Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 14, 2017

စပါးစိုက်ပျိုးနည်းစနစ်(Rice Production Technology)

စပါးစိုက်ပျိုးနည်းစနစ်(Rice Production Technology)

စပါး သီးနှံကို ယေဘူယျအားဖြင့် နည်းစနစ် နှစ်မျိုးဖြင့် စိုက်ပျိုးလေ့ ရှိသည်။ ၄င်းတို့မှာ – ပျိုးထောင်ကောက်စိုက် စနစ် (Transplanting Method) နှင့် တိုက်ရိုက် မျိုးစေ့ချ စနစ် (Direct seeding Method) တို့ဖြစ်ပါသည်။ စိုက်ပျိုးမှု အပေါ် မူတည်ပြီး စပါး စိုက်နည်းစနစ် အမျိုးမျိုး ကွဲပြားနေခြင်းဖြစ်သည်။

ပျိုးထောင်ကောက် စိုက်စနစ်တွင် လက်ဖြင့် ကောက်စိုက်သည့် နည်းစနစ် (Manual Transplanting) နှင့် စက်ဖြင့် ကောက်စိုက်သည့် နည်းစနစ် (Mechine Transplanting) ဟူ၍ ခွဲခြား နိုင်ပါသည်။ တိုက်ရိုက် မျိုးစေ့ချစနစ် တွင် အခြောက် ထွန်ရေး အခြောက် တိုက်ရိုက် မျိုးစေ့ချစနစ် (Dry Direct seeding Method) နှင့် အစို တမန်းပြင် တိုက်ရိုက် မျိုးစေ့ချစနစ် (Wet Direct seeding Method) ဟူ၍ ခွဲခြားနိုင်ပါသည်။ စိုက်ပျိုး နည်းစနစ်တိုင်း၌ အားသာချက်များ၊ အားနည်းချက်များ ရှိပါသည် ။ ဒေသရေမြေ သဘာဝ ၊ ဖြစ်ပေါ် လာသည့် ရာသီဥတုပြောင်းလဲမှု၊ လူမှု စီးပွားရေး စသည့် အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ သင့်တော် ကိုက်ညီသည့် စနစ်ကို ရွေးချယ် အသုံးပြုရန် ဖြစ်ပါသည်။

လက်ဖြင့်ကောက်စိုက်သည့် နည်းစနစ်

အားသာချက် များမှာ ပျိုးသက် ၁၅ ရက်မှ ၄၀ ရက်သား အတွင်း ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။ ပုံမှန်ကြမ်း ရိုက်မြေ ညှိရုံဖြင့် စိုက်ခင်းရေ အတိမ်အနက် အမျိုးမျိုးတွင် စိုက်ပျိုး နိုင်သည်။ စက်ဖြင့် စိုက်ပျိုး သကဲ့သို့ ငွေကုန် ကြေးကျ မများချေ။ စပါးခင်း အတွင်းပေါင်းမြက်ေ ပါက်ရောက်မှု သက်သာေ စသည်။ လုပ်ကွက် ငယ် လယ်သမား အများစု (Small Scale Farmers) အတွက် အထူးသင့်တော်သော နည်းစနစ်ဖြစ်ပါသည်။

အားနည်းချက်မှာ စက်ဖြင့် စိုက်သကဲ့သို့ လျင်မြန် စွာပြီးစီးနိုင်ခြင်း မရှိချေ။ ကောက်စိုက် လုပ်သား ရှားပါးမှု နှင့်  ကြုံတွေ့ ရနိုင်သည်။ အတန်းလိုက် မစိုက်ဘဲ ကျဘမ်း စိုက်ခြင်းဖြင့် ကောက်ကွက် အပင်ဦးရေ မပြည့် မီပါက မျှော်မှန်း စပါးအထွက်ကို မရရှိနိုင်ချေ။ မိုးရေကိုသာ အားကိုးရသော မိုးနည်းပါး သည့်ဒေသများ၌ ပျိုးထောင်ပြီး၊ စိုက်ခင်းပြုပြင်ရန် မိုးမရွာ သွန်းခြင်း၊ ကောက်စိုက် လုပ်သား ခက်ခဲခြင်းစသည့် အခြေအနေများတွင် ပျိုးသက်ကြီး သွားသည်နှင့် ကြုံတွေ့ ရလေ့ ရှိပါသည်။

စက်ဖြင့်ကောက်စိုက်သည့် နည်းစနစ်

အားသာချက်မှာ အချိန်မီ လျင်မြန်စွာ စိုက်ပျိုးပြီးစီးစေသည်။ စိုက်ပင် စိုက်တန်း အကွာအဝေး တိကျညီညာ မှန်ကန်စေသည်။ ကောက်ပင် အမြစ်စွဲ အပင်လှန်မြှု မန်ဆန်ေ စသည်။ ပျိုးသက်နုကို စိုက်ပျိုးခြင်းကြောင့် သန်မာ ထွားကြိုင်း သည့် ပင်ပွားများကြို ဖစ်ထွန်းစေသည်။ စပါး ရင့်မှည့်မှု ညီညာစေပါသည်။

