိုးမလုပ်ကြ.. လုပ်စရာလည်းမလို..တာဝန်မှ တာဝန်ပဲ..အရာရှိနဲ့ရဲဘော်
နိုင်ငံတော်ကသတ်မှတ်ချက်အတိုင်းခံစား..ကွာသင့်သလောက်ပဲ ကွာတယ်..
.
လေတပ်မှာဆို အရာရှိ ရဲဘော် နိုင်ငံခြားမသွားဘူးသူ ခပ်ရှားရှား..သွားရတဲ့နိုင် ငံက အင်္ဂလန် အမေရိကား..တစ်ချို့ရဲဘော်တွေ အင်္ဂလန်မှာ ၄ နှစ်သင်တန်းတက်
ရင်း ကရာတေးခါးပတ်အနက်တွေဘာတွေရ. .အင်္ဂလန်သူနဲ့ရည်းစားဖြစ်သူက ဖြစ်ကြပေါ့..အကြီးဆုံးက အငယ်ဆုံးအထိ ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့
ခံစားခွင့်တွေအတိုင်းပဲ..
.
အခုပြောပြတဲ့ အဘိုးအိုက အလုပ်သမားဆိုပေမယ့် နေ့စဉ်စားဖို့က ရိပ်သာသွားစားရုံပဲ..လခကသတ် သတ် ဘာမှပူပင်စရာမလို...
ရဲဘော်ရိပ်သာတွေမှာ ထမင်းစားရင် ကော်လာပါတဲ့ အကျီင်္နဲ့မှ..ဇွန်းခက်ရင်းနဲ့ မစားရင် RP က အရေးယူမှာ..အသားမပါတဲ့နေ့ဆိုတာ တနင်္ဂနွေတစ်ရက်ပဲ သီးစုံ
ပဲဟင်း..တစ်ပတ်တစ်ခါ special dinner က ရှယ်..Dinner coat အဖြူ..ဘောင်းဘီအရှည်အနက်..ရှပ်အကီင်္ျအဖြူနဲ့ smart..အဲဒီ dinner coat ကို အခု ညစား
စားပွဲတွေမှာ ဗခမင်းအောင်လှိုင်တို့ ပြန်ဝတ်လာတာတွေ့ရတယ်..ခေါင်းဆီမလိမ်း ဆံပင်မဖြီးလို့မရ..ရှုးဖိနပ် ဆိုတာ ပြောင်နေမှ..တပ်ထိန်းရဲဘော် တွေကိုလည်း
စစ်စည်းကမ်းနဲ့ပတ်သက်ရင် အရာရှိလည်းမရဘူး..အရေးယူခံရ မယ်..အရာရှိက တပ်ထိန်းကိုလည်း စည်းကမ်းနဲ့ပတ်သက်လာရင် လေးစားရတယ်..တာဝန်ပဲ..
တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက်ပိုင်း အထက်ပါခံစားခွင့်တွေဟာ တဖြည်းဖြည်းနဲ့စာရွက်ပေါ်မှာ ပဲရှိတော့တယ်...အကျင့်စာရိတ္တပျက်ဆီးမှုတွေလည်း
တဖြည်းဖြည်းတိုးလာပြီး မညီမျှမှုတွေဖြစ်လာရော..တာဝန်တို့ စိတ်ဓာတ်တို့ပါ ယိုယွင်းလာပြီး တာဝန်ဆိုတာထက် အကြံအဖန်ရမယ့်နေရာကို မက်မောလာကြ
ရော...
.
ဒီအတွက် အထက်ကိုဖားတဲ့အကျင့် အနိုင်ကျင့်တဲ့စရိုက်တွေဝင် လာတယ်..အရင်က ရာထူးကြီးတာ ငယ်တာထက် အပြန်အလှန်တာဝန်ကိုလေးစားကြ တယ်..
အခုနောက်ပိုင်း ငယ်သူရဲ့တာဝန်ကို ကြီးသူက မလေးစားတော့..ဒီလိုနဲ့ တာဝန်အပေါ် ဂုဏ်ယူတန်ဘိုးထားစိတ်တွေပျောက်..စားဝတ်နေရေးမလောက်ငတော့ 
အကျင့်ပျက်..ဒီလိုနဲ့တပ်ထဲမှာ မညီမျှမှုတွေဖြစ်..လက်သင့်ရာ စားတော်ခေါ်..အထက်ကိုဖားရတော့  အထက်ကဗိုလ်ကျ..ရဲဘော်ရဲဘက်စိတ်တွေပျောက်..
အထက်က အာဏာရှင်တွေဖြစ်..အောက်က အထက်ကိုဖား လည်သလိုစား တာဝန်ဆိုတာ အခွင့်ရေးလို့မြင်လာတဲ့ ဒီနေ့ တပ်မတော်ခေတ်ကို ရောက်လာခဲ့တာပဲ.
