Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 8, 2016

တစ်ခွက်တစ်ဖလား.....ဘဝများစွာ..``


ပုညခင်

တစ်ခွက်တစ်ဖလား.....ဘဝများစွာ..``
.........................
ကျမတို့ပတ်ဝန်းကျင်တွင် တစ်ခါတရံ၌ အရက်နှင့်ပတ်သက်၍ ကွဲပြားခြားနားသော ထင်မြင်ချက်များကို ကြားရလေ့ရှိသည်
တချို့ကအရက်သောက်ခြင်းကို လူမှုရေးဟုခေါင်းစဉ်တပ်သည် ။ တချို့က သူငယ်ချင်းအချင်းချင်းအရက်သောက်၍စကားပြောဆိုခြင်း က ပို၍ရင်းနှီးချစ်ခင် အကျွမ်းတဝင်ဖြစ်စေသည်ဟုဆိုသည် ။ တစ်ခါတလေပါပဲ ဘာမှ မဖြစ်ပါဘူးဟုထင်မြင်တတ်ကြကာ ဆေးဖြစ်ဝါးဖြစ်ဟုပင် ခေါင်းစဉ်ကြီးကြီးတပ်ကြသည် ။ အရက်လေး တစ်ခါတလေပဲသောက်တာ ကျန်တာအားလုံးကောင်းတဲ့ လူကောင်းတစ်ယောက်ပါဟုဆိုတတ်ကြသည် ။ သို့သော် ထိုအရက်ကလေးကပင် ကျန်တာအားလုံးကို အကောင်းမှအဆိုးသို့တဖြည်းဖြည်း ပြောင်းလဲသွားစေတာကို သတိမမူမိကြပေ ။
ဘာသာရေးရှုထောင့်မှကြည့်လျှင် ..အရက်သောက်ခြင်းသည် ငါးပါးသီလမှ တစ်ပါးကိုကျူးလွန်ခြင်းဖြစ်သည် ။ သို့သော် ထိုတစ်ပါးတည်းကပင် ကျန်လေးပါးကို ကျူးလွန်မိအောင် လှုံ့ဆော်ပေးနိုင်သည် ။


