#လေ_လွင့်_လူ
*************
တနေ့မနက်စောစော
ဗိုက်အရမ်းဆာတာနဲ့
မနက်စာအပြင်ထွက်စားဖို့
ထွက်လာလိုက်တယ်။
လက်ထဲပိုက်ဆံကပ်နေတော့
အိမ်မှာမစားချင်။
အဖြုန်းနဲ့အသုံး ကို
အဖြုန်းဘက် အား ခက်သန်သန်
အလေးသာနေတယ် ဆိုပါတော့။
ခပ်သန့်သန့်
ဆို်င်တဆိုင်ဝင်ထိုင်ကာ
စားချင်စိတ်အာသီသရှိတာတွေ
မှာလိုက်တယ်။ ဆာနေလို့လား
အစားအစာကပဲကောင်းတာလား
ကျွန်တော်မသိ။
အတော်ကိုစားကောင်းပါတယ်။
မနက်ခင်းရဲ့
လေကောင်းလေသန့်၊
ဆိုင်နဘေးက ရေကန်လေးရဲ့အလှ၊
ကျရောက်နေတဲ့နေရောင်ခြည်နုနုလေးတွေ
အားလုံးဟာ ကျနော့် အတွက်
ကဗျာဆန်လွန်းနေပါတယ်။
ကျနော့်အတွက်
သာယာလွန်းလှတဲ့ နံနက်ခင်းလေးပေါ့။
ထိုစဉ် ကျနော့်ထက် အစများစွာသာတဲ့
အလှတရားပုံဖော်ပြသူပေါ်လာပါေ တာ့တယ်။
လူတစ်ယောက်ပါ။
အဝတ်အစားဟာ
ဟောင်းနွမ်းစုပ်ပြတ်လွန်းလှ တယ်။
အခြေအနေမဲ့
ဘဝရည်မှန်းချက်ပျောက်နေသူပါ ။
သူ့မှာ အနာဂါတ်ဆိုတာရှိမည့်ပုံမပေါ် ။
ရူးနေတာလား၊
ဒါမှမဟုတ် လောကကြီးကို
အရှုံးပေးထားတဲ့သူလားတော့ ဝေခွဲမရ။
လေလွင့်လူလို့သာ ခေါ်နိုင်ပါတယ်။
သူ့လက်ထဲ မုန့်ပြားသလပ်
ခပ်ကြီးကြီး တစ်ခု ကိုင်ထားတယ်။
လက်ဖဝါးနှစ်ဖက်ဖြန့်ပြီး မုန့်တင်ထားကာ
ပါးစပ်ဖြင့် လေ မုတ် အအေးခံ ပြီး
လမ်းဖြတ်ကူးလာတယ်။
မုန့်ကပူနေတယ်ထင်ပါတယ်၊
လက်ကလေးမြောက်စ မြောက်စ နဲ့။
အတော်သာယာနေပုံပါပဲ။
သူ့အတွက် မနက်စာဟာ သူ့လက်ထဲမှာပဲ၊
ပျော်မှာပေါ့လေ။
သူကျောခိုင်းလှည့်ထွက်ခဲ့တဲ့ ဘက်မှာ
မုန့်ပြားသလပ်တဲလေး။ ထိုမုန့်သယ်က
သူ့ကို ပေးကမ်းစွန့်ကျဲ လိုက်တာနေမှာပါ။
သူဟာဘာတစ်ခုမှသာမရှိတာပါ။
သူလူတစ်ယောက်ကို
ကုသိုလ်ကောင်းမှုပြု ဖြစ်အောင်
ကူညီလိုက်တာ သတိထားလိုက်မိတယ်။
လေလွင့်လူနဲ့ လမ်းဘေးမုန့်သယ်လေးရဲ့
နံနက်ခင်း ဒါန အလှတရားလေးကို
တွေးမိပြီး ကြည်နူးမိရဲ့။
ကျွန်တော်ရှေ့မျက်စောင်းထိုး
ရေကန်လေးရဲ့နဘေးက
ဓါတ်တိုင် အခြေ
အုတ်ဖိနပ်ပေါ်ထိုင်လိုက်တယ်။
မုန့်က ပူနေတော့
တခါစားသာယုံလေးဖဲ့ကာ
လေမှုတ်အအေးခံပြီးစားနေတယ်။
ထိုစဉ် ခွေးတကောင်သူ့ရှေ့ရောက်လာတယ်။
အမြှီးလေးတနှံ့နှံ့ လှုပ်ရမ်းပြီး
