လူငယ်တစ်ယောက်ရဲ့ သိမှုအနုတ်အသိမ်း***
(က)
ဆေးဆရာဆိုတာ လူမှာဖြစ်တဲ့ ရောဂါ
ကုသသူ ကိုခေါ်တယ်…
ဒီလိုမှမဟုတ်
လူဖြစ်ခြင်းဟာ ရောဂါလို့ဆိုသူကိုတော့
ခင်ဗျားက ပြန်ကုခဲ့ပါ…။
………………………………………………
(ခ)
ရိုးရိုးလေးပါပဲ…
လက်ရှိဘဝဟာ ဘယ်လိုမှ လွတ်မြောက်စရာမရှိဘူးဆိုတဲ့
ဘဝဆုံးစေတဲ့ အကြံဟာ
ခင်ဗျားကို လမ်းညွှန်တာမဟုတ်ဘူး…
ဒုက္ခကို အမွှန်းတင်နေတာ…။
…………………………………………………
(ဂ)
ဟုတ်ပါတယ်…။
တိတိကျကျကို ကွဲလွဲနေလိမ့်မယ်…
ခင်ဗျားက 'သေ'နည်းကို ပုံဖေါ်တယ်။
ကျွန်တော်က 'နေ'နည်းကို ထုဆစ်တယ်…။
………………………………………………………
(ဃ)
အော်…သိသာလွန်းပါတယ်…
ခင်ဗျား မြည့်လဲ့နေအောင် ဘယ်လောက်သွေးထားမှန်း…
ဒါပေမယ့်
အချိန်တန် ဒီဓါးအိမ်ထဲပြန်ပြန်ဝင်နေရတဲ့
ခင်ဗျားဘဝကို သုံးသပ်ကြည့်စေချင်ရုံပါ…။
…………………………………………………………
(င)
စစ်မှန်တဲ့ ဒုက္ခလို့ ဆိုရာမှာ
အဲ့ဒိဒုက္ခမှ လွတ်မြောက်နိုင်ခြင်းဆိုတဲ့ ဂုဏ်အင်္ဂါတစ်ရပ်ရှိရပါတယ်…။
…………………………………………………………
(စ)
ဆရာတာရာမင်းဝေက ပြောတယ်
ဘောင်ဘင်မခတ်ဘူးဆိုတိုင်း အိုးပြည့် ဘယ်ဟုတ်ပါ့မလဲ…
အိုးလွတ်လည်း ဖြစ်နေနိုင်တာပဲတဲ့…။
ဟုတ်တယ်…။
ဘောင်ဘင်ခတ်ပြီဆိုကတည်းက
အနည်းငယ်ပဲဖြစ်ဖြစ် 'ရှိနေခြင်း'ကို ကိုယ်စားပြုတယ်မဟုတ်လား…။
…………………………………………………
(ဆ)
ယုံကြည်မှုဆိုတာ
မသိခြင်းကို အကောင်းမြင်ပေးခြင်းဖြစ်ပြီးတော့
သံသယဆိုတာကတော့
မသိခြင်းကို အဆိုးမြင်ခြင်းသာဖြစ်တယ်…။
……………×××…………
(ဇ)
ဘယ်'၁'မှ သုညကို ရှေ့တန်းမတင်ဘူး…
'၉'ဆို ပိုဝေးရော…။
သုညကို ရှေ့တန်းတင်မိတဲ့
ကိန်းဂဏန်တွေကတော့
ကိုယ်ပိုင်တန်ဖိုးယုတ်လျော့ သွားကြလေရဲ့…။
………………×××……………
(စ်)
လုပ်ငန်းခွင်အခက်အခဲက လွတ်မြောက်ခြင်းအစစ်မှန်ဆို တာ
လုပ်ငန်းတာဝန်ကျေပွန်တတ်ကျွ မ်း ပြီးမြောက်စေခြင်းမှတပါး အခြားမရှိပါ…။
အလုပ်မသွားခြင်း(တာဝန်ရှောင်ခြင်း) နဲ့ ဖြေရှင်းမယ်ဆိုလို့ကတော့
