Mizzima - News in Burmese added a new video.
ဆောင်ဦးလှိုင်ရဲ့ “ ဆရာကား”
********************
“ ဆရာကား..” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အဝေးရောက်နေတဲ့ အဆိုတော် ဆောင်းဦးလှိုင်က ရန်ကုန်မြို့နေလူတွေအကြောင်း ရေးဖွဲ့ထားပြီး သူ့လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ရန်ကုန်မြို့တွင်း နေ့စဉ်ကြုံဆုံနေရတဲ့ ရုံးတက်ရုံးဆင်းမှာ ကြုံဆုံရတဲ့
ဘတ်စ်စကားများအကြောင်း၊ အေးဆေးပေါ့ဗျာ ဖြည်းဖြည်းလုပ်ပါ ဘတ်စ်ကားဆရာကြီး”
လို့ သီချင်းထဲမှာ ရေးဖွဲ့ထားပါတယ်။
“ ရန်ကုန်ကို သတိရမိတယ်။ ရန်ကုန်နဲ့မန္တလေးဟာ ကျွန်တော့အတွက်မြန်မာပြည်ရဲ့ထာဝရမြို့တော်ကြီးတွေပဲ။ ဒါကို ဘယ်သူကမှ ပြောင်းလဲပစ်ဖို့အမိန့်ပေးလို့ မရဘူးဗျာ။
ရန်ကုန်မှာ ကားတွေကြပ်လွန်းတာကြာင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုအများကြီးဗျ။ နာရီပေါင်းများစွာ ကားပေါ်မှာကြာနေရတာ အလုပ်ပျက်တော့ စီးပွားကျ၊ လူတွေစိတ်တိုရန်လို၊ ကိုယ်ချင်းစာတရားပျောက်ဆုံးစသဖြင့်ပြောမဆုံးပဲ။
ဒါ့ကြောင့် "ဆရာကား" ဆိုတဲ့သီချင်းတင်ပေးလိုက်ပါတယ် ” လို့ သူက ပြောထားပါတယ်။
“စည်းကမ်းလိုက်နာ မောင်းပြလိုက်ပါ ခင်မင်ရသော ဘတ်စ်ကား ဆရာကြီး ”ဆိုတဲ့ သီချင်းစာသားတွေ၊ “နည်းလမ်းများရှာ စဉ်းစားပေးပါ ခင်မင်ရသောအရာရှိလူကြီး ” သီချင်းစာသားတွေနဲ့ ရန်ကုန်မြို့ရဲ့ နေ့စဉ်ကြုံဆုံနေရတဲ့ ဒုက္ခကို သီချင်းရေးဖွဲ့ထားတာပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။