အောင်မြင်မှု ရရှိစေဖို့ ပြုလုပ်သင့်တဲ့ အချက်များ !
လူတိုင်းဟာ အောင်မြင်မှုဆိုတဲ့အရာကို လိုချင်ကြတဲ့ လူတွေကြီးပါပဲ၊ အောင်မြင်နေတဲ့သူတွေကလဲ ပိုမိုအောင်မြင်ဖို့နဲ့ လက်ရှိရထားတဲ့ အောင်မြင်မှုတွေကို မပျောက်သွားအောင်ကြိုးစားရပါတယ်၊
ဒီလိုပါပဲ၊ မအောင်မြင်သေးတဲ့လူတွေကလဲ အောင်မြင်ဖို့အတွက် ကြိုးစားရပါတယ်၊
ဒီလို ကြိုးစားတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက်လေးတွေကို
ပြောပြပေးချင်ပါတယ်၊
1 . ပျော်ရွှင်မှု
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့
လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို
သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို
ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်ဝက်လောက်တော့ အနိုင်ရသွားစေပါတယ်။
2 . ယုံကြည်မှု
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။
3 . ရည်မှန်းချက်
ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။
4 . စိတ်အားထက်သန်ခြင်း
ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။
5 . ယုံကြည်မှု
သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။
6 . လူ့ကျင့်ဝတ်
ကျင့်ဝတ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့် မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။
7 . အမြင်
သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။
8 . လက်ခံတတ်ခြင်း
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။
9 . လူသားဆန်တတ်ခြင်း
လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။
#BrandYou #9TIP_Moti
လူတိုင်းဟာ အောင်မြင်မှုဆိုတဲ့အရာကို လိုချင်ကြတဲ့ လူတွေကြီးပါပဲ၊ အောင်မြင်နေတဲ့သူတွေကလဲ ပိုမိုအောင်မြင်ဖို့နဲ့ လက်ရှိရထားတဲ့ အောင်မြင်မှုတွေကို မပျောက်သွားအောင်ကြိုးစားရပ
1 . ပျော်ရွှင်မှု
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရ
2 . ယုံကြည်မှု
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။
3 . ရည်မှန်းချက်
ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို
4 . စိတ်အားထက်သန်ခြင်း
ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။
5 . ယုံကြည်မှု
သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။
6 . လူ့ကျင့်ဝတ်
ကျင့်ဝတ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ်
7 . အမြင်
သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိ
8 . လက်ခံတတ်ခြင်း
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။
9 . လူသားဆန်တတ်ခြင်း
လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။
#BrandYou #9TIP_Moti
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။