Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 3, 2016

ဆရာဟူသည်

ဆရာဟူသည်
🌺🌺🌺🌺🌺
ဆရာဟူသည် အဘယ်နည်း။ ဆရာနှင့်ပတ်သက်သော အခေါ်အဝေါ်အသုံးအနှုန်းကို ဖော်ပြ ချင်ပါတယ်။ ဆရာဟူသည် “ဆာယာ” ဆိုသော ပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်၍ “အရိပ် အာဝါသပေးသူ” ဟူ၍လည်း အဓိပ္ပာယ်ရပါတယ်။ နောက်မြန်မာအဘိဓာန်မှာလည်း ဆရာဟူသည် “ပညာသင်ကြားပို့ချပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ၊ အတတ်ပညာလုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်စွာတတ်မြောက်သည့် ပုဂ္ဂိုလ်” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပြထားပါတယ်

ဆရာဟူသည် အနန္တော အနန္တငါးပါးဖြစ်သော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ စသည်တို့တွင် ဆရာသည်လည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟူ၍ မြတ်ဗုဒ္ဓကပင် ဟောဖော်ညွှန်ပြဆုံးမထားပါတယ်။ ဒါ့အပြင်ဆရာဟူသည် ဆရာဝတ္တရားငါးပါးဖြစ်သော “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်းဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါး ဖြာ” ဆိုသည့် လူမှုကျင့်ဝတ်ဆောင်ပုဒ်နှင့်အညီ တပည့်များအား အတတ်ပညာအသိပညာများကို သင် ကြားပေးရပါတယ်။ မကောင်းမှုပြုလုပ်မည့်အရာများကို သွန်သင်ဆုံးမ၍ ထိန်းကျောင်းပေးရပါတယ်။ ဆရာများက တပည့်များအပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ဟူသမျှကိုလည်း၊ မကျရောက်စေ ရန်တားဆီးကာကွယ်ပေးရပါမယ်။ တပည့်များအတွက် သင့်တင့်လျောက်ပတ်သော လုပ်ငန်းများကို လည်း စီမံကွပ်ကဲပေးရပါမယ်စသည်ဖြင့် ဆရာ၊ ဆရာမတို့ရဲ့ ကျင့်ဝတ်များသည် အင်မတန်မှ ခက်ခဲ နက်နဲသိမ်မွေ့နေပါတယ်။

ဒါတင်မကပါဘူး၊ ဆရာဟူသည် ဆရာကောင်း၊ ဆရာမြတ်ဆိုတဲ့ အင်္ဂါရပ်များနှင့်လည်း ညီညွတ်ရပါ မယ်။ ဆရာကောင်း၊ ဆရာမြတ်တို့တွင် ရှိသင့်တဲ့အင်္ဂါရပ်တွေကတော့ - - - - - - - -

(၁) ဆရာကောင်း၊ ဆရာမြတ်တို့သည် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာပုဒ်နဲ့ပြည့်စုံသူဖြစ်ရပါ မယ်။

(၂) ချစ်ခင်လေးစားဖွယ်ကောင်း၍ အလေးဂရုပြုဖွယ်ကောင်းရပါမယ်

(၃) တပည့်များလမ်းလွဲလိုက်ခဲ့လျှင်၊ လျစ်လျူရှုမထားဘဲ လမ်းမှန်ကိုရောက်အောင် ကျိုးကြောင်းပြ ၍ ပြောဆိုဆုံးမပေးရပါမယ်။

(၄) သူတစ်ပါး၏ ပြစ်တင်ပြောဆိုမှုများကိုလည်း သည်းခံနိုင်စွမ်းရှိရပါမယ်။

(၅) ခက်ခဲနက်နဲသော သဘောတရားများကိုလည်း သင်ကြားပို့ချပြောဆိုနိုင်ရပါမယ်။

(၆) တပည့်များကို မသင့်လျော်သော၊ မလျောက်ပတ်သော အရာတို့ကို ခိုင်းစေမှုမပြုရပါ။

စသည်ဖြင့် ဆရာကောင်း၊ ဆရာမြတ်တို့မှရှိသင့်တဲ့ အင်္ဂါရအ်တွေနဲ့ ညီညွတ်ရပါမယ်။

ထို့ပြင် ဆရာဟူသည် တပည့်များအတွက် အခရာကျသော ပုဂ္ဂိုလ်များလည်း ဖြစ်ကြပါတယ်။ ဆရာတို့ ၏နည်းပေးလမ်းပြမှု မှန်ကန်ပါမှ တပည့်များအနေနဲ့ “ဆရာကောင်းတပည့်၊ ပန်းကောင်းပန်” ဆိုသလို လူ့လောကအလယ်မှာ လူကောင်းလူတော်လေးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆရာတွေ ရဲ့နည်းပေးလမ်းပြ မမှန်ကန်ခဲ့ရင် “တပည့်မကောင်း၊ ဆရာ့ခေါင်း” ဆိုသလို ဆရာတွေအပေါ်အပြစ် တွေ ပြန်လည်ရောက်ရှိလာတတ်ပါတယ်။