အားနည်းချက်မှာ စက်ဖြင့် အံဝင်ဂွင်ကျေ စသည့် ပျိုးဗန်း (သို့မဟုတ်) ပျိုးဖျာစသည့် သီးခြား ပျိုးထောင်မှု လုပ် ငန်းေ ဆာင်ရွက်ရန် လိုသည်။ ပျိုးသက်နု ချိန်တွင်သာ စိုက်ပျိုးနိုင်သည်။ ပျိုးသက် မကြီးမီ စိုက်ခင်း တမန်း ပြီးစီးရန် လိုသည်။ လက်ဖြင့် စိုက်ခြင်းထက် စိုက်ခင်းတမန်း အထူးကောင်းမွန်ရန် လိုသည်။ တမန်းပြင် ညီညာ အောင် ပီပြင်စွာ ကြမ်းရိုက် တမန်း ပြင် ညှိရန် လိုသည်။ စက်ဖြင့် အသုံးပြုနိုင်ရန် တမန်းပြင်တွင် ရေထိန်းသိမ်းမှု စနစ်တကျဖြင့် သင့်တော်သော အနေအထားရှိရန် လိုပါသည်။

တိုက်ရိုက်မျိုးစေ့ချစနစ်

အားသာချက်မှာစ ပါးစိုက်ပျိုးရာတွင် လိုအပ်သည့် ဆည်ရေ (သို့မဟုတ်) သွင်းရေကိုေ ချွတာ နိုင်သည်။ ပျိုးခင်းစရိတ်၊ ပျိုးနှုတ် ပျိုးသယ်ကောက် စိုက်စရိတ် မကုန်ကျသဖြင့် လုပ်အားခ ကုန်ကျ မှုလျော့နည်းခြ င်းကြောင့် စပါး စိုက်ပျိုး ကုန်ကျစရိတ် သက်သာစေသည်။ စိုက်ပျိုးရန် လွယ်ကူသည်။ လျင်မြန်စွာ စိုက်ပျိုးပြီးစီး နိုင်သည်။ ယခု အချိန် ကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ စပါးပျိုးထောင်ရန် မိုးမရွာသည့် အခြေအနေတွင် စိုက်ချိန်နောက်မကျ စေဘဲ စပါး စိုက်ပျိုးနိုင် သည့် နည်းစနစ်မှာ အခြောက်ထွန်ရေး (သို့မဟုတ်) အစိုတမန်း တိုက်ရိုက် မျိုးစေ့ချ စနစ်သာ ဖြစ်ပါသည်။

အားနည်းချက်မှာ စပါးပင် နှင့်ပေါင်းမြက်ပင် တို့သည် တစ်ပြိုင်တည်း ပေါက်ရောက်ခွင့် ရရှိေ စသဖြင့် ပေါင်းမြ က်ပေါက်ရောက်မှု ထူပြောလေ့ ရှိသည်။ ကြွက်၊ ငှက်၊ ခရု၊ ပုရစ်၊ ပုရွက်ဆိတ်၊ နီမတုတ်စသည့် ဖျက်ကောင် အမျိုးမျိုး ဖျက်ဆီးမှု အန္တရာယ် နှင့်ကြုံတွေ့ရလေ့ ရှိသည်။ မိုးခေါင်ခြင်း၊ မိုးကြီးခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိနိုင်ပါသည်။

ဦးစားပေးသင့်သည့် စပါး စိုက်ရေမြေ သဘာဝ (Rice Ecosystem, priority to be given)

မည်သည့် စပါးစိုက်ေ ရမြေ သဘာဝ (Rice Ecosystem) အတွက် ဦးစားေ ပးဆောင်ရွက် သင့်သည်ကို မြန်မာ နိုင်ငံ၏ စပါးစိုက်ပျိုးမှု အခြေအနေ အရ ရွေးချယ်လျင် မိုးရေသောက် လယ်စပါး စိုက်ရေမြေသဘာဝ (Rainfed Lowland Rice Ecosystem) ကိုသာ ဦးစားပေး ရွေးချယ် သင့်ပါသည်။

ဆည်ရေသောက် စပါးစိုက်ရေမြေ သဘာဝ (Irrigated Lowland Rice Ecosystem) ၌ စပါးစိုက်ပျိုးရာတွင်

သွင်းရေရရှိခြင်း (Irrigation)
အထွက်ကောင်းမျိုး (HYV) ၊ အထူး အထွက်တိုးမျိုး (Hybrids) စသည့်ခေတ်သစ် စပါးမျိုးများ အသုံးပြုခြင်း (Modern Varieties) နှင့်
ဓါတ်မြေသြဇာ အသုံးပြုခြင်း (Fertilizers) တို့ဖြင့် စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေနိုင်ပါသည်။
အစစအရာရာ အားသာသော အခြေအနေ (Favourable Ecosystem)ဖြစ်၍ေ ဆာင်ရွက်ရန် လွယ်ကူပါသည်။ သို့သော် မိုးရေသောက် လယ်စပါး စိုက်ရေမြေ သဘာဝ (Rainfed Lowland Rice Ecosystem) တွင်မူ စိန်ခေါ်မှု များစွာ ရှိနေသည်။ မိုးခေါင်ခြင်း (drought) ၊ရေကြီးရေလွှမ်းခြင်း (flood) ၊ပိုးမွှားရောဂါ (Pests) ၊ပေါင်းမြက် (weeds) နှင့်မြေဆီ လွှာပြဿနာ (Soil Problems) များ ရှိနေပါသည်။

စပါးစိုက်ပျိုး သည့်မြန်မာ့ရေမြေ သဘာဝသည် အမျိုးမျိုး ကွဲပြားခြား နားနေပါသည်။ မိုးရွာသွန်းမှု မမှန်မှုများ ကြုံတွေ့ ရသည်။ မမျှော်မှန်းနိုင်သည့် အခြေအနေ များလည်ြး ဖစ်လေ့ ရှိသည်။ တစ်နှစ် စပါးအထွက်ကောင်းသော် လည်း နောက်နှစ်တွင် မိုးခေါင်ခြင်း (သို့မဟုတ် )ရေလွှမ်းခြင်း တို့ကြောင့် စပါးအထွက် ဆုံးရှုံးသည်များလည်း ရှိပါ သည်။