အရက်သည်လည်း စိတ်ကိုပြောင်းလဲစေနိုင်သောမူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည် ။ အရက်ကြောင့် မူလစိတ်ပျောက်သောအခါ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မိသည့်အခါ ပါဏာတိပါတကံကို အလိုအလျှောက်ချိုးဖောက်မိပြီးသားဖြစ်မည် ။ မိန်းမကိစ္စကို ဝါသနာမပါသည့်တိုင် ကြုံကြိုက်ပါကကျူးလွန်မိနိုင်မည် ။ စိတ်အခြေအနေပြောင်းကာ မိသားစုဝင်များကိုဖြစ်စေ မပြောသင့်တာပြောမိ မလုပ်သင့်တာလုပ်မိမည် ။ အရက်၏ နောက်ဆက်တွဲပြသနာများကားပြော၍မကုန်နိုင်ပေ ။
သို့သော် ယနေ့ခေတ်တွင် လူတော်တော်များများသည် ရံဖန်ရံခါအရက်သောက်ခြင်းကိုပင် ခေတ်မှီသော ကိစ္စတစ်ခုဟုသတ်မှတ်ကာ မသောက်ဖို့တားမြစ်သူ ၊သူငယ်ချင်းများကသောက်၍ကိုယ်ကမသောက်လျှင်ပင် ခေတ်နောက်ကျ၍ ခေတ်မမှီအမြင်မကျယ်သူဟု ယူဆတတ်ကြပြန်သည် ။
အရက်သောက်ခြင်းကို မနှစ်သက် လက်မခံနိုင်သူသည် အရက်အကြောင်းကို ဥာဏ်မမှီသူမဟုတ် ၊ အရက်သောက်သူများကသာ အရက်ကိုမနှစ်သက်လက်မခံနိုင်သူ၏အတွေးအခေါ် စံချိန်စံနှုန်းကို ဥာဏ်မမှီနိုင်ကြခြင်းဖြစ်သည်။
အမှန်တကယ်တော့ အရက်သောက်ခြင်းကြောင့်ဖြစ်ပွားတတ်သောပြသနာများသည် ..တိုက်ရိုက်ဖြစ်သည်မဟုတ်ဘဲ သွယ်ဝိုက်ဖြစ်ပွားကြသဖြင့်သာ အရက်ကို တိုက်ရိုက်စွပ်စွဲဖို့ခက်ခဲခြင်းဖြစ်သည် ။
အခါတစ်ပါးက ME ဘွဲ့ရ ပညာတတ် အရာရှိတစ်ယောက်သည် အရက်ကိုကြိုက်၍သောက်၏ ။ သူ့တွင် ထိုအရက်သောက်တာလေးသာ ရှိလျက်တခြားဘာမှအပြစ်မရှိ မိသားစုအပေါ် တာဝန်ကြေသောယောကျာ်းကောင်းတစ်ယောက် ၊ မိန်းမနှင့်ကလေးများကို ချစ်တတ် အနွံတာခံတတ်သောယောကျာ်းတစ်ယောက်ဖြစ်သည် ။
ဇနီးဖြစ်သူကလည်း သူ့ရှေ့တွင်မသောက်ဖိုသာတားနိုင်ပြီး ကွယ်ရာမှာမသောက်ဖို့မတားနိုင်ရှာချေ။သို့သော် .. နေပြည်တော်သို့ အစည်းအဝေးသွားသည့်အခါ အပေါင်းအသင်းများနှင့်အတူသောက်ပြီး တစ်ယောက်တည်းဆိုင်ကယ်နှင့်အပြန်တွင် မြောင်းထဲသို့ပြုတ်ကျကာ မနက်လင်းအားကြီးကျမှရဲကတွေ့သည့်အခါ အသက်မရှိရှာတော့ပေ ၊ ဘယ်လောက်နှမျောစရာကောင်းသနည်း ။ အရက်နှင့်အသက်ကို လဲလှယ်ရရှာလေသည် ။
တစ်ခါတစ်ရံ၌တချို့သောအရက်ကြောင့်ဖြစ်သည့်ပြသနာများသည် လူသိရှင်ကြားထွက်ပေါ်မလာတတ် ။ အရက်ကို အလွန်အမင်းကြိုက်သူသည် မိန်းမအပေါ်စိတ်ဝင်စားမှာလျော့နည်းတတ်သဖြင့် .. ဇနီးမယားက ထွက်ပေါက်ရှာသာယာမှုရှာသွားပြီး အိမ်ထောင်ပြိုကွဲရသည်များလည်းရှိတတ်ပြန်သည် ။
အရက်ကြိုက်သော ယောကျာ်းအများစုသည် .. ဒီတစ်ခုပဲလုပ်တာ ကျန်တဲ့တာဝန်မပျက်ကွက်ဘူးဟု ကာဘာယူလေ့ရှိကြသည် ။ ယောကျာ်းတို့ပြုအပ်သည့် အဆင်တန်ဆာတစ်ခုဟုယူဆလိပ်ပြာလုံတတ်ကြသည် ။
သို့သော်မည်မျှပင် စည်းကမ်းတကျသောက်သည်ဖြစ်စေ.. ထိုသို့သောက်ခြင်းကြောင့်မိသားစုဝင်တစ်ဦးဦး စိတ်ဆင်းရဲပြီဆိုလျှင် ထိုသူသည် မိသားစုအပေါ်စိတ်ပိုင်းဆိုင်ရာ abuse လုပ်ခြင်းပင်ဖြစ်သည် ။
တစ်ခါတရံတွင် မိဘဖြစ်သူ၏ အရက်သောက်ခြင်းကို သားသမီးဖြစ်သူက မနှစ်မျို့သော်လည်းတားမြစ်ဖို့အားမတန်၍ ငုံ့ခံ နေရလျှင်လည်း သားသမီးအပေါ် စိတ်ပိုင်းဆိုင်ရာ abuse လုပ်ခြင်းဖြစ်သည် ။
အရက်သမားတချို့သည် မိသားစုအပေါ်တွင် ငါကနင်တို့ကို ဒါတွေ ဒါတွေ လုပ်ပေးထားတာ ဒါ့ကြောင့် ငါအရက်သောက်တာတော့ နင်လက်ခံရမယ် ဆိုသည့် သဘောထားမျိုးနှင့် အကြပ်ကိုင်လေ့ရှိတတ်ကြသည် ။
မိသားစုလိုအပ်ချက်ကိုဖြည့်ဆည်းပေးထားသဖြင့် သူတို့ ၏ပျော်ရွှင်မှုကိုမပိတ်ပင်ရဟူသော သဘောထားမျိုးလည်းရှိတတ်ကြရာ မိသားစုဝင်များသည် ထိုလုပ်ရပ်ကို လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ အောင့်အည်းသည်းခံကြရရှာသည် ။
ယခုအခါ တောအရပ်ဒေသတို့တွင် လူများစွာသည် အရည်အသွေးမမှီသော အရက်များကိုသောက်သုံးရင်းအသက်တိုကြရရှာပြီ။ ဘဝများစွာ ပျက်ရရှာပြီ ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ အရက်ဆိုသောအရာကတော့ရောင်းကောင်းမြဲ ရောင်းကောင်းဆဲ ။
သောက်သူတွေကလည်းမက်မက်စက်စက်သောက်နေကြဆဲ။
အရက်သောက်ခြင်းအတွက် ဆင်ခြေအမျိုးမျိုးပေးနေကြဆဲ ။
သေသူတွေလည်း သေနေကြဆဲ ။
လူတို့ဆင်ခြင်တုန်တရား အားနည်းခြင်းကို ရောင်းကောင်းလှသောအရက်များက သက်သေပြဆဲပင်ဖြစ်တော့သည် ။
ပုညခင်
၈.၉.၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။