အိုင်းစတိုင်းဟာ ငယ်ငယ်က စာညံ့သူလား၊ စာတော်သူလား။
--------------------
အိုင်းစတိုင်းရဲ့ ငယ်ဘဝ ပညာရေးနဲ့ ပတ်သက်လို့ လူတွေ တော်တော်လွဲနေတဲ့ အမြင်ကို တည့်ပေး ချင်တယ်။ လူတော်တော်များများ သိထားတာက အိုင်းစတိုင်းဟာ ငယ်ငယ်တုန်းက စကားပြော နောက်ကျတယ်။ ကျောင်းမှာ စာမလိုက်နိုင်ဘူး။ ပျင်းတယ်။ သင်္ချာ မတွက်နိုင်ဘူး။ ခနခန စာမေးပွဲ ကျတယ်။ စသဖြင့် သိထားကြတယ်။ ဟုတ်သလား မသိဘူး။
ဟုတ်ပြီ။ အစ္စရေးလ်မှာ အိုင်းစတိုင်းရဲ့ လက်ရေးမူ စာတွေ စုဆောင်းထားတာ ရှိတယ်။ အဲဒီမှာ သိမ်းထားတာ တွေက ကမ္ဘာ့ အကြီးဆုံး သူ့စာတမ်း စုဆောင်းမှုပဲ။ အဲ့သည်စာတမ်းတွေကို ပြန်လှန်လှော ဖတ်ရှုခဲ့တဲ့ စစ်တမ်းတွေ အရ ကျွန်တော်တို့ သိထားတဲ့ အိုင်းစတိုင်းရဲ့ ငယ်ဘဝဟာ အတော်လွဲနေတယ်။
(၁) စကားပြော နောက်ကျသလား။
အိုင်းစတိုင်းက သူ့ရဲ့ အတ္ထုပတ္တိကို မှတ်တမ်းတင်သူ ကားလ်ဆီးလစ်ဂ် ကိုပြောခဲ့တာလေးက မှတ်တမ်း ဝင်နေခြင်း ဖြစ်ပါတယ်။ သူက သူ့မိဘတွေဟာ သူစကားပြော နောက်ကျတဲ့အတွက် စိတ်ပူခဲ့ ဖူးတယ် လို့ ပြန်ဖောက်သည် ချခဲ့တာကိုး။ တကယ့် တကယ်တမ်း အိုင်းစတိုင်းရဲ့ အဘိုးနဲ့ အဘွားက သူတို့ မြေးလေး အိုင်းစတိုင်းကို တွေ့ခဲ့ပြီးတဲ့နောက်ပိုင်း တခြား မိသားစုဝင် တစ်ယောက်ဆီကို ရေးခဲ့တဲ့ စာထဲမှာ အသက် ၂ နှစ် အရွယ် အိုင်းစတိုင်းလေး စကားပြော နောက်ကျတဲ့ အကြောင်း မပါပါဘူး။ ထူးထူးခြားခြား စပ်စုတတ်တဲ့ ဉာဏ်ပါ ရှိကြောင်း ရေးခဲ့ဖူးပါတယ်။
(၂) စာရောညံ့သတဲ့လား။
အသက် ခြောက်နှစ်ခွဲမှာ စာစသင်ခဲ့တဲ့ အိုင်းစတိုင်းလေးဟာ အတန်းထဲမှာ အမြင့်ဆုံးအမှတ်တွေသာ ရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း ဆရာတွေရဲ့ အသိအမှတ်ပြုခြင်းကိုတော့ မခံခဲ့ရ ပါဘူး။ တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေကို အိုင်းစတိုင်း မလိုက်နာတဲ့အတွက် ဆရာတွေနဲ့ ကတောက်ကဆ ဖြစ်တာလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် အသက် ကိုးနှစ်ခွဲလောက်မှာ တခြား အပြိုင်အဆိုင် ရှိတဲ့ ကျောင်းကို အိုင်းစတိုင်းပေါက်စဟာ ပြောင်းခဲ့ပါတယ်။ ဒီမှာလည်း အမှတ်တွေဟာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