အစာတောင်းပါတော့တယ်။
ခွေးဆိုတော့လဲဘယ်နားလည်ပါ့မ လဲ။
ဘာရုပ်ဝတ္ထုပစ္စည်းတစွန်းတစမှ
မပိုင်သူလူတစ်ယောက် ဝမ်းဝရုံတမယ်
မုန့်သာပိုင်ဆိုင်သည့်သူအတွ က်
အနှောက် အယှက်ဖြစ်သွားမှာအမှန်ပါ။
ကျနော် ဒီလိုပဲတွေးမိတယ်။
ကျနော့်အတွေးလွဲပါပြီ။
ကျနော်ထင်သလိုမဟုတ်ပါ။
သူ ခွေးကိုပြုံးပြီးကြည့်တယ်။
ပြီး အနည်းငယ်ဖဲ့ကာ
ခွေးကို ပစ်ချကျွေးလိုက်တယ်။
ခွေးဟာ တစ်ဟက်သာဟက်လိုက်တယ်။
ချလိုက်တဲ့တဖဲ့မရှိတော့ပါ။
သူစိတ်ပျက်မသွားပါ။
ပိုလို့တောင်ပြုံးလာပါသေးတယ်။
သူပိုင်ဆိုင်သည့်မုန့် ခွေးစားတာကြည့်ပြီး
သူကြည်နူးမိနေတာပါ။
ဒီလိုနဲ့ သူဖဲ့ပြီးကျွေးလိုက်
ခွေးကစားလိုက် သူကပြုံးလိုက်နဲ့။
အဲ့အပြုံးကို ကျနော်အတော်ကို
နှစ်ခြို က်မိသွားတယ်။
အတော်ကိုလှတဲ့ အပြုံးပါ။
လူပီသတဲ့အပြုံး။
ဘာအရောင်အသွေးခြယ်သမှုမှမပါတဲ့အပြုံး။
အတ္တ၊မာန်မာန တွေမပါတဲ့အပြုံး။
ဒီလိုနဲ့ပဲသူဗိုက်ထဲတောင်မေ ရာက်လိုက်ပါ။
မုန့်ကကုန်ပါပြီ။
သူ့ဝမ်းတောင်မဝရုံတမယ် ရှိတဲ့မုန့်လေး၊
ဘာမဟုတ်တဲ့
ခွေးလေခွေးလွင့် တစ်ကောင်ကို
ချကျွေးလောက်အောင် ...
__________________________ ________
#သူ့ကို_ဘာက_ဆွဲဆောင်လိုက်သ လဲ
__________________________ ________
စဉ်းစားကြည့်တယ်။
သူကိုယ်တိုင်တောင် မသိလောက်ပါ။
သူတပါး လိုအင်ကို ကိုယ်ကြိုးမငဲ့
စွန့်လွှတ်အနစ်နာခံဖြည့်စည်း မှု့က
ရလာတဲ့ ပီတိ အရသာက
ဆွဲဆောင်သွားတာပါ။
ဆိုင်ထဲတချက် ကြည့်မိလိုက်တယ်။
အလွာစုံ လူကုန်ထံ အစုံ ရှိနေလေရဲ့။
ပိုက်ဆံချမ်းသာသူ၊
ရာထူးဂုဏ်အရှိန်ဝါကြီးသူ၊အစုံပါပဲ။
သူတို့တွေကြည့်ပြန်တော့လည်း
အပြုံးကိုယ်စီနဲ့ပါပဲ။
သို့သော် နှစ်ခြိုက်စရာကောင်းသော
အပြုံးများ မဟုတ်ပါ။
သဏ္ဍန်လုပ် သရုပ်ဆောင်
အတုအရောင်အပြုံးများသာဖြစ်သ ည်။
ထိုအပြုံးနှစ်ခုယှဉ်ကြည့်မိ သည်။
အရမ်းကိုကွာခြားလွန်းတာ သိသာပါတယ်။
ဘာတစ်ခုမှ မပိုင်ဆိုင်လို့ပဲ
ထိုအပြုံးမျိုး ပြုံးနိုင်တာလား?
ထိုအပြုံးမျိုးပြုံးနိုင်ခဲ့ လို့
ဘာတစ်ခုမှမပိုင်ဆိုင်တော့တာ လား?
စဉ်းစားရခက်ပါပေ့ လေလွင့်လူရယ် ...