.
ဒီအကြောင်းတွေပြောပြရတာက အခု ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ သိက္ခာရှိတဲ့ တပ်မတော်ဆိုတာ ဘယ်လိုလည်းဆိုတာ မျက်စီထဲမြင်လာနိုင်အောင်
ပါ...ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်တဲ့ ဖြစ်စေချင်တဲ့ တပ်မတော်ဆိုတာ အထက်ဖော်ပြခဲ့တဲ့ တပ်မတော်မျိုးပဲ..တကယ်တော့ အဲလိုစစ်တပ်မျိုးကို စစ်သား
အများစုကြီးက ကြိုက်ကြမှာပါပဲ..မျှော်လင့် ကြမှာပါပဲ..သတ်မှတ်ချက်ထက် ပိုပြီးခံစားချင်တဲ့ အကျင့်ပျက်သူတစ်စုနဲ့ ဒါမှမဟုတ် အရင်က ခေတ်မီ အဆင့်မီ
တပ်မတော်ဆိုတာ မသိကြသူတွေကလွဲရင် အဘိုးအိုပြောသွားတဲ့ တပ်မတော်မျိုးကို အခုခေတ် သာမာန်စစ်သည်တွေ မမျှော်ပဲရှိပါမလား...
အဲလို အရင်ကရှိခဲ့ပြီး အခုတော့ အိမ်မက်ထဲ ရောက်နေတဲ့ တပ်မတော်တစ်ရပ်ပေါ်ပေါက်လာဖို့ ဒီမိုကရေစီရမှဖြစ်မယ်ဆိုတာ နားလည်ကြပေတော့ စစ်သည်
အပေါင်းတို့ရေ..
.
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သိက္ခာရှိတဲ့ ပြည်သူချစ်တဲ့ တပ်မတော်တစ်ရပ် ပေါ်ပေါက်လာအောင် ဒေါ်စုနဲ့အတူ လက်တွဲတည်ဆောက်ကြပါစို့လို့
တိုက်တွန်းပါရစေ.....့
Thetdwe Aung<credit
အသက် ၇၅ နှစ်လောက်ရှိပြီဖြစ်တဲ့ လေတပ်က လေယာဉ်အုပ်တစ်ခုမှာ အလုပ်သမားလုပ်ခဲ့ဘူးတဲ့ အဖိုးကြီးတစ်ယောက်က ရှေးဟောင်းအောင်းမေ့ဖွယ်ရာေ
ကို လွမ်းတသသနဲ့ပြောပြတယ်...တေ
အဲတုန်းက Pilot တစ်ယောက်ရဲ့အနေအထား..pilot တစ်ယောက်မှာ pilot ration ဆိုတာရတယ်..
- တစ်ပေါင်အပြည့် India ကလာတဲ့ ပေါင်မုန့်၁လုံး တစ်နေ့စာ
-ကတ်ဗြူရီ ချောကလက် တလကို ၄၈ပြား(၄၈ြ့ပားပါသံဗူးကြီး)..လေယာဉ် ၁ နာရီမောင်းရင် တစ်ပြားအပိုရသေးတယ်
-တူနှစ်လက်ထောပတ် ၁ လ ၂ဗူး
-အင်္ဂလန်ကလာတဲ့ ဘီစကွတ် ၁၀ပိသာဝင်သံပုံးနဲ့ တစ်လ တစ်ပုံး
-နိုးစိမ်းဗူး တစ်ပတ် ၁ ဗူး
-အင်္ဂလန်ကလာတဲ့ ချိုချဉ် တစ်ပတ် ၁ ထုပ်
-lipton လဘက်အချိုခြောက် သံဗူး
-အဂ်င်္လန်ကလာတဲ့ စတော်ဘယ်ရီယိုဗူး
ဒါတွေက pilot တွေရယ် လေယာဉ်ပေါ်မှာ လိုက်ပါတာဝန်ထမ်းရတဲ့ အခြားအဆင့် crew တွေကလည်း သူ့အချိုးနဲ့သူရကြတယ်...
နောက်တပ်မတော်သားတိုင်းရတဲ့
မိသားစု၎ ယောက် ကောင်းကောင်းစားလောက်တယ်..တ
လဘက်ခြောက်.ဆား.ငပိ.ငရုပ်သီ
.
ဗိုလ်မှုးအဆင့်က လစာ ၈၀၀ ကနေ ၁၀၀၀ကျပ်..ရွှေဈေးက တစ်ကျပ်သား ၂၀၀ ကျပ်..ဆီတစ်ပုံး ၂ကျပ်.ကြက်ဥဆယ်လုံး ၁ကျပ်.ကြက်သားတစ်ပိသာ ၅ကျပ်.
ဝက်သားတစ်ပိသာ ၄ ကျပ်.အော်စတင်ကားတစ်စီး ၅၀၀၀ကျပ်..
