Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 9, 2016

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

==================

တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ် ။ လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို ခရီးထွက်ပါတယ်။ ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း ၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်။ နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ် ။ အဲဒီ ရဲတိုက်ကြီးဟာ ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်။

ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြပြီး လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့ တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်။ စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်။ ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ် ။ လူငယ်လေးဟာ ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်။

ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်။ ပြီးတော့ လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး ၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… “အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..” လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့
“မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ.. ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..” လို့ ပြောပါတယ်..

ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း များစွာကို ကျော်ဖြတ်ရင်း သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်.. ပညာရှိပြောတဲ့ ၂နာရီ ပြည့် တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို ပြန်လာခဲ့ပါတယ်..

“ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့ ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား” လို့မေးပါတယ်..

လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို ၀န်ခံလိုက်ပါတယ်။ သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက် ထားရှိခဲ့မိပါတယ်။

“ ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်လိမ့်မယ်.. ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ ” လို့ပြောလိုက်ပါတယ်..

ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့ မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်။ ပညာရှိနဲ့ တွေ့တော့ သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်။

“ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..”

ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို သတိရမိပါတော့တယ်။ ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူ။

“အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့” ဆိုတာပါဘဲ…………….

ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်။ မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကြိုးစား နေရင်းနဲ့ဘဲ စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်။

အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်။ ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက ဆီဇွန်းကို ဂရုမထား လိုက်မိတဲ့ အဖြစ်မျိုးလိုပါပဲ။ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့ အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မယ့် အဖြစ်မျိုးနဲ့ ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

Via; Forward Mail

#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။