#ဘ၀ထဲကကဗျာ
***************
ရိုးရိုးလေးပါပဲ
အမေ နေမကောင်းရင် မနက်စာငတ်မယ်။
အဖေ အလုပ်မဆင်းနိုင်ရင် ညစာငတ်မယ်။
အခု အမေနေမကောင်းဘူး ... ဆရာမ။
အသားမည်းမည်း၊ မျက်လုံးပြူးပြူးလေးနဲ့
သိပ်ချစ်စရာကောင်းတဲ့ သမီးမောင်လေး
ဗိုက်ဆာလို့ ငိုမနေဖို့အရေး
လမ်းခင်းကျောက်ထု ကျွေးရမယ်။
ဆင်းရဲတာ ပညာမတတ်လို့တဲ့
အဖေက ပြောတယ်။
ကျောင်းတွေပျက်လို့ ကျောင်းမထုတ်ပါနဲ့နော် ...
အမေနေကောင်းလို့ ကျောင်းပြန်တတ်တဲ့အခါ
__________________________ __________
#မိဘ_ခေါ်ခိုင်းဦးမှာလားဆရာ မရယ် ...
__________________________ __________
အမေ့လိုက်လာရင် မနက်စာ၊
အဖေလာရင် ညစာ ငတ်လိမ့်မယ်။
အဲဒီအခါ သမီးမောင်လေး ထမင်းစားရဖို့အရေး
ကျောက်ထုကျွေးဖို့ ကျောင်းပျက်ရဦးမယ်။
ဒါဟာ ... ဆရာမဖတ်ဖို့ ...
ကဗျာထဲက ဘ၀မဟုတ်တဲ့
ဘ၀ထဲက ကဗျာတစ်ပုဒ်များ ဖြစ်နေမလား။
#Credit_မူရင်း
***************
ရိုးရိုးလေးပါပဲ
အမေ နေမကောင်းရင် မနက်စာငတ်မယ်။
အဖေ အလုပ်မဆင်းနိုင်ရင် ညစာငတ်မယ်။
အခု အမေနေမကောင်းဘူး ... ဆရာမ။
အသားမည်းမည်း၊ မျက်လုံးပြူးပြူးလေးနဲ့
သိပ်ချစ်စရာကောင်းတဲ့ သမီးမောင်လေး
ဗိုက်ဆာလို့ ငိုမနေဖို့အရေး
လမ်းခင်းကျောက်ထု ကျွေးရမယ်။
ဆင်းရဲတာ ပညာမတတ်လို့တဲ့
အဖေက ပြောတယ်။
ကျောင်းတွေပျက်လို့ ကျောင်းမထုတ်ပါနဲ့နော် ...
အမေနေကောင်းလို့ ကျောင်းပြန်တတ်တဲ့အခါ
__________________________
#မိဘ_ခေါ်ခိုင်းဦးမှာလားဆရာ
__________________________
အမေ့လိုက်လာရင် မနက်စာ၊
အဖေလာရင် ညစာ ငတ်လိမ့်မယ်။
အဲဒီအခါ သမီးမောင်လေး ထမင်းစားရဖို့အရေး
ကျောက်ထုကျွေးဖို့ ကျောင်းပျက်ရဦးမယ်။
ဒါဟာ ... ဆရာမဖတ်ဖို့ ...
ကဗျာထဲက ဘ၀မဟုတ်တဲ့
ဘ၀ထဲက ကဗျာတစ်ပုဒ်များ ဖြစ်နေမလား။
#Credit_မူရင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။