အရာရာပြည့်စုံသူတွေ
ထိုအပြုံးမျိုးသာ ပြုံးနိုင်ကြလျှင် လောကကြီး
ဘယ်လောက်တောင် သာယာလိမ့်မလဲဗျာ။
#Ye_Htet_Geology
#ပန်းချီ_ဇော်ဇော်အောင့် 
*************
တနေ့မနက်စောစော
ဗိုက်အရမ်းဆာတာနဲ့
မနက်စာအပြင်ထွက်စားဖို့
ထွက်လာလိုက်တယ်။
လက်ထဲပိုက်ဆံကပ်နေတော့
အိမ်မှာမစားချင်။
အဖြုန်းနဲ့အသုံး ကို
အဖြုန်းဘက် အား ခက်သန်သန်
အလေးသာနေတယ် ဆိုပါတော့။
ခပ်သန့်သန့်
ဆို်င်တဆိုင်ဝင်ထိုင်ကာ
စားချင်စိတ်အာသီသရှိတာတွေ
မှာလိုက်တယ်။ ဆာနေလို့လား
အစားအစာကပဲကောင်းတာလား
ကျွန်တော်မသိ။
အတော်ကိုစားကောင်းပါတယ်။
မနက်ခင်းရဲ့
လေကောင်းလေသန့်၊
ဆိုင်နဘေးက ရေကန်လေးရဲ့အလှ၊
ကျရောက်နေတဲ့နေရောင်ခြည်နုန
အားလုံးဟာ ကျနော့် အတွက်
ကဗျာဆန်လွန်းနေပါတယ်။
ကျနော့်အတွက်
သာယာလွန်းလှတဲ့ နံနက်ခင်းလေးပေါ့။
ထိုစဉ် ကျနော့်ထက် အစများစွာသာတဲ့
အလှတရားပုံဖော်ပြသူပေါ်လာပါေ
လူတစ်ယောက်ပါ။
အဝတ်အစားဟာ
ဟောင်းနွမ်းစုပ်ပြတ်လွန်းလှ
အခြေအနေမဲ့
ဘဝရည်မှန်းချက်ပျောက်နေသူပါ
သူ့မှာ အနာဂါတ်ဆိုတာရှိမည့်ပုံမပေါ်
ရူးနေတာလား၊
ဒါမှမဟုတ် လောကကြီးကို
အရှုံးပေးထားတဲ့သူလားတော့ ဝေခွဲမရ။
လေလွင့်လူလို့သာ ခေါ်နိုင်ပါတယ်။
သူ့လက်ထဲ မုန့်ပြားသလပ်
ခပ်ကြီးကြီး တစ်ခု ကိုင်ထားတယ်။
လက်ဖဝါးနှစ်ဖက်ဖြန့်ပြီး မုန့်တင်ထားကာ
ပါးစပ်ဖြင့် လေ မုတ် အအေးခံ ပြီး
လမ်းဖြတ်ကူးလာတယ်။
မုန့်ကပူနေတယ်ထင်ပါတယ်၊
လက်ကလေးမြောက်စ မြောက်စ နဲ့။
အတော်သာယာနေပုံပါပဲ။
သူ့အတွက် မနက်စာဟာ သူ့လက်ထဲမှာပဲ၊
ပျော်မှာပေါ့လေ။
သူကျောခိုင်းလှည့်ထွက်ခဲ့တဲ
မုန့်ပြားသလပ်တဲလေး။ ထိုမုန့်သယ်က
သူ့ကို ပေးကမ်းစွန့်ကျဲ လိုက်တာနေမှာပါ။
သူဟာဘာတစ်ခုမှသာမရှိတာပါ။
သူလူတစ်ယောက်ကို
ကုသိုလ်ကောင်းမှုပြု ဖြစ်အောင်
ကူညီလိုက်တာ သတိထားလိုက်မိတယ်။
လေလွင့်လူနဲ့ လမ်းဘေးမုန့်သယ်လေးရဲ့
နံနက်ခင်း ဒါန အလှတရားလေးကို
တွေးမိပြီး ကြည်နူးမိရဲ့။
ကျွန်တော်ရှေ့မျက်စောင်းထို
ရေကန်လေးရဲ့နဘေးက
ဓါတ်တိုင် အခြေ
အုတ်ဖိနပ်ပေါ်ထိုင်လိုက်တယ်။
မုန့်က ပူနေတော့
တခါစားသာယုံလေးဖဲ့ကာ
လေမှုတ်အအေးခံပြီးစားနေတယ်။
ထိုစဉ် ခွေးတကောင်သူ့ရှေ့ရောက်လာတယ
အမြှီးလေးတနှံ့နှံ့ လှုပ်ရမ်းပြီး