အသက် ၁၁ နှစ်အရွယ်မှာ ကောလိပ်အဆင့် ရူပဗေဒ စာအုပ်ဖတ်နေပါပြီ။ အသက် ၁၃ နှစ် အရွယ် မှာတော့ Emmanuel Kent ရဲ့ Critique of Pure Reason ဆိုတဲ့ သူတို့ခေတ်က အဆင့်မြင့် အတွေး အခေါ် စာအုပ်ကို ဖတ်ပြီးတဲ့နောက် Kent ဟာ သူ့အကြိုက်ဆုံး စာရေးဆရာပါလို့ကို ထုတ်ပြော ခဲ့ဖူးပါတယ်။ တကယ်သေချာ စောင့်ကြည့်နေတဲ့ လူ ဘယ်သူမဆို အိုင်းစတိုင်းဟာ အလွန်တော် ကြောင်း သုံးသပ်မိဖို့ပဲ ရှိပါတယ်။
(၃) သင်္ချာ ညံ့တယ်ဆိုတာကရော။
အလကား။ ဘာသင်္ချာမှ မညံ့ဘူး။ စာမေးပွဲတော့ ကျခဲ့ဖူးတယ်။ သို့သော် သင်္ချာကြောင့်မဟုတ်ဘူး။ အသက် ၁၆ နှစ်အရွယ်မှာ ဇူးရစ်ခ်ျ ပိုလီ တက်ဖို့ ဝင်ခွင့် စာမေးပွဲ ဖြေတော့ သူ ကျောင်းပြီးဖို့ တစ်နှစ်ခွဲ လောက်ကို လိုပါသေးတယ်။ စာမေးပွဲမှာ မေးတဲ့ စာက ပြင်သစ်လိုမေးတာ။ သူက ပြင်သစ်လိုလည်း မလေ့လာထားတဲ့အခါ အဲ့ဒီ ဝင်ခွင့်စာမေးပွဲရဲ့ ဘော်တနီ ဘာသာရပ်၊ ဇီဝဗေဒ ဘာသာရပ်၊ ပြင်သစ် ဘာသာ စတဲ့ ဘာသာရပ်တွေမှာ ကျခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ချာကတော့ ပြောစရာကိုမလိုပါဘူး။ အောင်ခဲ့ကြောင်းပါ။
(၄) စာမလိုက်နိုင်ဘူးဆိုတာရော မှန်လား။
တစ်ဝက်မှန်တယ်။ အပြည့်မဟုတ်။ သူဟာ ငယ်စဉ်ကထဲက dyslexic ဆိုတဲ့ စာသင်ယူရခက်တဲ့ စိတ်ရောဂါ ဝေဒနာရှင် ဖြစ်တယ်။ တချို့ ကျတော့လည်း အဲ့ဒီရောဂါမဟုတ်ဘူး။ ADHD လို့ ခေါ်တဲ့ သတိမမူ စိတ်ရောဂါ ခံစားနေရသူလို့ ဆိုပြန်ပါတယ်။ ဒါ့အပြင် အိုင်းစတိုင်းရော နယူတန်ရော ဟာ ငယ်စဉ်က Asperger’s Syndrome လို့ ခေါ်တဲ့ စိတ်မူမမှန်မှု ရောဂါရှင် အော်တစ်ဇင်မ်တွေ ဖြစ်ကြတဲ့ အလျောက် လူမှုဆက်ဆံရေး ပြေပြစ်မှု မရှိခြင်း၊ တစ်ခုခုကို ထပ်တလဲလဲ ပြုလုပ်နေလေ့ ရှိတတ်ခြင်း စတဲ့ လက္ခဏာလေးတွေရော ရှိနေကြပါတယ်လို့ သိရပါတယ်။
ကိုးကား - https:// www.washingtonpost.com/ news/answer-sheet/wp/2016/ 02/11/ was-albert-einstein-really- a-bad-student-who-failed-m ath/
#kyawnge

ကိုးကား - https://
#kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။