ထို့ပြင် မိုးရေသောက် လယ်စပါးစိုက်ရေမြေ သဘာဝ (Rainfed Lowland Rice Ecosystem) တွင် စပါးစိုက်ပျိုးသည့် လယ်သမားအများစုမှာ ဆင်းရဲကြသည် ။ငွေကြေး အရင်းအနှီးကို မစွန့်စားဝံ့သော အခြေအနြေ ဖစ်ပါသည်။ မြန်မာနိင်ငံတွင် မိုးရာသီ၌ ဆည်ရေ၊ သွင်းရေနည်းလမ်း အသွယ်သွယ်ဖြင့် စပါးစိုက်ပျိုးမှုမှာ ၁၅% ပင်မပြည့်ချေ။ မိုးရေသောက် စိုက်ပျိုးမှုမှာ ၈၅%ကျော်သည်။ မိုးရေသောက် စိုက်ပျိုးမှုတွင်ေ ရတော် မိုးတော် စိုက်ဧရိယာမှာ အများစုဖြစ်သော်လည်း သဲဆန် ကုန်းကြော၊ ယာ ၊တောင်ယာ ၊ရေကြီးကွင်းေ ရနက်ကွင်း၊ ပင်လယ်ရေငန်ဝင် စသည် အစစအရာရာ အားနည်းသော အခြေအနေ (Unfavourable Ecosystem) များ ပါဝင်နေ ပါသည်။

သို့ဖြစ်၍ အထွက်အများဆုံး (Maximum Yield) ကို မမျှော်မှန်း နိုင်သော်လည်း တစ်နှစ်ပြီး တစ်နှစ် ယုံကြည် အားထားရသော အထွက် (Reliable Yield) ရရှိရေးနှင့် နှစ်စဉ် တည်ငြိမ်သော အထွက် (Sustainable Yield) ရရှိရေး အတွက် မိုးရေသောက် လယ်စပါး စိုက်ရေမြေသဘာဝ (Rainfed Lowland Rice Ecosystem) သုတေသနနှင့် နည်း ပညာ ဖွံ့ဖြိုးရေးကို ဦးစားပေးေ ဆာင်ရွက်ရခြင်ြး ဖစ်ပါသည်။

မိုးစပါးစိုက်ချိန်မှန် – ဇူလိုင်လ (Optimum Time of Sowing of Rice-July)

ဇွန်လတွင် ပျိုးထောင်ပြီး ဇူလိုင်တွင် စိုက်ခြင်းသည် မိုးစပါးအတွက် စိုက်ချိန်မှန် (Optimum Time of Sowing of Rice) ဖြစ်ပါသည်။ သို့သော် ဇွန်လတွင်ပျိုး မထောင်နိုင်ခဲ့ပါက ဇူလိုင်လတွင် အပြီးပျိုး ထောင်ရန် လိုအပ်ပါသည်။ အထွက်ကောင်း စပါးမျိုးများ (HYVs) သည် အသက်ရက်အလိုက် သီးပွင့်ရင့်မှည့်သည့် သက်တမ်းစပါး (Day-fixed) မျိုးမျာြး ဖစ်ပါသည်။ မျိုးစေ့မြေကျသည်နှင့် သက်တမ်း စပါသည်။ ပျိုးထောင်ခြင်း (သို့မဟုတ်) တိုက်ရိုက် မျိုးစေ့ချခြင်း တစ်နည်းနည်းဖြင့် ဇူလိုင်လ အတွင်း မျိုးစေ့မြေ ကျစေသင့်ပါသည်။

သို့မှသာ ဇွန်လတွင် ပျိုးထောင၊် ဇူလိုင်စိုက် သကဲ့သို့အနှံပါပင် ပွားများနိုင်မည်။ အထွက်ကောင်းနိုင်မည်။ နိုဝင်ဘာတွင် စပါးရိတ် အပြီး ကြွင်းကျန် အစိုဓါတ်ဖြင့် သီးထပ်သီးနှံ တစ်မျိုးမျိုး လိုက်နိုင်ပါမည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ပျိုးထောင်ရန် မိုးရွာသွန်းမှု နည်းပါးသည့်ေ ဒသများ၌ ပျိုးထောင်ရေ ရရှိရန် မမျှော်လင့် နိုင်ပါက တိုက်ရိုက်မျိုးစေ့ချ (Direct Seeding) စိုက်စနစ်ဖြင့် ဇူလိုင်လအတွင်း မျိုးစေ့မြေကျေ စသင့်ပါသည်။

စပါးမျိုးအလိုက် မိုးရာသီစိုက်ချိန် (Rice Varieties & Time of Sowing)

မိုးစပါး အတွက် စိုက်ချိန်မှန် (Optimum Time Of Sowing) သည် ဇူလိုင် ၁၅ ဖြစ်ကြောင်း၊ ၂၀၀၇၊ ၂၀၀၈၊၂၀၀၉ ခုနှစ်များတွင် စမ်းသပ်၊ သုတေသနရလဒ်များက ညွှန်ပြပါသည်။ မျိုးအလိုက်ကွာခြားမှုများရှိပါသည်။

