တန်ဖိုး✏ ✏ ✏ ✏ ✏ ✏ ✏
ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။အဖေသမီးကိုတစ်ခုပြမယ်. အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။သမီးဖြစ် သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူလုပ်လဲပြီးေ ရာ ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူကလဲ
၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ
ဆိုလာပြန်တယ်။ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။အဲ့ဒီအကြွေစေ့လေး ကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတ ယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လိြု့ ပန်ပြောလိုက်တယ်။ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖြေ ပပါ့မယ်လို့ဆိုသတဲ့။၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြ င်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့် မလားလို့ဖခင်ကပြန်မေးတယ်။အလ ကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြ င်ပြီးသွားရင်ဘာတန်ဖိုးရှိေ တာ့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြော တယ်။အဲ့ဒီတော့မှဖခင်ဖြစ်သူက .. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား …" ဒီလိုပဲသမီးရေ..ထိန်းသိမ်းေ စာင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."သမီးတို့ ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေး လိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ကဲ.ဒါဆို.. သူငယ်ချင်းတို့ရဲ့မတ်စေ့လေး ကရော တန်ဖိုးရှိသေးရဲ့လား*တန်းဖိုးသိမှ တန်ဖိုးရှိတယ်...တန်ဖိုးရှိ မှ တန်ဖိုးထားတတ်မယ်...စာရေးသူ ချပြပေးတာလေးကသိပ်ကိုသဘာဝကျ ပါတယ်။တကယ်တော့မိမိတန်ဖိုးကိုမိမိကိုယ်တိုင်သာသတ်မှတ်တာပါ။တန်ဖိုးကိုချလဲကိုယ်တို င်ပါပဲ။တင်လဲကိုယ်တိုင်ပါပဲ ။ညမလေးတိုနားလည်သဘောပေါက်စေ ချင်ပါတယ်.......
သုခမိန် ခိုင်လပု
ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။အဖေသမီးကိုတစ်ခုပြမယ်.
သုခမိန် ခိုင်လပု
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။