အနှိုင်းမဲ့ရင်ခွင်
အစောပိုင်းက အရာတွေကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ အိမ်ကနေ တစ်ခါမှ မခွဲခွာခဲ့ဖူးသလို ကျွန်မ မိသားစု ပြီးတော့ ကျွန်မ ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့ 
ဝေးရာ ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရလိမ့်မယ်လို့ အိမ်မက်တောင်
မမက်ခဲ့ဖူးပါဘူး။ စင်ကာပူကို ယခုလို တစ်ယောက်ထဲ အထီးကျန်စွာ ရောက်ရှိလာတော့
အဆင်များပြေပါ့မလားလို့ ကျွန်မ အရမ်း စိုးရိမ် ပူပန်မိခဲ့ပါတယ်။
"သမီး အရွယ်ရောက်လို့ လူလားမြောက်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီမွေးရပ်မြေကနေ ခွဲခွာပြီး ကမ္ဘာကြီးကို သွားကြည့်ခွင့်ရလိမ့်မယ်" လို့ ငယ်ငယ်တုန်းက မေမေ ကျွန်မကို ပြောခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက မေမေ ပြောခဲ့တာကို လက်ခံဖို့ ခဲယဉ်းခဲ့တယ်။ အခုတော့ ကျွန်မဟာ စင်ကာပူ ဆိုတဲ့ နိုင်ငံကို ရောက်ရှိ နေပြီလေ။ အထပ်မြင့် အဆောက်အဦးကြီးတွေ၊ သစ်ပင်ပန်းမံတွေနဲ့ စိမ်းလန်းစိုပြည်ပြီး လှပနေတဲ့ လမ်းတွေနဲ့ အရာရာဟာ အလွန်ပင် သန့်ရှင်း သပ်ရပ်လွန်းလှပြီး နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာ တစ်ခုလို့ ထင်မှတ်စရာပါပဲ။ ကျွန်မရဲ့  ဘဝသစ်ကို စတင်ရမယ့် နေရာသစ် တစ်ခုပေါ့။ ဘယ်အရာမှ ကြောက်လန့် စိုးထိပ်နေစရာ မလိုဘူးလို့ ကျွန်မကို ကျွန်မ အမြဲ အားပေး နေမိပါတယ်။
ကျွန်မ နာမည်က ဇင်မာဦး။ မြန်မာနိုင်ငံအနောက်ဖျား ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ဂူတလုကျ ဆိုတဲ့ ရွာငယ်လေးတစ်ရွာကနေ အိမ်အကူ အလုပ်နဲ့ စင်ကာပူကို လွန်ခဲ့တဲ့ ၈ လ ကတည်းက ရောက်ရှိလာခဲ့တာပါ။ ရန်ကုန်ဆိုတဲ့ မြို့ ကြီးကိုတောင် တစ်ခါပဲရောက်ခဲ့ဖူးတဲ့ ကျွန်မမှာ အခြားသော ဗဟုသုတတွေလည်း မရှိပါဘူး။ သူများတွေလည်း ဒီလိုပဲသွားနေကြတာပဲ နင်လည်း သွားရင် အဆင်ပြေမှာပါဆိုတဲ့ အေးဂျင့်တွေပြောနေတဲ့ အရပ်စကားနဲ့ စင်ကာပူကို ရောက်လာခဲ့တာပါ။
ကျွန်မကို အိမ်ဖော်လို့ပဲခေါ်ခေါ်၊ အိမ်အကူလို့ပဲခေါ်ခေါ် ကျွန်မ ဂရုမစိုက်ပါဘူး။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အတန်းပညာသိပ်မတတ်ပေမယ့် အိမ်ဖော်အလုပ်နဲ့ မိသားစုဘဝကို မြှင့်တင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကို ထွက်လာခဲ့မိတာပါ။ ကျွန်မ မိသားစုအပေါ် တာဝန်ကျေချင်ပါတယ်။ ငါ့မြေးရယ် နိုင်ငံခြားဆိုတာ ပြောသလောက်မလွယ်ဘူး အန္တရာယ်များပါတယ် မသွားပါနဲ့ လို့ အဘွားက အတန်တန်တားတဲ့ကြားထဲက ကျွန်မ ဒီကို ရောက်အောင်လာခဲ့တယ်။ ရောက်လာမှတော့ ဖြစ်သမျှအကြောင်းအကောင်းချည်း မှတ်ရတော့မပေါ့။