သက်လတ်စပါး – မနောသုခ၊ ဆင်းသုခနှင့် ဆင်းသွယ်လတ် မျိုးများသည် ဇွန်(၁၅)နှင့် ဇူလိုင်(၁၅) တို့တွင် အထွက် အမြင့်ဆုံး ပေးစွမ်းနိုင်သည်။ စိုက်ချိန်နောက်ဆွဲပြီး၊ သြဂုတ်(၁၅)တွင် အထွက်လျှော့နည်းသွားသည်။

သက်လျင်စပါး – ရေဆင်း လုံးသွယ်နှင့် အမ်အာ ၂၃၀တို့သည် ဇွန်(၁၅)နှင့် ဇူလိုင်(၁၅)တို့ တွင် အထွက်မြင့်မား သည် ။ရွှေမြန်မာ နှင့် ယာ-၉တို့သည် ဇူလိုင်(၁၅)တွင် အထွက်မြင့်မားသည်။ ဆင်းသွယ်ရင်သည် သြဂုတ်(၁၅)တွင် အထွက်ပိုသည်။ ရွှေသွယ်ရင်၊ ဆင်းနွယ်ရင်နှင့် ရတနာတိုးမျိုး များသည်ဇွန်(၁၅)၊ ဇူလိုင်(၁၅)နှင့် သြဂုတ်(၁၅) စိုက်ချိန်အားလုံး အထွက်ပေးစွမ်းနိုင်မှု ကွာခြားခြင်းမရှိချေ။

စိုက်ချိန်အလိုက် အကျိုးသက်ရောက်မှုမှာ ရေမြေဒေသအပေါ် မူတည်ပြီး အပြောင်းအလဲဖြစ်နိုင်ပါသည်။ မျိုး အလိုက်ဒေသ အလိုက် စိုက်ချိန်မှန်ရန် လိုအပ်ပါသည်။

စပါးပျိုးထောင်ခြင်းအတွက် အဓိက အချက်နှစ်ချက် (Key for Nursery Management)

မျိုးစေ့ကောင်း (Good Seed) ကို အသုံးပြုရေးနှင့် မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ရေးတို့ သည် စပါးပျိုးထောင်ရာတွင် လိုက်နာရမည့်အဓိက အရေးကြီးသည့် အချက်နှစ်ချက်ဖြစ်ပါသည်။ စပါးကို မည်သည့် စနစ်ဖြင့် ပျိုးထောင် သည်ဖြစ်စေ မျိုးစေ့ကောင်း မျိုးသန့်မျိုးစေ့ (Good Seed) ကို အသုံးပြုခြင်းဖြင့် မျိုးစေ့နှုန်း ကိုေ လျာ့ချနိုင်သည်။ အပင်ပေါက်ကောင်းမွန် ညီညာစေသည်။ သန်စွမ်းသော ပျိုးပင်များကို ရရှိစေသည်။ စိုက်ပြီးပါကေ ကာက်ပင်ဖါထေးရမှု သက်သာစေသည် ။ပေါင်းမြက်ေ ပါက်ရောက်မှုနည်းေ စသည်။ စပါးအထွက် ၅ မှ ၂၀ ရာခိုင်နှုန်း ပိုမို စေပါသည်။

သွင်းရေသောက် လယ်စပါး (Irrigated Low Land Rice) ပျိုးထောင်ရာတွင် အထွက်ကောင်း စပါးမျိုး (HYVs) ကဲ့သို့ ပုံမှန် စိုက်ပျိုးနေကြစပါးမျိုး (Conventional Varieties) များအတွက် ပျိုးခင်းဧရိယာ တစ်မီတာပတ် လည်တွင် မျိုးစေ့ ၁၀၀ ဂရမ်နှုန်း (စာပါးစပ်ပြူမျိုးစေ့ လက်နှစ်ခုပ်၊ သုံးခုပ် ခန့်) ပြန့်နှံ့ညီညာစွာ ကြဲရန်ဖြစ်ပါသည်။

မျိုးဈေးနှုန်းကြီးမြင့်ပြီး ၊စပ်မျိုးစွမ်းအင် Hybrid Vigor ကိုအသုံးချသည့် စပ်မျိုးစပါးမျိုး (Hybrid Varieties) များ အတွက် ပျိုးခင်းဧရိယာ တစ်မီတာ ပတ်လည်တွင်မျိုးစေ့ ၂၂.၅ ဂရမ်နှုန်း (စာပါးစပ်ပြူမျိုးစေ့ လက်ခုပ်တစ်ခုပ် ဝက်ခန့်)ြ ပန့်နှံ့ညီညာစွာ ကြဲရန်ဖြစ်ပါသည်။

စပါးစိုက်ပျိုးရာတွင် ရှိသင့်သည့်ကောက်ကွက် အရေအတွက် (Plant Population in Rice Production)

စပါးစိုက်ပျိုး ရာတွင် ကောက်ကွက် အစိပ်အကျဲမှန်ရန် လိုသည်။ မှန်က စပါးအထွက် နှစ်ဆယ်ရာခိုင်နှုန်း ပိုနိုင်သည်။ ကောက်ကွက် ကျဲလွန်းက စပါးအထွက်လျော့သည် ။ကောက်ကွက် စိပ်လွန်းက စပါးပင်များ အလင်းရောင် လုံလောက်စွာ မရသဖြင့် အားပျော့ယိုင် လဲမည်။ အစာမချက်လုပ် နိုင်သဖြင့် စပါးစေ့ အဖျင်းများမည် ။ရောဂါပိုးမွှား ဖျက်ဆီးမှု များမည်။ စပါးမျိုး ၊မြေအမျိုးအစား၊ စိုက်ပျိုးရာသီ၊ စိုက်ချိန်၊ပျိုးသက်တို့အပေါ် မူတည်၍ အတန်းအပင် အကွာအဝေး မှန်ရန်လိုပါသည်။

