Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 9, 2016

ဟေ့....... မယုံရင် တွင်းထဲခုန်ဆင်းလိုက် ။ ။

. . . . . . . . တွင်း . . . . . . . .
✿✿✿✿
(လူငယ်တွေဖတ်ကြည့်စေချင်ပါသည်။)

ကိုယ်ချင်းလည်း မစာကြဘူး .... ။
သူတို့တုန်းကတော့ နေချင်သလိုနေပြီး
ငါတို့ကျမှ ဟိုလို မနေနဲ့၊ ဒီလို မနေနဲ့။
ဟိုလိုလေး လုပ်ကြည့်ပါလား။
ဒီလိုလေးလုပ်ကြည့်ပါ့လး။
ဟိုလိုလုပ်တာ မှားတယ်။
ဒီလိုလုပ်တာ မှားတယ်။
တော်တော်ကို ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေ...။
ဟင်း...ဟင်း...ဟင်း ။

.

.

"ဒီအရွယ်မှာ ရည်းစား မထားရဘူးနော်"
သူတို့တုန်းကတော့ ထားခဲ့ကြတယ်။
ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။

"မပျင်းကြနဲ့ ။ပျင်းရင် ပညာ မရဘူး"
သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက
ပျင်းခဲ့ကြတာပဲဟုတ်လား။

"ပိုက်ဆံစုကြ၊ မဖြုန်းကြနဲ့"
တော်တော် အပြောကောင်းတယ်။
သူတို့ ပိုက်ဆံမစုခဲ့ကြလို့၊ ငွေတွေကို ဖြုန်းတီးခဲ့ကြလို့
ကျွန်တော်တို့ ဒီလိုနေကြရတာ မဟုတ်ဘူးလား။

.

.

"အရက်မသောက်နဲ့ ငါ့သား"
အဖေ့ပါးစပ်မှာ အရက်နံ့တွေနဲ့။ ကျွန်တော့်ကို
လာပြီး ဆုံးမနေတယ်။
"ဆေးလိပ်သောက်တာ မကောင်းဘူး"
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။
ဆေးလိပ်မကောင်းကြောင်း တရားလာပြီး ဟောတယ်။
ရယ်စရာကောင်းလိုက်တာ။
"မနေနိုင်ရင် ကွန်ဒုံး သုံးကြနော်"
လာလာချေသေး။ ချို ချ ဉ် ကို အခွံမနွှာဘဲ
စားခိုင်းကြပြန်ပြီ။

.

.

လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။
လူငယ်တွေရဲ့ရင်ထဲမှာ 'စောဒက' တွေ အများကြီးပဲ။
လူကြီးတွေရဲ့ ဆုံးမစကားကို တစ်ဖက်သတ်
ပြောတယ်လို့ မြင်ကြတယ်။ ကိုယ်ချင်းမစာဘူး
လို့လည်း ခံစားကြတယ်။ သူတို့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ
ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။
မတရားဘူး။

ဒီလို လူငယ်တွေအတွက် ....
ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ။



တစ်ခါတုန်းကပေါ့. . . ။ ရတနာသိုက်ရှိတယ်လို့
နာမည်ကြီးနေတဲ့ ဒေသတစ်ခုရှိတယ်။ အဲ့ဒီဒေသမှာ
ရတနာတွေကို လိုက်ပြီးရှာကြတဲ့မုဆိုးတွေလည်း ရှိတယ်။

တစ်ရက်မှာ မိုးကြီးလေကြီး ကျပါလေရော။
မိုးတွေကလည်း သဲသဲမဲမဲ ရွာတယ်။ ချောင်းရေတွေ
ဒလဟောစီးလို့ မြေတွေပြိုတယ်။ သစ်ပင်တွေလဲတယ်။ အဲဒီအခါ....တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ
ရေတွင်းဟောင်းကြီးတစ်ခု ပေါ်လာတယ်။

အဲဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ လူတွေဝိုင်းအုံလာတယ်။
တွင်းထဲကို စူးစိုက်ပြီး ကြည့်နေကြတယ်။