ကျွန်မနေတာက ကွန်ဒိုကြီးတစ်ခုမှာ။ ချစ်သူငယ်ချင်း အင်ဒိုမလေးပြောတာတော့ ကမ္ဘာ့အကောင်းဆုံးအဆောက်အအုံ တွေထဲကတစ်ခုဖြစ်တဲ့
interlace condo ကြီးတဲ့။ ထားပါတော့။ ဒါတွေ ကျွန်မ မသိချင်ပါဘူး။ လူတွေဟာ
ခက်တယ်။ ကျွန်မ ကံမကောင်းပါဘူး။ ကျွန်မရဲ့ ဘဝပေး ကုသိုလ်ကံလို့ပဲ
မှတ်ယူပါတယ်။
ကျွန်မတစ်ခုခုကို ဆုံးဖြတ်တိုင်း အနားမှာ ဘုရားရှိတယ်ဆိုတာကို ကျွန်မသိတယ်။
အရင်က ကျွန်မရဲ့အတ္တကြောင့် ဘုရားတရားကို မသိခဲ့ပေမယ့် စင်ကာပူရောက်တဲ့နေ့ကစပြီး အတ္တကိုဘေးဖယ်ကာ မေတ္တာနဲ့တုန့်ပြန်မယ့် အရာတွေကိုပဲ ကျွန်မတွေးမိခဲ့တယ်။ ကျွန်မ မှားခဲ့တဲ့အပြစ်တွေကိုလည်း ဘုရားထံမှာ ဝန်ချတောင်းပန်ခဲ့တယ်။ ဒါပေမယ့် ကျွန်မသိတယ်။ အဘွားက ကျွန်မကိုချစ်လို့ စင်ကာပူ မသွားခိုင်းဘူး။ ပြီးတော့ ကျွန်မ လူတွေကိုပြောခဲ့တယ်။ ကျွန်မအဘွားကို စိတ်ချမ်းသာအောင်ထားချင်တယ် ။
ဒါပေမယ့် အဘွားက နေရေးထက် မေတ္တာကိုချစ်တာလား မသိဘူး။
မသွားခိုင်းတာတော့အမှန်ပဲ။ ဒါပေမယ့် ကျွန်မရဲ့ ဆန္ဒက အဘွားနဲ့အဘိုးကို
သူတို့စားချင်တာတွေ၊ သူတို့လိုချင်တာတွေ ကျွန်မ ဖြည့်ဆည်းပေးချင်တယ်။
ကျွန်မရဲ့စေတနာကိုအဘွားနားလ ည်နိုင်မှာပါလို့ မျှော်လင့်တယ်။
ဒါပေမယ့် ဘုရားကိုပဲအားကိုးရမယ့်နေရာ ကို ရောက်နေခဲ့ပြီမို့ ဘုရား ကျွန်မနဲ့အတူရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မ ဘာမှမကြောက်တာအမှန်ပဲ။
ဒါပေမယ့် စကားမပြောချင်ဘူး။ လူတွေနဲ့လည်းအတူမနေချင်တဲ့ ကျွန်မရဲ့စိတ်ကို လူတွေက'အ' တယ်လို့ ပြောနေမှာသေချာတယ်။ ပြောကြပါစေ၊ ကျွန်မ မ'အ'ဘူးဆိုတာကို ဘုရားသိရင်ပြီးတာပါပဲ။ ဒါ ကျွန်မရဲ့ယုံကြည်တဲ့မျှော်လ င့်ချက်တစ်ခုပဲ။
ဒါပေမယ့် ကျွန်မ အချစ်ကိုမသိတာလား၊ မယုံကြည်တာလားမသိဘူး၊ မေတ္တာဆိုတာကိုလည်း မသိဘူး။ စင်ကာပူရောက်မှ အကုန်လုံးသိလာတယ်။ ဒါပေမယ့် အချစ်ကိုတော့ တစ်ကယ်မသိဘူး။ ကျွန်မ လူတစ်ယောက်ကို ချစ်တယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်မ လက်မထပ်ချင်ဘူး၊ မချစ်ဘူး။ ဒါကဘာလည်းကျွန်မသိချင်တယ်၊ ကျွန်မ သူ့ကိုမယုံလို့လား။ ဒါမှမဟုတ်သူ ကျွန်မကိုမချစ်လို့ ကျွန်မ ဒီလိုဆန္ဒရှိတာလား မသိဘူး။ ဒါပေမယ့် အစကတော့မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တယ်။ အခုလည်း မျှော်လင့်ချက်တွေထားပါတယ်။