အလုပ်မလုပ်ခြင်းကြောင့် ကြုံရမယ့်
တခြားဒုက္ခကို လက်ရပ်ခေါ်ခြင်းသာ ဖြစ်လိမ့်မယ်…။
………………×××……………
(ည)
အရှိတရားတွေ ယုတ်လျော့ကုန်လို့
ပူပန်ရတယ်ဆိုရင်
စွန့်လွှတ်လိုက်လို့ မရှိတော့ရင်ရော ငြိမ်းမယ်ထင်လို့လား…။
မရှိခြင်းဒုက္ခတွေ ခေါင်းထောင်လာလိမ့်မယ်…။
ဒီတော့
အရှိတရားတွေ ထိန်းသိမ်းနည်းကိုသာ ခင်ဗျားလေ့လာလိုက်စားသင့်တယ်လို့ ကျွန်တော်အကြံပြုပါရစေ…။
……………………×××…………………
(ဋ)
လုံလထုတ်ရခြင်းကို ဒုက္ခထင်နေသူတွေဟာ
နုံခြာစုတ်ပြတ်ခြင်းနဲ့သာ ထိုက်တန်ပါတယ်လေ…။
……………………×××…………………
(ဌ)
ဖယောင်းတိုင်အလင်းလောက်နဲ့
တလောကလုံး အမှောင်ခွင်းချင်တာလောက်
ရူးနှမ်းတဲ့အတွေးအခေါ်မရှိတော့ဘူး…။
အမှောင်ရှိရာ လိုက်လင်းနေရတာနဲ့ပဲ
ခင်ဗျားဘဝဟာ ပရမ်းပတာ ခါယိမ်းပြီး မြန်မြန်ပျော်ကြသွားမှာပေါ့ …။
ခင်ဗျားကိုယ်ခင်ဗျားသာ တောက်ပသည်ထက်တောက်ပအောင်
ကြိုးစားစမ်းပါ…။
'နေ'ဖြစ်တဲ့တစ်နေ့ ကမ္ဘ္ဘာမပတ်လည်း
တစ်ခြမ်းမက လင်းစေလိမ့်မယ်…။
………………×××…………………
(ဍ)
ဓါတ်ခဲတစ်လုံးရဲ့ အတွေးမှာ သက်တမ်းကုန်ခြင်းကို
အရေးအရာပေး စိုးရိမ်နေလို့ကတော့
အသုံးမဝင် အသုံးမကျ
ဆားပေါက်ဓါတ်ခဲသာ ဖြစ်သွားလိမ့်မယ်…။
ဘယ်ဝန်ကို ကျေပွန်စွာထမ်းဆောင်မလဲသာ
ဓါတ်ခဲရဲ့ ဖြစ်တည်မှု အစစ်အမှန်လို့ ဆိုရမယ်မဟုတ်လား…။
……………………×××………………
( )
အကြောက်တရားနဲ့ လောဘဆိုတာ
ပြည့်စုံလုံလောက်စွာ မသိခြင်းက မွေးဖွားပေးလိုက်တဲ့
နတ်ဆိုးညီနောင်တွေသာ ဖြစ်တယ်…။
……………………×××………………
(ဏ)
အဆင့်အတန်းခွဲခံရလို့ ရင်ဘတ်စည်တီးငိုမယ်ဆိုလည်း
တစ်သက်လုံးသာ ငို နေပါတော့…။
အဆင့်အတန်းခွဲတယ်ဆိုတာ
တာဝန်ယူနိုင်စွမ်း
စွမ်းဆောင်ရည်နဲ့
လူသားဂုဏ်မတူညီမှုကို
အဆင့်သတ်မှတ်ခြင်းသာ ဖြစ်တယ်…။
ရဟန်းတော်နဲ့ သူတောင်းစားကို အတူတူပဲလို့
အဆင့်အတန်းမခွဲခြားပဲ ခင်များဆက်ဆံနိုင်မယ့်နေ့ ကျွန်တော့်အဆိုကို လာကန့်ကွက်နိုင်ပါတယ်…။
မဟုတ်ရင်တော့
