မြန်မာတွေကို
အဓိကပြောချင်တာ အသိသာကြီးပါ။ ပန်နီစူလာသွားရင် ဖြတ်သွားတိုင်း
တွေ့နေရတာမို့ ဒါဟာ ဆိုင်းဘုတ်တင်တားမြစ်ရတဲ့ သူတို့ဘက်ကအလွန် မဟုတ်ပါဘူး။
တနေ့မဟုတ်တနေ့တော့ သတိပေးခံရလိမ့်မလားလို့ တွေးမိသားပဲ။ ခုလို
အတည်တကျဆိုင်းဘုတ်ထိုး တားမြစ်ရတဲ့အထိဆိုတော့ မြန်မာတစ်ယောက်အနေနဲ့
စိတ်မကောင်းဖြစ်မိတယ်။
တဘက်ကတွေးကြည့်တော့လည်း အားလပ်ရက်မှာ တွေ့ဆုံကြဖို့ရာ ဘယ်သူ့ဘယ်သူအိမ်မှာမှစုကြဖို့ အဆင်မပြေဘဲ အိမ်ယာနေရာအခက်အခဲရှိတဲ့အတွက်များ
ဖြစ်ရတာလားလို့ ဖြေတွေးမိပြန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မြို့လယ်လိုနေရာ၊
သူတို့တန်ဘိုးထားရာ အဆောက်အအုံအနီးမှာ ဝိုင်းဖွဲ့ကြ စားကြ သောက်ကြ
အမှိုက်ပစ်ခဲ့ကြဆိုတော့ သူတို့ ဘယ်နှစ်သက်နိုင်ပါ့မလဲလေ။
စိတ်ထဲကတော့ ကျွန်မတို့ မြန်မာတွေ ဆင်ခြင်လိုက်နာကြစေချင်တာပါပဲ။
(တကယ်တော့ စင်ကာပူမှာ တွေ့ဆုံကြဖို့ရာ park တွေ အများကြီးရှိပါတယ်။ တွေ့ကြဆုံကြ အပမ်းဖြေကြဖို့ ရည်ရွယ်ပြုလုပ်ပေးထားတဲ့နေရာမှာသာ
ဆုံကြစေချင်တယ်၊ နောက်တစ်ခုက ဘယ်မှာပဲဆုံဆုံ ကိုယ့်အမှိုက်
ကိုယ်ရှင်းခဲ့ကြဖို့ သတိရကြပါ၊ အလေ့အကျင့်လုပ်ကြပါလို့ မေတ္တာနဲ့
သတိပေးပါရစေ)
Photo credit to original uploader
ချစ်ခင်စွာ...
ချစ်ကြည်အေး
တဘက်ကတွေးကြည့်တော့လည်း အားလပ်ရက်မှာ တွေ့ဆုံကြဖို့ရာ ဘယ်သူ့ဘယ်သူအိမ်မှာမှစုကြဖိ
စိတ်ထဲကတော့ ကျွန်မတို့ မြန်မာတွေ ဆင်ခြင်လိုက်နာကြစေချင်တာပ
(တကယ်တော့ စင်ကာပူမှာ တွေ့ဆုံကြဖို့ရာ park တွေ အများကြီးရှိပါတယ်။ တွေ့ကြဆုံကြ အပမ်းဖြေကြဖို့ ရည်ရွယ်ပြုလုပ်ပေးထားတဲ့နေရ
Photo credit to original uploader
ချစ်ခင်စွာ...
ချစ်ကြည်အေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။