၁၉၉၆ မှစ၍ လက်ရှိစပါးမျိုးများ၊ မျိုးသစ်များ၊ အလားအလာကောင်းသော အထွက်ကောင်း မျိုးများအား စမ်းသပ်၊ သုတေသန ရလဒ်များ ရှိပါသည်။

ရိတ်သိမ်းချိန်၌ တစ်ဧကေ ကာက်ကွက် ၁ ဒသမ ၁ သိန်း (အတန်း ၉ လက်မ နှင့် အပင် အကွာအဝေး ၆ လက်မ) အနည်းဆုံး ကျန်ရှိပါက စပါးအထွက်ေ လျာ့နည်းခြင်း မရှိချေ။ တစ်ဧကကောက်ကွက် ၁ ဒသမ ၉ သိန်း (အတန်း ၈ လက်မ နှင့် အပင်အကွာအဝေး ၄ လက်မ) ထိ တိုး၍ စိုက်ပျိုးသော်လည်း စပါးအထွက် မတိုးနိုင်ချေ။

တစ်ဧကေ ကာက်ကွက် ၁ ဒသမ ၁ သိန်း မှ တစ်ဧကကောက် ကွက် ၁ ဒသမ ၉ သိန်း အတွင်း ကောက်ကွက် အသီးသီး၏ စပါးအထွက်နှုန်း အပေါ် အကျိုးပြုမှုသည် ကွဲပြားခြား နားခြင်း မရှိပါချေ။ (not significant)

စပါးကောက်ကွက် တစ်ကွက်ရှိ အနှံပါပင်ပွား (No. of Penicles Per Hill)

စပါးကောက်ကွက် တစ်ကွက်ရှိ အနှံပါ ပင်ပွားဖြစ်ပေါ်မှုသည် အောက်ပါအချက်များ အပေါ် မူတည်ကြောင်း သုတေ သနပြုတွေ့ရှိရ ပါသည်။

စပါးမျိုး– မျိုးအလိုက် ပင်ပွား စွမ်းရည်မတူချေ။
ပျိုး– သန်စွမ်း တုတ်ခိုင် ပိုးမွှားရောဂါကင်း ပျိုးကောင်းလျင် အပင်ပိုပွားသည်။
မြေ– မြေကောင်းလျင် အပင်ပွားပိုသည်။ သဲဆန်မြေတွင် အပင်ပွား နည်းသည်။
တမန်း– ထွန်းရေး တမန်းကောင်းခြင်းသည် ပင်ပွား ပိုမိုစေသည်။
ကောက်ကွက်– ကောက်ကွက် ကျဲက အပင်ပိုပွားသည် ။ကောက်ကွက် စိပ်က ပင်ပွားလျော့နည်းသည်။
ရာသီ- မိုးရာသီတွင် အပင်ပိုပွားသည်။ နွေရာသီတွင်ပင် ပွားနည်းသည်။
နိုင်တရိုဂျင်– နိုင်တရိုဂျင်ြေ မသြဇာ များများထည့်က အပင်ပွား ပိုများစေသည်။
ပေါင်းမြက်– ပေါင်းမြက် ကင်းက အပင်ပွားပိုသည်။
ရေ– စိုက်ခင်းတွင် ရေနှစ်လက်မမှ သုံးလက်မခန့်သာ ထိန်းထားက အပင်ပွား ပိုစေပါသည်။
စပါးအတန်းစိုက်၍ ကြားပေါင်းလိုက် တမန်းနှိုးခြင်း

စပါးစိုက်ပျိုးရာတွင် စိုက်ချိန်၌ တမန်းကို ညက်အောင် မည်မျှပင်ပြုပြင် ထားစေကာမူ၊ ကောက်စိုက်ပြီး နောက် လယ်ကွက် ထဲတွင် ရေအမြဲသွင်း၍ ထားရာ ထိုတမန်းပေါ်ရှိ ရေထုဖိအားကြောင့် အချိန်ကြာသည်နှင့် အမျှ တမန်းအိပ်၍၊ မြေကြပ်သွားသည်။ ကောက်ပင်ပွားမှုကို အဟန့် အတား ဖြစ်စေပါသည်။

ပေါင်းမြက်ပင် များသည် လည်း ပေါက်ရောက် လာသည်။ ပေါင်းမြက် ပင်များသည် စပါးပင် အတွက် မြေတွင်းရှိ မြေဆီသြဇာ အာဟာရကို လုယူစား သုံးသည်။ ပေါက်ရောက်လာသောေ ပါင်းမြက်ပင်များကို သတ်ရန် နှင့် တမန်းအိပ်မှု ပပြောက်စေရန် လုပ်ဆောင်သင့်သည့် လယ်ယာ လုပ်ငန်းမှာ ကြားပေါင်းလိုက် တမန်း နှိုးခြင်းဖြစ်ပါ သည် ။ကြားပေါင်းလိုက် တမန်းနှိုး ကိရိယာကို အသုံးပြုခြင်းဖြင့် ကြပ်နေသော တမန်းကို နှိုးနိုင်သည်။ ပေါင်းမြက် ပင်များကိုလည်း ရှင်းနိုင်ပါသည်။ အချိန်ကုန် ၊ငွေကုန်သက်သာ၊ လွယ်ကူစွာေ ဆာင်ရွက်နိုင် ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်ချက်မှာ စပါးစိုက် ပျိုးစဉ်ကပင် အတန်းလိုက်ေ ကာက်စိုက်ရန်ဖြစ်ပါသည်။