ကျွန်မ အခုတွေးနေတာက အဘွားနဲ့အဘိုးကို ကောင်းကောင်းမွန်မွန်နဲ့ ထားချင်တဲ့
ဆန္ဒပဲ။ ပြီးတော့ အဘိုးနဲ့အဘွားကို ပြုစုလုပ်ကျွေးနိုင်တဲ့မြေး ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ပဲ စဉ်းစားတော့မယ်ဆိုပြီး မျှော်လင့်ချက်ကြီးတစ်ခုကို ပဲ ရွေးချယ်ခဲ့ပြီ။
ကျွန်မအနားမှာဘုရားရှိတယ်ဆိုတာ မမေ့ဖို့အတွက် ကျွန်မကိုယ်ကျွန်မအားပေးပြီး အားဖြည့်တော့မယ်။
မင်္ဂလာရှိသော ညနေခင်းပါ။ ဆရာမလုပ်ပြီးတော့ အသိတရားခေါင်းပါးတဲ့မိန်းကေ လးတွေထဲမှာ ကျွန်မ မပါချင်တော့ဘူး။
အနှိုင်းမဲ့ရင်ခွင်
စလုံး Page
(စင်ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
အစောပိုင်းက အရာတွေကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ အိမ်ကနေ တစ်ခါမှ မခွဲခွာခဲ့ဖူးသလို ကျွန်မ မိသားစု ပြီးတော့ ကျွန်မ ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ
"သမီး အရွယ်ရောက်လို့ လူလားမြောက်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီမွေးရပ်မြေကနေ ခွဲခွာပြီး ကမ္ဘာကြီးကို သွားကြည့်ခွင့်ရလိမ့်မယ်" လို့ ငယ်ငယ်တုန်းက မေမေ ကျွန်မကို ပြောခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက မေမေ ပြောခဲ့တာကို လက်ခံဖို့ ခဲယဉ်းခဲ့တယ်။ အခုတော့ ကျွန်မဟာ စင်ကာပူ ဆိုတဲ့ နိုင်ငံကို ရောက်ရှိ နေပြီလေ။ အထပ်မြင့် အဆောက်အဦးကြီးတွေ၊ သစ်ပင်ပန်းမံတွေနဲ့ စိမ်းလန်းစိုပြည်ပြီး လှပနေတဲ့ လမ်းတွေနဲ့ အရာရာဟာ အလွန်ပင် သန့်ရှင်း သပ်ရပ်လွန်းလှပြီး နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာ တစ်ခုလို့ ထင်မှတ်စရာပါပဲ။ ကျွန်မရဲ့  ဘဝသစ်ကို စတင်ရမယ့် နေရာသစ် တစ်ခုပေါ့။ ဘယ်အရာမှ ကြောက်လန့် စိုးထိပ်နေစရာ မလိုဘူးလို့ ကျွန်မကို ကျွန်မ အမြဲ အားပေး နေမိပါတယ်။
ကျွန်မ နာမည်က ဇင်မာဦး။ မြန်မာနိုင်ငံအနောက်ဖျား ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ဂူတလုကျ ဆိုတဲ့ ရွာငယ်လေးတစ်ရွာကနေ အိမ်အကူ အလုပ်နဲ့ စင်ကာပူကို လွန်ခဲ့တဲ့ ၈ လ ကတည်းက ရောက်ရှိလာခဲ့တာပါ။ ရန်ကုန်ဆိုတဲ့ မြို့ ကြီးကိုတောင် တစ်ခါပဲရောက်ခဲ့ဖူးတဲ့ ကျွန်မမှာ အခြားသော ဗဟုသုတတွေလည်း မရှိပါဘူး။ သူများတွေလည်း ဒီလိုပဲသွားနေကြတာပဲ နင်လည်း သွားရင် အဆင်ပြေမှာပါဆိုတဲ့ အေးဂျင့်တွေပြောနေတဲ့ အရပ်စကားနဲ့ စင်ကာပူကို ရောက်လာခဲ့တာပါ။