တကယ်တော့ ဆရာ၊ ဆရာမများဟာ မိမိတို့ရဲ့ တပည့်သားမြေးများအပေါ်မှာ “ရှေးရှုမေတ္တာ၊ ကရုဏာ နှင့် နာနာကြင်ကြင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဆိုတဲ့ မဃဒေဝလင်္ကာရ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ တရားတွေနဲ့အညီ သွန်သင် ညွှန်ပြဆိုဆုံးမကြမယ့်သူများသာ ဖြစ်ပါတယ်။ တပည့်များကို မုန်းတီးနာကြည်းတတ်တဲ့ ဆရာ၊ ဆရာမ ရယ်လို့ ဘယ်သူမှမရှိကြပါဘူး။ “ဝါသနာ၊ စေတနာ၊ အနစ်နာ” ဆိုတဲ့ နာသုံးနာနဲ့အညီ တပည့်များအ ပေါ် အကြင်နာတရားထားရှိပြီး မုဒိတာတရားလည်းပွားများနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာများနဲ့ပတ်သက်လို့ လူ့လောကမှာခိုင်းနှိုင်းစံပြုထားတဲ့အရာတွေက များပြားလှပါတယ်။ ဆရာဆိုတာ အိုးထိန်းသည်နှင့်လည်း တူပါတယ်။ အိုးထိန်းသည်တို့မည်သည် မိမိတို့ထုတ်ခတ်လိုက် သောအိုးကို ဘယ်တော့မှ ကွဲအောင်မပြုလုပ်ကြပါဘူး။ ပုံကောင်းပုံလှဖြစ်ရန်သာ ပြုလုပ်ကြပါတယ်။ ဆရာဟူသည် ဥယျာဉ်မှူးနှင့်လည်း တူသည်ဟုဆိုကြပြန်ပါတယ်။ ဥယျာဉ်မှူးတို့မည်သည် မိမိတို့စိုက် ပျိုးထားသော ပန်းဥယျာဉ်တွင် ပန်းပေါင်းစုံဖူးပွင့်ရန်အတွက် ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာကျွေး စသည်ဖြင့် နေ့ညမပြတ်လုပ်ကိုင်ကြပါတယ်။ အဲဒီပန်းဥယျာဉ်က ပန်းပေါင်းစုံတို့ ဖူးပွင့်ဝေဆာလာရင် ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်။ နောက်ဆရာဆိုတာ ဓားသွေးကျောက်ပမာ ဓားများထက်စေဖို့ အသုံးချခံရသော ပစ္စည်းတစ်ခုနှင့်လည်း တူပါတယ်။ ဓားများကြာကြာသွေးဖန်များသောအခါ ပါးလွှာ၍ သာသွားရပါတယ်။ ဒါပေမဲ့ မိမိသွေးပေးလိုက်သော ဓားများအရေအတွက်ကား မနည်းတော့ပေ။

တချို့ကလည်း ဆရာဟူသည် တစ်တိုင်မှတစ်တိုင် ထွန်းညှိပေးလိုက်သော ဖယောင်းတိုင်ဆီမီးနှင့် တူ သည်ဟုတင်စား၍ ဆိုထားပြန်တယ်။ ဖယောင်းတိုင်ဆီမီးသည် မိမိအနေဖြင့်အခြားသော ဖယောင်း တိုင်များကို အလင်းရောက်ရစေဖို့ ထွန်းညှိရင်း၊ ထွန်းညှိရင်း တို၍တို၍သာသွားရပါတယ်။ ဤသို့ဖြင့် ဆရာများနှင့်ပတ်သက်သော စံပြုတုနှိုင်းဖွယ်ရာများကို ခိုင်းနှိုင်းရေးဖွဲ့ပါက စာဖွဲ့၍ပင်ကုန်နိုင်အံ့မထင် ပါ။

ဒါကြောင့် ဆရာ၊ ဆရာမတို့သည် မိမိတို့တွင် ရှိသင့်ရှိအပ်သော ဂုဏ်သိက္ခာအဆင့်အတန်း၊ တာဝန် ဝတ္တရားများကို ကျေးပွန်စွာထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကမ္ဘာ့အလယ်တွင် ဆရာဟူ၍ ဝင့်ကြွားနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ပညာရေးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆရာ၊ ဆရာမများသည် မိမိတို့၏ဘဝအဆင့်အတန်း မြင့်မားစေရန်လည်းကောင်း၊ မိမိတို့ဌာနဆိုင်ရာ ဂုဏ်သိက္ခာများ မညှိုးနွမ်းစေရန်လည်းကောင်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု တိုက်တွန်း ရင်း “ဆရာ့ဘဝ” ဆိုတဲ့ ကဗျာလေးဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

“ဆရာ့ဘဝ”

- ဆရာ့ ဘဝ၊ လွန်နိမ့်ကျလည်း၊ ဆရာကတော့ အပြုံးမပျက်ပါ။

- ဆရာ့ ဘဝ၊ တစ်ပြားမရှိလည်း တပည့်များက မရှားပါ။

- ဆရာ့ဂုဏ်ပုဒ်၊ လွန်သေးနုပ်လည်း၊ ရွှေထုပ်ပါတဲ့ မြပဝါ။

- နောက်ဆုံးတော့၊ ဆရာဟာ ဆရာပါပဲ။

Democracy Today Daily မှထုတ်နှုတ်ဖော်ပြပါသည်
မျှဝေသူ:ချစ်ပန်းရုံ 🌺

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။