shared by ThiThi on 03/10/16 - duwun.com.mm - Community
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ စန္ဒရား ဦးမြင့်ငြိမ်းဟာ ကိုယ့်တေးသီချင်းတွေကို ကိုယ်ကိုယ်တိုင် မီးပွိုင့်မှာ လိုက်ရောင်းပြီး ဘဝကို ခက်ခက်ခဲခဲရပ်တည်နေရပါတယ်။
play
အဆိုပါ သီချင်းတွေဟာအချိန်ဆယ်နှစ်ခန့်ယူခဲ့ရပြီး ကုန်ကျစရိတ်အတွက် ပိုင်ဆိုင်တဲ့ ကီးဘုတ်ကိုရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ သူ့သီချင်းတွေကို လူတွေသိဖို့ သူကိုယ်တိုင်မီးပွိုင့်တွေမှာ ရောင်းချနေရတာဖြစ်တယ်လို့ Kumudra သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ သူ့ရဲ့သီချင်းခွေတွေ လိုက်လံရောင်းချနေတဲ့ ပုံတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။
play
သူ့လိုပဲ မြန်မာ အနုပညာရှင်ကြီးတွေဟာ ခက်ခက်ခဲခဲရပ်တည်ရကြောင်း စန္ဒရား ဦးမြင့်ငြိမ်းက ပြောထားတယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ သူဟာ ရန်ကုန်မြို့၊ စကားဝါလမ်းမှာရှိတဲ့ မင်းကွန်းကျောင်းတိုက်မှာ မှီခိုနေထိုင်နေတယ်လို့ သိရပါတယ်။
Photos & Source: Kumudra (author ကိုသက်ဖြိုး ,photo ကိုမျိုးခိုင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။