ခင်ဗျားကို လူတွေဆက်ဆံစေချင်တဲ့ အဆင့်အတန်းရောက်အောင်သာ ကြိုးပမ်းပါ…။
လေးစားလျက်…
(က)
ဆေးဆရာဆိုတာ လူမှာဖြစ်တဲ့ ရောဂါ
ကုသသူ ကိုခေါ်တယ်…
ဒီလိုမှမဟုတ်
လူဖြစ်ခြင်းဟာ ရောဂါလို့ဆိုသူကိုတော့
ခင်ဗျားက ပြန်ကုခဲ့ပါ…။
………………………………………………
(ခ)
ရိုးရိုးလေးပါပဲ…
လက်ရှိဘဝဟာ ဘယ်လိုမှ လွတ်မြောက်စရာမရှိဘူးဆိုတဲ့
ဘဝဆုံးစေတဲ့ အကြံဟာ
ခင်ဗျားကို လမ်းညွှန်တာမဟုတ်ဘူး…
ဒုက္ခကို အမွှန်းတင်နေတာ…။
…………………………………………………
(ဂ)
ဟုတ်ပါတယ်…။
တိတိကျကျကို ကွဲလွဲနေလိမ့်မယ်…
ခင်ဗျားက 'သေ'နည်းကို ပုံဖေါ်တယ်။
ကျွန်တော်က 'နေ'နည်းကို ထုဆစ်တယ်…။
………………………………………………………
(ဃ)
အော်…သိသာလွန်းပါတယ်…
ခင်ဗျား မြည့်လဲ့နေအောင် ဘယ်လောက်သွေးထားမှန်း…
ဒါပေမယ့်
အချိန်တန် ဒီဓါးအိမ်ထဲပြန်ပြန်ဝင်နေရတ
ခင်ဗျားဘဝကို သုံးသပ်ကြည့်စေချင်ရုံပါ…။
…………………………………………………………
(င)
စစ်မှန်တဲ့ ဒုက္ခလို့ ဆိုရာမှာ
အဲ့ဒိဒုက္ခမှ လွတ်မြောက်နိုင်ခြင်းဆိုတဲ့
…………………………………………………………
(စ)
ဆရာတာရာမင်းဝေက ပြောတယ်
ဘောင်ဘင်မခတ်ဘူးဆိုတိုင်း အိုးပြည့် ဘယ်ဟုတ်ပါ့မလဲ…
အိုးလွတ်လည်း ဖြစ်နေနိုင်တာပဲတဲ့…။
ဟုတ်တယ်…။
ဘောင်ဘင်ခတ်ပြီဆိုကတည်းက
အနည်းငယ်ပဲဖြစ်ဖြစ် 'ရှိနေခြင်း'ကို ကိုယ်စားပြုတယ်မဟုတ်လား…။
…………………………………………………
(ဆ)
ယုံကြည်မှုဆိုတာ
မသိခြင်းကို အကောင်းမြင်ပေးခြင်းဖြစ်ပြီ
သံသယဆိုတာကတော့
မသိခြင်းကို အဆိုးမြင်ခြင်းသာဖြစ်တယ်…။
……………×××…………
(ဇ)
ဘယ်'၁'မှ သုညကို ရှေ့တန်းမတင်ဘူး…
'၉'ဆို ပိုဝေးရော…။
သုညကို ရှေ့တန်းတင်မိတဲ့
ကိန်းဂဏန်တွေကတော့
ကိုယ်ပိုင်တန်ဖိုးယုတ်လျော့
………………×××……………
(စ်)
လုပ်ငန်းခွင်အခက်အခဲက လွတ်မြောက်ခြင်းအစစ်မှန်ဆို
လုပ်ငန်းတာဝန်ကျေပွန်တတ်ကျွ
အလုပ်မသွားခြင်း(တာဝန်ရှောင
အလုပ်မလုပ်ခြင်းကြောင့် ကြုံရမယ့်
တခြားဒုက္ခကို လက်ရပ်ခေါ်ခြင်းသာ ဖြစ်လိမ့်မယ်…။
………………×××……………
(ည)
