Khant Naing
ငင့်...
.
.
.
ဘော်လုံးပွဲရှိနေတုန်းတော့
နိုင်ချင်ကြတယ် ။
မြန်မာနိုင်ရမည်ပဲ။
ဒါပေမဲ့
မြန်မာပြည်က ကလေးတွေကို
သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းနဲ့ကျူရှင်နဲ့
ဂိုက်နဲ့ပဲ အချိန်ကုန်သွားအောင်ဖိထားကြတာက
ကြာပြီ ။
ပြင်ပကစားချိန် ၊ လေ့ကျင့်သင်ယူချိန် နတ္ထိ ။
ဆယ်တန်းအောင်လို့
ဘွဲ့ရသွားရင်တောင် တကယ့်ဘော်လုံးနဲ့ခြေထောက်နဲ့ထိဖို့အခြေအနေက
ခပ်ရှားရှား ။
တက္ကသိုလ်ဘော်လုံးပြိုင်ပွဲတွေက
မွေးထုတ်ပေးလိုက်တဲ့ဘော်လုံးသမားကေါင်းတွေ
ဆိုတာလည်းမကြားဖူးတာကြာပြီ ။
ယိုးဒယားမှာ
အလယ်တန်းကလေးလောက်ကစပြီး
ကစားချိန်မှာ ကွင်းထဲဆင်းလာရင်
ဘော်လုံး ဆယ်လုံးလောက်ထည့်ထားတဲ့
ပိုက်ကွန်ကြီးကိုထမ်းပြီးဆင်းလာကြတာ ။
အဲ့လိုဘော်လုံးတွေကိုထမ်းပြီးဆင်းလာတဲ့
ကလေးက တကျောင်းလုံးမှာမှ
တယောက်ထဲမဟုတ်ဖူး ။
သူ့အတန်းလိုက်၊ သူ့အဖွဲ့လိုက် ။
စနစ်တကျသင်ပေးတဲ့နည်းပြတွေရှိတယ် ။
မြန်မာပြည်က
လေ့ကျင့်ဖို့ကွင်းကရှား ။ အချိန်ကရှား ။အထောက်အကူပစ္စည်းကရှား ။ စနစ်တကျလေ့ကျင့်
ပေးမဲ့ နည်းပြကရှား ။အစားအသောက်ကရှား ။
ဒါပေမဲ့
ဘော်လုံးပွဲရှိရင်တော့
မြန်မာနိုင်ရမည်ပဲ။
ဒီလိုနဲ့ပဲ
ပြိုင်ပွဲတွေ၊
ဆယ်စုနှစ်တွေ တခုပြီးတခု ဖြတ်ကျော်လာနေကြတာ
ကြာပေါ့ ။
Zawwin Hlaing.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။