စပါး ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးခြင်း

၆ တန်း ၁ တန်းလှပ် စိုက်ပျိုးခြင်းသည် စပါးမျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field) တွင် အသုံးပြုရသည့် စိုက်နည်း စနစ်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ စိုက်ခင်းပြုစုေ စာင့်ရှောက်ခြင်း၊ ကွင်းဆင်းစစ် ဆေးခြင်းနှင့် မျိုးကွဲ ပယ်ခြင်း လုပ်ငန်းများကို တန်းလှပ်ကြား အတွင်း လူဝင်၍ တစ်ဘက် ၃တန်း လက်တစ်ကမ်း အတွင်း လုပ်ငန်းေ ဆာင်ရွက် ရာတွင် လွယ်ကူစေ ရန်ဖြစ်ပါသည်။ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ပင်ပွားအများဆုံး အချိန်၊ ပန်းပွင့်ချိန်၊နှင့် မရိတ်သိမ်း မီအချိန်တို့တွင် ဆောင်ရွက်ရပါသည်။ သာမန်စပါး စိုက်ခင်းသည် အထွက် ရရှိရေး စိုက်ပျိုးခြင်း (Grain Production Field) ဖြစ်သဖြင့် ၆ တန်း ၁ တန်း လှပ်စိုက်ရန် မလိုအပ် သကဲ့သို့ အခြားမည်သည့် အတန်း အရေအတွက် နှင့် ၁ တန်းလှပ် စိုက်ပျိုးမှုမျှ လိုအပ်ခြင်း မရှိပေ။

ရေကြီးကွင်းဒေသ၌ စနစ်သစ် စပါးပျိုးထောင်ပြုစု ဂရုစိုက်နည်း (New Nursery Management Practice for Flood-prone Area)

ရေကြီးကွင်းဒေသ၌ စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့် ပျိုးပင်သည် ပုံမှန်ဒေသများ၌ စိုက်ပျိုးမည့် ပျိုးပင်ထက် ပိုမို သန်စွမ်း တုတ်ခိုင်ပြီးေ ရနစ်မြုပ်သည့် ဒဏ်ကိုပို၍ ခံနိုင်ရန် လိုပါသည်။ သမရိုးကျ ပျိုးခင်းတွင် မျိုးစေ့နှုန်း များများ ဖြင့် ထူထူကြဲခြင်းကြောင့် ပျိုးညှင်း ပျိုးလှီဖြစ်ကာ အပင် အာဟာရမပြည့် မစုံချို့တဲ့မှုကြောင့် ရေနှစ်မြုပ်မှု ဒဏ်ကို မခံနိုင်ကာ အကျိုးဆက် အားဖြင့် ကောက်ပင် အသေအပျောက်များခြင်း၊ စိုက်ခင်း ပျက်စီးခြင်း၊ စပါး အထွက် ထိခိုက်ခြင်း စသည်တို့ နှင့်ကြုံတွေ့ရမြဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သုတေသနပြု ထားပြီးသော စနစ်သစ်ဖြင့် ပျိုးထောင်ပြုစု ဂရုစိုက်ရန် လိုအပ် ပါသည်။

စနစ်သစ် စပါးပျိုးထောင်ပြုစု ဂရုစိုက်နည်း မှာ-

ပျိုခင်းဧရိယာ တစ်စတုရန်း မီတာလျင် စပါးမျိုးစေ့ ၇၅ ဂရမ်နှုန်း အသုံးပြု ပျိုးထောင်ရန်၊ (ပျိုးပါးကြဲ စနစ်ဖြင့် ပျိုးထောင် ရန်ဖြစ်ပါသည်။)
ပျိုးခင်း တစ်ဧကလျင် သဘာဝမြေသြဇာ (နွားချေးဆွေး) (၃) တန်နှုန်း ထည့်သွင်း အသုံးပြုရန်၊
ပျိုးခင်း တစ်ဧကလျင် ယူရီးယား ဓာတ်မြေသြဇာ (၁၃၀)ပေါင်၊ တီစူပါ(၆၇)ပေါင်၊ ဇီဖါ(၂၀)ပေါင်နှုန်း ထည့်သွင်း အသုံးပြုရန်
။ပေါင်းမြက် ကင်းစင်ရေးေ ဆာင်ရွက်ရန်တိြု့ ဖစ်ပါသည်။
ပျိုးခင်းမလို စပါးပျိုးထောင် နည်းသစ်

ရေကြီးရေလွှမ်းေ ဒသ၌ စိုက်ပြီး စပါးခင်းေ ရနစ်မြုပ်ပျက်စီးပါက စပါးအချိန်မြီ ပန်လည်စိုက်ပျိုးရေး အတွက် ပျိုးအမြန် လိုအပ်မည်ဖြစ်ပါသည်။ ပျိုးထောင် နည်းသစ်ဖြင့်ေ အာက်ပါအတိုင်း ပျိုးထောင်ရန်ဖြစ်ပါသည်။