ကျွန်မကို အိမ်ဖော်လို့ပဲခေါ်ခေါ်၊ အိမ်အကူလို့ပဲခေါ်ခေါ် ကျွန်မ ဂရုမစိုက်ပါဘူး။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အတန်းပညာသိပ်မတတ်ပေမယ့် အိမ်ဖော်အလုပ်နဲ့ မိသားစုဘဝကို မြှင့်တင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကို ထွက်လာခဲ့မိတာပါ။ ကျွန်မ မိသားစုအပေါ် တာဝန်ကျေချင်ပါတယ်။ ငါ့မြေးရယ် နိုင်ငံခြားဆိုတာ ပြောသလောက်မလွယ်ဘူး အန္တရာယ်များပါတယ် မသွားပါနဲ့ လို့ အဘွားက အတန်တန်တားတဲ့ကြားထဲက ကျွန်မ ဒီကို ရောက်အောင်လာခဲ့တယ်။ ရောက်လာမှတော့ ဖြစ်သမျှအကြောင်းအကောင်းချည
ကျွန်မနေတာက ကွန်ဒိုကြီးတစ်ခုမှာ။ ချစ်သူငယ်ချင်း အင်ဒိုမလေးပြောတာတော့ ကမ္ဘာ့အကောင်းဆုံးအဆောက်အအုံ
ကျွန်မတစ်ခုခုကို ဆုံးဖြတ်တိုင်း အနားမှာ ဘုရားရှိတယ်ဆိုတာကို ကျွန်မသိတယ်။
အရင်က ကျွန်မရဲ့အတ္တကြောင့် ဘုရားတရားကို မသိခဲ့ပေမယ့် စင်ကာပူရောက်တဲ့နေ့ကစပြီး အတ္တကိုဘေးဖယ်ကာ မေတ္တာနဲ့တုန့်ပြန်မယ့် အရာတွေကိုပဲ ကျွန်မတွေးမိခဲ့တယ်။ ကျွန်မ မှားခဲ့တဲ့အပြစ်တွေကိုလည်း ဘုရားထံမှာ ဝန်ချတောင်းပန်ခဲ့တယ်။ ဒါပေမယ့် ကျွန်မသိတယ်။ အဘွားက ကျွန်မကိုချစ်လို့ စင်ကာပူ မသွားခိုင်းဘူး။ ပြီးတော့ ကျွန်မ လူတွေကိုပြောခဲ့တယ်။ ကျွန်မအဘွားကို စိတ်ချမ်းသာအောင်ထားချင်တယ်
ဒါပေမယ့် ဘုရားကိုပဲအားကိုးရမယ့်နေရာ
ဒါပေမယ့် စကားမပြောချင်ဘူး။ လူတွေနဲ့လည်းအတူမနေချင်တဲ့ ကျွန်မရဲ့စိတ်ကို လူတွေက'အ' တယ်လို့ ပြောနေမှာသေချာတယ်။ ပြောကြပါစေ၊ ကျွန်မ မ'အ'ဘူးဆိုတာကို ဘုရားသိရင်ပြီးတာပါပဲ။ ဒါ ကျွန်မရဲ့ယုံကြည်တဲ့မျှော်လ
ဒါပေမယ့် ကျွန်မ အချစ်ကိုမသိတာလား၊ မယုံကြည်တာလားမသိဘူး၊ မေတ္တာဆိုတာကိုလည်း မသိဘူး။ စင်ကာပူရောက်မှ အကုန်လုံးသိလာတယ်။ ဒါပေမယ့် အချစ်ကိုတော့ တစ်ကယ်မသိဘူး။ ကျွန်မ လူတစ်ယောက်ကို ချစ်တယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်မ လက်မထပ်ချင်ဘူး၊ မချစ်ဘူး။ ဒါကဘာလည်းကျွန်မသိချင်တယ်၊ ကျွန်မ သူ့ကိုမယုံလို့လား။ ဒါမှမဟုတ်သူ ကျွန်မကိုမချစ်လို့ ကျွန်မ ဒီလိုဆန္ဒရှိတာလား မသိဘူး။ ဒါပေမယ့် အစကတော့မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တယ်။ အခုလည်း မျှော်လင့်ချက်တွေထားပါတယ်။
ကျွန်မအနားမှာဘုရားရှိတယ်ဆိ
မင်္ဂလာရှိသော ညနေခင်းပါ။ ဆရာမလုပ်ပြီးတော့ အသိတရားခေါင်းပါးတဲ့မိန်းကေ
အနှိုင်းမဲ့ရင်ခွင်
စလုံး Page
(စင်ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။