အရှိတရားတွေ ယုတ်လျော့ကုန်လို့
ပူပန်ရတယ်ဆိုရင်
စွန့်လွှတ်လိုက်လို့ မရှိတော့ရင်ရော ငြိမ်းမယ်ထင်လို့လား…။
မရှိခြင်းဒုက္ခတွေ ခေါင်းထောင်လာလိမ့်မယ်…။
ဒီတော့
အရှိတရားတွေ ထိန်းသိမ်းနည်းကိုသာ ခင်ဗျားလေ့လာလိုက်စားသင့်တယ
……………………×××…………………
(ဋ)
လုံလထုတ်ရခြင်းကို ဒုက္ခထင်နေသူတွေဟာ
နုံခြာစုတ်ပြတ်ခြင်းနဲ့သာ ထိုက်တန်ပါတယ်လေ…။
……………………×××…………………
(ဌ)
ဖယောင်းတိုင်အလင်းလောက်နဲ့
တလောကလုံး အမှောင်ခွင်းချင်တာလောက်
ရူးနှမ်းတဲ့အတွေးအခေါ်မရှိတေ
အမှောင်ရှိရာ လိုက်လင်းနေရတာနဲ့ပဲ
ခင်ဗျားဘဝဟာ ပရမ်းပတာ ခါယိမ်းပြီး မြန်မြန်ပျော်ကြသွားမှာပေါ့
ခင်ဗျားကိုယ်ခင်ဗျားသာ တောက်ပသည်ထက်တောက်ပအောင်
ကြိုးစားစမ်းပါ…။
'နေ'ဖြစ်တဲ့တစ်နေ့ ကမ္ဘ္ဘာမပတ်လည်း
တစ်ခြမ်းမက လင်းစေလိမ့်မယ်…။
………………×××…………………
(ဍ)
ဓါတ်ခဲတစ်လုံးရဲ့ အတွေးမှာ သက်တမ်းကုန်ခြင်းကို
အရေးအရာပေး စိုးရိမ်နေလို့ကတော့
အသုံးမဝင် အသုံးမကျ
ဆားပေါက်ဓါတ်ခဲသာ ဖြစ်သွားလိမ့်မယ်…။
ဘယ်ဝန်ကို ကျေပွန်စွာထမ်းဆောင်မလဲသာ
ဓါတ်ခဲရဲ့ ဖြစ်တည်မှု အစစ်အမှန်လို့ ဆိုရမယ်မဟုတ်လား…။
……………………×××………………
( )
အကြောက်တရားနဲ့ လောဘဆိုတာ
ပြည့်စုံလုံလောက်စွာ မသိခြင်းက မွေးဖွားပေးလိုက်တဲ့
နတ်ဆိုးညီနောင်တွေသာ ဖြစ်တယ်…။
……………………×××………………
(ဏ)
အဆင့်အတန်းခွဲခံရလို့ ရင်ဘတ်စည်တီးငိုမယ်ဆိုလည်း
တစ်သက်လုံးသာ ငို နေပါတော့…။
အဆင့်အတန်းခွဲတယ်ဆိုတာ
တာဝန်ယူနိုင်စွမ်း
စွမ်းဆောင်ရည်နဲ့
လူသားဂုဏ်မတူညီမှုကို
အဆင့်သတ်မှတ်ခြင်းသာ ဖြစ်တယ်…။
ရဟန်းတော်နဲ့ သူတောင်းစားကို အတူတူပဲလို့
အဆင့်အတန်းမခွဲခြားပဲ ခင်များဆက်ဆံနိုင်မယ့်နေ့ ကျွန်တော့်အဆိုကို လာကန့်ကွက်နိုင်ပါတယ်…။
မဟုတ်ရင်တော့
ခင်ဗျားကို လူတွေဆက်ဆံစေချင်တဲ့ အဆင့်အတန်းရောက်အောင်သာ ကြိုးပမ်းပါ…။
လေးစားလျက်…

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။