ပျိုးထောင်ရန် ပျိုးခင်းလယ်မြေလည်းေ ရနစ်မြုပ်ဆြဲ ဖစ်မည်။ အိမ် (သို့မဟုတ်) လယ်တဲဝန်းကျင်ရှိ ကုန်းမြင့်မြေသည် ပျိုးထောင်ရန်ေ နရြာ ဖစ်ပါသည်။
။မြေသားပေါ်တွင် ပလပ်စတစ်စ (သို့မဟုတ်) ငှက်ပျောရွက်ခင်း၊ သစ်သား (သို့မဟုတ်) ဝါးခြမ်းဖြင့် တစ်ပေ၊ တစ်ပေခွဲခန့် အကန့်ငယ်မျာြး ဖစ်ပေါ်အောင်ေ ဘာင်ခတ် ရပါမည်။
။မြေမှုန့် ၇၀ မှ ၈၀ ရာခိုင်နှုန်း ၊ကောင်းစွာေ ဆွးမြေ့သေြာေ မဆွေး ၁၅ မှ ၂၀ ရာခိုင်နှုန်း၊ စပါးခွံ (သို့မဟုတ်) ဖွဲပြာ ၅ မှ ၁၀ ရာခိုင်နှုန်း အရောကို အကန့်ငယ်များ အတွင်းဖြည့်တင်း ရပါမည်။
ထိုနောက် ၂၄ နာရီေ ရစိမ်၊ ၂၄ နာရီ မျိုးအုပ်ထားသော အညှောင့်ဖေါက် စပါးမျိုးစေ့ များက မြေဆီလွှာ အရော ပေါ်ပါးပါးကြဲ၊ြေ မမှုန့် အခြောက်ဖြင့် ခတ်ပါးပါးဖုံး ၊စိုစွတ်ရုံေ ရလောင်းကာ ပျိုးထောင်ရန်ဖြစ်ပါသည်။
နာက်ရက် များတွင်ရေလောင်း၊ လိုအပ်သလိုပြုစုဂရုစိုက်ရန်လိုပါသည်။
ထို့နောက် ပျိုးသက် ၁၅ မှ ၂၀ ရက်သားတွင် ဖျာငယ်သဖွယ် ပျိုးချပ်များကို သယ်ယူကာ စိုက်ခင်းတွင် ကောက်စိုက်နို င်မည်ဖြစ်ပါသည်။
ဤနည်းသည် လုပ်အား လိုအပ်မှုနည်းသည်။ ပျိုးပင်အမြစ်များ မထိခိုက် မပျက်စီးသည့်ပြင် အလွယ်တကူ ဆောင်ရွက် နိုင်သည့် နည်းစနစ်ဖြစ်ပါသည်။ ဖျာငယ်သဖွယ် ပျိုးချပ်များကို ရရှိစေသည့် ပျိုးထောင်နည်းသစ် ဖြစ် သဖြင့် Modified Mat Nursery ဟု အသိများပါသည်။

စပါးနှစ်ကြိမ်ေ ရွှ့ပြောင်းေ ကာက်စိုက်စနစ် (Rice Double Transplanting Method)

ရေကြီးေ ရလွှမ်ြး ဖစ်ပေါ်လေ့ရှိသည့်ေ ဒသ များတွင် စပါးအောင်မြင်စွာ စိုက်ပျိုးနိုင် သည့် နည်း စနစ်ဖြစ်သည်။ နှစ်ကြိမ်ေ ရွှ့ပြောင်းေ ကာက် စိုက်ခြင်းဖြစ်သည် ။ရှေးဦးစွာ ပျိုးခင်း အား ရေလွတ်ရာ ကုန်းကျသည့် လယ်မြေတွင် ပျိုးထောင်ရန်ြ ဖစ်သည်။ ပျိုးသက်ရက် (၂၀) သားခန့်တွင် ပျိုးနှုတ်ပြီး အချိန်တို အတွင်း ဦးစွာရေကျသည့် အပေါ်ပိုင်း လယ်မြေတွင်ြေ ပာင်းရွှေ့ စိုက်ပျိုးရန်ြ ဖစ်ပါ သည်။ ရေကြီးရေလွှမ်း လယ်မြေ အားလုံး လုံးဝရေကျ ချိန်တွင် အဆိုပါ စိုက်ခင်း မှ ကောက်ပင် များအား နှုတ်ယူကာ ထပ်မံပြောင်းရွှေ့ေ ကာက် စိုက်ရန် ဖြစ်ပါ သည်။ ဤ နည်း ကို ရေကြီးရေလွှမ်းပြီး ရေကျချိန် ပျိုး အဆင်သင့်ဖြစ်စေရေး အတွက် အသုံးပြု နိုင်သည်။ မမျှော် လင့်ပဲရေကြီးရေလွှမ်း ပျက်စီးနိုင် သည့် လယ်မြေ များတွင်လည်း ရေကြီးရေလွှမ်းမှု မဖြစ်ပေါ်မီကပင် နှစ်ကြိမ်ရွှေ့ပြောင်း စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင် ထားပါက လိုအပ်ချိန် ပျိုးရှာဖွေရမှုမှ ကင်းဝေးနိုင်ပါသည်။

စပါးပျိုးသက် အကြီးဆုံး ထားရှိစိုက်ပျိုး နိုင်မှု (The Oldest Rice Seedling Age should be grown)

စပါးကို တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီး မိုးရွာသွန်းမှု အခြေအနေ အမျိုးမျိုး၌ စိုက်ပျိုးလျက် ရှိသည်။ ရာသီဥတုေ ဖါက်ပြန်မှြုေ ကာင့် မိုးခေါင်မှု၊ ရေကြီးရေလွှမ်းမှု သာမက၊ လယ်သမား တစ်ဦးချင်း၏ လူမှု စီးပွားရေး အခြေအနေ စသည့် အကြောင်းခြင်းရာ တစ်မျိုးမျိုးကြောင့် ပုံမှန်ပျိုးသက်တွင် စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ပျိုးသက်ကြီးဖြင့် စိုက်ပျိုး ရမည့် အခြေအနေ များကို ကြုံတွေ့ရကြောင်း သိရှိရပါသည်။ ပျိုးသက်မှန်ဖြင့် စိုက်ခြင်း သည် အပင်ဖြစ်ထွန်း မှု ကောင်းကြောင်း၊ ပျိုးသက်ကြီးသည်နှင့် အမျှ စပါးအထွက်လျော့နည်း နိုင်ကြောင်း၊ ယေဘုယျ အားဖြင့် သိထားကြ ပါသည်။