ကလေး ၂ယောက်ရပြီး တပ်ထဲကို လူပျိုဆိုပြီးဝင်လာတဲ့ ရဲဘော်သစ်က တစ်လခ ၈၂ ကျပ်..သူသုံးဖို့ ၂၂ ကျပ်ချန်ပြီး ၆၀ကျပ်ကို မိသားစုဆီပို့တော့ မိန်းမက
လောက်ငှရုံမက ရွှေလေးဘာလေးဝယ်နိုင်သေးတယ်.
အရက်ကလေးသောက် ၅ ကျပ်ဆို OK...ဘာမှမဟုတ်တာဆိုတာ အကျင့်ပျက်တာမျိုးမလုပ်ကြ..
နိုင်ငံတော်ကသတ်မှတ်ချက်အတု
.
လေတပ်မှာဆို အရာရှိ ရဲဘော် နိုင်ငံခြားမသွားဘူးသူ ခပ်ရှားရှား..သွားရတဲ့နိုင်
ရင်း ကရာတေးခါးပတ်အနက်တွေဘာတွေရ.
ခံစားခွင့်တွေအတိုင်းပဲ..
.
အခုပြောပြတဲ့ အဘိုးအိုက အလုပ်သမားဆိုပေမယ့် နေ့စဉ်စားဖို့က ရိပ်သာသွားစားရုံပဲ..လခကသတ်
ရဲဘော်ရိပ်သာတွေမှာ ထမင်းစားရင် ကော်လာပါတဲ့ အကျီင်္နဲ့မှ..ဇွန်းခက်ရင်းနဲ
ပဲဟင်း..တစ်ပတ်တစ်ခါ special dinner က ရှယ်..Dinner coat အဖြူ..ဘောင်းဘီအရှည်အနက်..ရ
စားပွဲတွေမှာ ဗခမင်းအောင်လှိုင်တို့ ပြန်ဝတ်လာတာတွေ့ရတယ်..ခေါင်
စစ်စည်းကမ်းနဲ့ပတ်သက်ရင် အရာရှိလည်းမရဘူး..အရေးယူခံရ
တော်လှန်ရေးကောင်စီတက်လာပြီ
တဖြည်းဖြည်းတိုးလာပြီး မညီမျှမှုတွေဖြစ်လာရော..တာဝန
ရော...
.
ဒီအတွက် အထက်ကိုဖားတဲ့အကျင့် အနိုင်ကျင့်တဲ့စရိုက်တွေဝင်
အခုနောက်ပိုင်း ငယ်သူရဲ့တာဝန်ကို ကြီးသူက မလေးစားတော့..ဒီလိုနဲ့ တာဝန်အပေါ် ဂုဏ်ယူတန်ဘိုးထားစိတ်တွေပျေ
အကျင့်ပျက်..ဒီလိုနဲ့တပ်ထဲမ
အထက်က အာဏာရှင်တွေဖြစ်..အောက်က အထက်ကိုဖား လည်သလိုစား တာဝန်ဆိုတာ အခွင့်ရေးလို့မြင်လာတဲ့ ဒီနေ့ တပ်မတော်ခေတ်ကို ရောက်လာခဲ့တာပဲ.
.
ဒီအကြောင်းတွေပြောပြရတာက အခု ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ သိက္ခာရှိတဲ့ တပ်မတော်ဆိုတာ ဘယ်လိုလည်းဆိုတာ မျက်စီထဲမြင်လာနိုင်အောင်
ပါ...ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်တဲ့ ဖြစ်စေချင်တဲ့ တပ်မတော်ဆိုတာ အထက်ဖော်ပြခဲ့တဲ့ တပ်မတော်မျိုးပဲ..တကယ်တော့ အဲလိုစစ်တပ်မျိုးကို စစ်သား
အများစုကြီးက ကြိုက်ကြမှာပါပဲ..မျှော်လင်
တပ်မတော်ဆိုတာ မသိကြသူတွေကလွဲရင် အဘိုးအိုပြောသွားတဲ့ တပ်မတော်မျိုးကို အခုခေတ် သာမာန်စစ်သည်တွေ မမျှော်ပဲရှိပါမလား...
အဲလို အရင်ကရှိခဲ့ပြီး အခုတော့ အိမ်မက်ထဲ ရောက်နေတဲ့ တပ်မတော်တစ်ရပ်ပေါ်ပေါက်လာဖု
အပေါင်းတို့ရေ..
.
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သိက္ခာရှိတဲ့ ပြည်သူချစ်တဲ့ တပ်မတော်တစ်ရပ် ပေါ်ပေါက်လာအောင် ဒေါ်စုနဲ့အတူ လက်တွဲတည်ဆောက်ကြပါစို့လို့
တိုက်တွန်းပါရစေ.....့
Thetdwe Aung<credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။