"ဟာ . . .တွင်းထဲမှာ တလက်လက်နဲ့ ရွှေတွေ
ဖြစ်မယ်ကွ"

"မဟုတ်ဘူး၊ ပတ္တမြားခဲတွေ နေမှာပါ"

"ငါကတော့ စိန်ရောင်တွေ တောက်နေတယ် ထင်တာပဲ"

"မဟုတ်ဘူးကွ၊ ရှေးဟောင်း ရွှေငွေပစ္စည်းတွေ နေမှာ"

"ငါတို့ရှာနေတဲ့ ရတနာသိုက် တွေ့ပြီကွ"

တွင်းနှုတ်ခမ်းဝမှာ ဝိုင်းအုံပြီး ကြည့်နေကြတဲ့
လူတွေအားလုံးက တစ်ယောက်တစ်ပေါက် ပြောနေကြတယ်။ အားလုံးဟာလည်း 'လောဘ' မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။

အဲဒီအချိန်မှာ လူတစ်ယောက်က မပြောမဆို
တွင်းထဲကို ခုန်ဆင်းမယ် လုပ်တယ်။

"ဟိတ်ကောင် . . မင်း မဆင်းနဲ့။ ငါ အရင်ဆင်းမယ်။ ငါအရင်ရောက်တာကွ"

"ဘယ်ရမလဲ။ ဒီလိုဆိုရင် ငါ အရင် ဆင်းရမှာကွ"

"ဒီတွင်းပေါက်ဝကို မင်းထက် ငါ အရင် ရောက်တာလေ"

ဘာမပြော ညာမပြောနဲ့ လူတစ်ယောက်ဟာ
တွင်းထဲကို 'ဝုန်းခနဲ' ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်း ရောက်ရော လက်လက်
ထနေတဲ့ အရာတွေက ရွှေတွေလည်း မဟုတ်ဘူး၊
ပတ္တမြားတွေလည်း မဟုတ်ဘူး၊ စိန်တွေလည်း မဟုတ်ဘူး။
မိုးရွာလို့ မြေပြို ပြီး တွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊
မြွေဟောက်တွေ အကောင်တွေ ပေါက်နေကြတာ။
'မြွေပွေး၊ မြွေဟောက်' အကောင်တွေရဲ့ 'မျက်လုံး'တွေ အရောင်တောက်နေတာ...။
ဒီတော့...တွင်းထဲကို ရောက်နေတဲ့သူက
တွင်းအပေါ်ကို အော်ပြီး ပြောလိုက်တယ်။

"ဟိတ်ကောင်တွေ . . .ဆင်းမလာကြနဲ့။ ရွှေတွေ၊
စိန်တွေ မဟုတ်ဘူးကွ။ 'မြွေပွေး'တွေရဲ့ မျက်လုံးတွေ၊
'မြွေဟောက်'တွေရဲ့ မျက်လုံးတွေ။ သူတို့မျက်လုံးတွေရဲ့
အရောင်တွေကို ငါတို့က စိန်တွေ ထင်နေတာ၊
ရွှေတွေ ထင်နေတာ၊ ပတ္တမြားတွေ ထင်နေတာ။
ငါတို့ ထင်သလို မဟုတ်ဘူးကွ။ တွင်းထဲကို ဆင်းမလာကြနဲ့။
ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ ဆင်းမလာကြနဲ့"

တွင်းနှုတ်ခမ်းဝက လူတွေ...မယုံကြဘူး။
ဒီကောင် တစ်ယောက်တည်း လိုချင်လို့ လိမ်ပြောတာပဲ
ဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။

"ဟုတ်တယ်ဟေ့၊ ဆင်းမလာကြနဲ့။ 'စိန်'တွေ
မဟုတ်ဘူး။ ရတနာတွေ မဟုတ်ဘူး။ သူ ပြောတာ
မှန်တယ်ကွ။ ဒီကောင် သေနေပြီ။ ငါ့ကိုလည်း မြွေတွေ
ဝိုင်းပြီး ပေါက်ကုန်ပြီ။ 'မြွေ' ရဲ့ မျက်လုံးတွေကွ။ သူတို့ရဲ့
မျက်လုံးတွေကို ငါတို့က ရတနာတွေလို့ ထင်နေတာ။
မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့၊ အားလုံး
သေကုန်ကြလိမ်မယ်"

တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက
လူတွေပြောတဲ့ စကားကို မယုံကြဘူး။ ဒီနှစ်ကောင်
အပိုင်စီးချင်လို့ 'လီဆယ်' ပြီးတော့ ပြောတယ်လို့ပဲ
ထင်နေကြတယ်။

ဒီလိုနဲ့. . .

တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြတာ။
တွင်းနှုတ်ခမ်းဝက လူတွေအကုန်လုံး တွင်းထဲမှာ
သေကုန်ကြတော့တယ်။



လူကြီးဆိုတာ . . .
မြွေတွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို
'စိန်'တွေမှတ်ပြီး၊
ရတနာတွေမှတ်ပြီးတွင်းနက်ထဲကိုခုန်ဆင်းခဲ့ဖူးတဲ့သူတွေ။
သူတို့က မြွေကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ
အော်ပြောတဲ့ စကားဖြစ်တယ်။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။
လူငယ်တွေက မယုံကြည်ဘူး။
ဒီတော့ ခုန်ဆင်းကြဦးမယ်ပေါ့။

လူငယ်၊ လူလတ်၊ လူကြီးကို ဘယ်လိုအဓိပ္ပါယ်
သတ်မှတ်သင့်သလဲ။
ကျွန်တော်ကတော့ ဒီလို အဓိပ္ပါယ် ဖွင့်ချင်တယ်ဗျာ။

★ မသိလို့ လုပ်လိုက်မိတဲ့ အမှား၊

မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့ အမှား၊

အမှားတွေကို အမှန်ဖြစ်အောင် ကြိုးစားရင်း
ထပ်ပြီး မှားမိတဲ့အမှား၊

မှားမှန်းသိရက်နဲ့ မထူးပါဘူးဆိုပြီး ဇွတ်တိုးပြီး
မှားမိတဲ့အမှား...။

အဲဒီ အမှားတွေကို ရင်မှာပိုက်ပြီး အမှားများစွာဖြင့်
နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူကို
လူကြီးလို့ ခေါ်တယ်။

◆ အမှားကို အမှားမှန်း မသိဘဲ အမှားကို အမှန်ထင်ပြီး
အဲ့ဒီ အမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို
လူလတ်ဟု ခေါ်တယ်။

● အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား
လိုက်လံရှာဖွေနေသူများအားကိ
လူငယ်လို့ ခေါ်တယ်။

ဒီတော့. . .

နောင်တနဲ့ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့
ဘဝသင်ခန်းစာတွေကို လူငယ်လေးတွေအတွက်
မမှားဖို့၊ လိုက်နာဖို့၊ ရှောင်ကြဉ်ဖို့၊ သတိပြုဖို့
ပြောကြားတာကို လူငယ်တွေ နားလည်သင့်တယ်။

တကယ်တော့ . . .

အရောင်တောက်ပနေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို
စိန်၊ရွှေ၊ရတနာအမှတ်နဲ့ ရယူဖို့ ကြိုးစားရင်း.....
ဆုံးရှုံးမှုတွေ၊ နောင်တတွေ၊ မျက်ရည်တွေ၊
ဆင်းရဲခြင်းတွေ၊ ခံစားချက်တွေနဲ့ရင်းလို့ သိလာခဲ့ရတဲ့
လူကြီးတွေရဲ့ ဆုံးမစကားကို လူငယ်လေးတွေ
နားလည်စေချင်လို့ ဒီပုံပြင်လေးနဲ့ ပြောပြလိုက်ပါတယ်။

ဟေ့.......
မယုံရင် တွင်းထဲခုန်ဆင်းလိုက် ။ ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11
#ဦးဘုန်း (ဓာတု)မန္တလေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။