၂၀၀၀ – ၂၀၀၁ မှစ၍ စမ်းသပ်၊ သုတေသနရလဒ်များ အရ၊ ပျိုးထောင်ပြီးမှ အကြောင်း အမျိုးမျိုးကြောင့် ပုံမှန် ပျိုးသက်တွင် မစိုက်နိုင်ပါက – သက်လတ် အထွက်ကောင်း စပါးမျိုးများကို ပျိုးသက် အကြီးဆုံး (၄၅) ရက်သားထိ၊ စိုက်ပျိုးခြင်းဖြင့် ပုံမှန် စပါး အထွက် ကို မျှော်လင့်နိုင်ပါသည်။ ပျိုးသက် (၆၀) ရက်သားတွင် မူစပါးအထွက် သိသာစွာေ လျာ့နည်းမည်ြ ဖစ်ပါ သည် ။ကောက်ကွက် စိပ်ပြီး လက်ဆ တိုးသော်လည်း ပျိုးသက် (၄၅) ရက်သား ကဲ့သို့ စပါးအထွက်ကို မမျှော်မှန်း နိုင်ချေ ။ဒေသစပါး မျိုးကဲ့သို့အလင်းရောင် တုံ့ပြန်မှုရှိသော စပါးမျိုးများကိုမူ ပျိုးသက် (၆၀) ရက်သားထိ ထားရှိ စိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုး ကုန်ကျစရိတ်၊ ခန့်မှန်း စပါး အထွက်နှင့် စပါးဈေးနှုန်းေ မျှာ်မှန်း နိုင်မှု တို့ကို ချင့်ချိန်၍ ပျိုးသက် အကြီးဆုံးထားရှိ စိုက်ပျိုးရန်ြ ဖစ်ပါသည်။

ဒေသ စပါးမျိုး များနှင့် နောက်ဆွဲ စိုက်ပျိုးနိုင်မှု

စပါးစိုက်ပျိုးချိန် (Time of Sowing) သည် အရေးပါသော အချက် တစ်ချက်ဖြစ်သည်။ ဒေသ စပါးမျိုး (Local Rice Variety) သည် အလင်းရောင် တုံ့ပြန်မှု (Photoperiod Sensitive) ရှိသည်။ နေ့တာ တိုသည့် ကာလတွင် အနှံထွက် ပန်းပွင့်လေ့ ရှိသည်။ အရည် အသွေးကောင်း သည်။ အထွက်နှုန်း သင့်တင့်သည် ။ဒေသ စပါးမျိုးများ၏ စိုက်ပျိုးချိန် အလိုက် ဖြစ်ထွန်းမှုကို ၁၉၉၆ မှ ၂၀၀၂ ထိ ရဲဘော်ရင်၊ ရဲဘော်လတ်၊ ရဲဘော်စိန်၊ ရဲဘော်ရိုးစိမ်း၊ အင်းမ ရဲဘော်၊ ပင်တိုစိမ်း ၊ပေါ်ဆန်းမွှေး၊ ငကျွဲ ၊ရွှေဒင်္ဂါး ၊ရွှေမန်း ၁ ၊နှံကား စပါး မျိုးတို့ကို စိုက်ပျိုး၍ စမ်းသပ်မှု များ ဆောင်ရွက်ခဲ့သည်။

သုသေသနရလဒ်များအရ-

ဇူလိုင်လ – ဇူလိုင်လ အစောပိုင်းစိုက်ခြင်းသည် အထွက် အများဆုံးရရှိစေသည်။
သြဂုတ်လ -သြဂုတ်လယ်တွင် စိုက်ပါက ပုံမှန်ထက် အသက်ကြီး သွားသော်လည်း အထွက် များစွာလျော့ နည်းခြင်း မရှိချေ။
စက်တင်ဘာလ -စက်တင်ဘာလ လယ်စိုက်ခြင်းသည် ကောက်ကွက် တစ်ကွက်ရှိ အနှံ အရေ အတွက် နည်းခြင်း၊ တစ်နှံပါ အောင်စေ့ အရေအတွက် နည်းခြင်း တို့ကြောင့် စပါးအထွက် အနည်းဆုံးဖြစ်သည်။
နောက်ဆွဲ စိုက်နိုင်ခြင်း -ရေကြီးရေလွှမ်း ခံရပါက ဒေသ စပါးမျိုးများကို ပုံမှန်ထက်နောက်ကျ စိုက်နိုင်သည်။ သီးထပ် သီးနှံပုံစံ အရ ရှေ့သီးနှံကြောင့်သော် လည်းကောင်း၊ မမျှော်လင့်သော အကြောင်းကြောင့်သော် လည်းကောင်း ၊နောက်ဆွဲ စိုက်ရမည့် အခြေအနေမျာြး ဖစ်ပေါ်ပါက ဒေသ စပါးမျိုးများကို ပုံမှန်ထက်ေ နာက်ကျ စိုက်နိုင် ပါသည်။

Source by Sinthiha

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။