Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 14, 2017

#နောက်ထပ်သစ်ပင်တွေကိုခုတ်လှဲနေဦးမယ်ဆိုရင် #သိပ္ပံစာရေးဆရာကိုကိုအောင်

#နောက်ထပ်သစ်ပင်တွေကိုခုတ်လှဲနေဦးမယ်ဆိုရင်
#သိပ္ပံစာရေးဆရာကိုကိုအောင်

★ နောက်ထပ် သစ်ပင်တွေကို ခုတ်လှဲနေဦးမယ်၊ သစ်တောအရေအတွက် ထပ်ပြီးတော့ လျော့နည်းလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို မြန်မာနိုင်ငံက သစ်တောတွေက မစုပ်ယူနိုင်တော့တဲ့ အခြေအနေကို ရောက်လာလိမ့်မယ်။ ★

Q. မြန်မာနိုင်ငံမှာ သစ်တောအရေအတွက် အရင်ကထက် လျော့နည်းလာခြင်းကြောင့် အနာဂတ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲဆရာ။

A. မြန်မာနိုင်ငံမှာ သစ်တောတော်တော်များများဟာ ပြုန်းတီးကုန်ပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုလက်မှုလုပ်ငန်းတွေ၊ လက်ရှိ မော်တော်ကားအစီးရေနဲ့ ယာဉ်ယန္တရားတွေကနေထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူဖို့အတွက် သစ်တောအရေအတွက်ကတော့ အလုံအလောက်ရှိနေဆဲပါ။ နောက်ထပ် စက်မှုဇုန်တွေ ထပ်ပြီး တိုးချဲ့လို့တောင် ရသေးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်မှာရှိတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာရှိတဲ့ အိန္ဒိယနိုင်ငံတို့မှာ နှစ်စဉ်နှစ်တိုင်း ကာဗွန်ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး မက်ထရစ်တန်ပေါင်း ထောင်နဲ့ချီပြီး Minus ပြနေတယ်။ ဘာဖြစ်လို့ Minus ပြနေသလဲဆိုရင် သူတို့နိုင်ငံမှာရှိတဲ့ သစ်ပင်သစ်တောအရေအတွက်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထွက်တဲ့နှုန်းဟာ မမျှမတဖြစ်နေလို့ပဲ။ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တဲ့နှုန်းကများပြီး သစ်ပင်တွေက စုပ်ယူနိုင်တဲ့နှုန်းက နည်းနေတယ်။ အဲဒီတော့ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်တဲ့နှုန်းက အင်မတန်များပြီး သစ်ပင်က စုပ်ယူနိုင်တဲ့နှုန်းနည်းတဲ့ နိုင်ငံနှစ်နိုင်ငံကြားမှာ မြန်မာနိုင်ငံက တည်ရှိနေတယ်။

ဆရာတို့နိုင်ငံမှာ လက်ရှိ ရှိနေသေးတဲ့ သစ်တောအရေအတွက်ဟာ တစ်နိုင်ငံလုံးက ထုတ်လွှတ်နေကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူဖို့အတွက် အလုံအလောက်ရှိနေဆဲပါ။ ဒါပေမဲ့ နောက်ထပ် သစ်ပင်တွေကို ခုတ်လှဲနေဦးမယ်၊ သစ်တောအရေအတွက် ထပ်ပြီးတော့ လျော့နည်းလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို မြန်မာနိုင်ငံက သစ်တောတွေက မစုပ်ယူနိုင်တော့တဲ့ အခြေအနေကို ရောက်လာလိမ့်မယ်။ အဲဒီတော့ အရှေ့နိုင်ငံကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ကို မတရားလွှတ်နေတယ်။ အနောက်နိုင်ငံကလည်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို မတရားလွှတ်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သစ်ပင်တွေက ကိုယ့်နိုင်ငံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူနေရုံမျှ မကသေးဘူး။ အရှေ့နယ်စပ်မှာရှိတဲ့ သစ်ပင်တွေက တရုတ်နိုင်ငံကထွက်တဲ့ ကာဗွန်တွေကို ကူပြီးတော့ စုပ်ယူပေးနေတယ်။ အနောက်နယ်စပ်မှာရှိတဲ့ သစ်ပင်တွေကလည်း အိန္ဒိယနိုင်ငံကထွက်တဲ့ ကာဗွန်တွေကို ကူပြီးတော့ စုပ်ယူပေးနေတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ သစ်ပင်တွေ ထပ်ပြီးတော့ ပြုန်းတီးသွားမယ်ဆိုရင် မြန်မာနိုင်ငံကထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အပြင် အရှေ့နဲ့အနောက် နှစ်နိုင်ငံကထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ ရာသီဥတုအပေါ်မှာ သွားပြီးတော့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။

(" လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်ကို အသက်ရှင်နေသရွေ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်ဆိုတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင်၊ ၀ါရင့်အင်ဂျင်နီယာပညာရှင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် သိပ္ပံစာရေးဆရာကိုကိုအောင် " အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။)
Eternal Light Magazine
May 2017
#ကိုယ်ရဲ့ပတ်ဝန်းကျင်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကောင်း၊ Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။