အစာတောင်းပါတော့တယ်။
ခွေးဆိုတော့လဲဘယ်နားလည်ပါ့မ
ဘာရုပ်ဝတ္ထုပစ္စည်းတစွန်းတစမှ
မပိုင်သူလူတစ်ယောက် ဝမ်းဝရုံတမယ်
မုန့်သာပိုင်ဆိုင်သည့်သူအတွ
အနှောက် အယှက်ဖြစ်သွားမှာအမှန်ပါ။
ကျနော် ဒီလိုပဲတွေးမိတယ်။
ကျနော့်အတွေးလွဲပါပြီ။
ကျနော်ထင်သလိုမဟုတ်ပါ။
သူ ခွေးကိုပြုံးပြီးကြည့်တယ်။
ပြီး အနည်းငယ်ဖဲ့ကာ
ခွေးကို ပစ်ချကျွေးလိုက်တယ်။
ခွေးဟာ တစ်ဟက်သာဟက်လိုက်တယ်။
ချလိုက်တဲ့တဖဲ့မရှိတော့ပါ။
သူစိတ်ပျက်မသွားပါ။
ပိုလို့တောင်ပြုံးလာပါသေးတယ
သူပိုင်ဆိုင်သည့်မုန့် ခွေးစားတာကြည့်ပြီး
သူကြည်နူးမိနေတာပါ။
ဒီလိုနဲ့ သူဖဲ့ပြီးကျွေးလိုက်
ခွေးကစားလိုက် သူကပြုံးလိုက်နဲ့။
အဲ့အပြုံးကို ကျနော်အတော်ကို
နှစ်ခြို က်မိသွားတယ်။
အတော်ကိုလှတဲ့ အပြုံးပါ။
လူပီသတဲ့အပြုံး။
ဘာအရောင်အသွေးခြယ်သမှုမှမပါတ
အတ္တ၊မာန်မာန တွေမပါတဲ့အပြုံး။
ဒီလိုနဲ့ပဲသူဗိုက်ထဲတောင်မေ
မုန့်ကကုန်ပါပြီ။
သူ့ဝမ်းတောင်မဝရုံတမယ် ရှိတဲ့မုန့်လေး၊
ဘာမဟုတ်တဲ့
ခွေးလေခွေးလွင့် တစ်ကောင်ကို
ချကျွေးလောက်အောင် ...
__________________________
#သူ့ကို_ဘာက_ဆွဲဆောင်လိုက်သ
__________________________
စဉ်းစားကြည့်တယ်။
သူကိုယ်တိုင်တောင် မသိလောက်ပါ။
သူတပါး လိုအင်ကို ကိုယ်ကြိုးမငဲ့
စွန့်လွှတ်အနစ်နာခံဖြည့်စည်း
ရလာတဲ့ ပီတိ အရသာက
ဆွဲဆောင်သွားတာပါ။
ဆိုင်ထဲတချက် ကြည့်မိလိုက်တယ်။
အလွာစုံ လူကုန်ထံ အစုံ ရှိနေလေရဲ့။
ပိုက်ဆံချမ်းသာသူ၊
ရာထူးဂုဏ်အရှိန်ဝါကြီးသူ၊အစ
သူတို့တွေကြည့်ပြန်တော့လည်း
အပြုံးကိုယ်စီနဲ့ပါပဲ။
သို့သော် နှစ်ခြိုက်စရာကောင်းသော
အပြုံးများ မဟုတ်ပါ။
သဏ္ဍန်လုပ် သရုပ်ဆောင်
အတုအရောင်အပြုံးများသာဖြစ်သ
ထိုအပြုံးနှစ်ခုယှဉ်ကြည့်မိ
အရမ်းကိုကွာခြားလွန်းတာ သိသာပါတယ်။
ဘာတစ်ခုမှ မပိုင်ဆိုင်လို့ပဲ
ထိုအပြုံးမျိုး ပြုံးနိုင်တာလား?
ထိုအပြုံးမျိုးပြုံးနိုင်ခဲ
ဘာတစ်ခုမှမပိုင်ဆိုင်တော့တာ
စဉ်းစားရခက်ပါပေ့ လေလွင့်လူရယ် ...
အရာရာပြည့်စုံသူတွေ
ထိုအပြုံးမျိုးသာ ပြုံးနိုင်ကြလျှင် လောကကြီး
ဘယ်လောက်တောင် သာယာလိမ့်မလဲဗျာ။
#Ye_Htet_Geology
#ပန်းချီ_ဇော်ဇော်အောင့် 
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။