လူတိုင်းမှာ အရည်အချင်း ရှိပါတယ်။
🔘🔘🔘🔘🔘
👤လူတွေဟာ ဝတ်ကောင်းစားလှဝတ်လို့ ကားကောင်းကောင်းစီးနေသူ တွေ့ရင် အားကျကြတယ်။ သူ့ကို အားကျတဲ့ တချိန်ထဲမှာပဲ မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဝင်လာတယ်။
သူ့ကို လူတော်တစ်ယောက်လို့ မြင်ပြီး ကိုယ်ကတော့ လူညံ့တစ်ယောက်လို့ ခံစားလိုက်ရတယ်။ ဒါဟာ မဖြစ်သင့်တဲ့အရာပါ။
👤ကျနော်ဟာ တက္ကသိုလ်ပါမောက္ခတစ်ယောက်ပါ။
တစ်နေ့မှာ မြို့တစ်မြို့ကို တစ်ယောက်ထဲ ကားမောင်းသွားတယ်။ လမ်းမှာ ကားဟာ
ရွံ့ဗွက်အိုင်တစ်ခုထဲ ကျသွားပြီး ကားနောက်ဘီး ၂ ခုလုံးဟာ ဗွက်အိုင်ထဲမှာ
နစ်နေတယ်။
♤ကားကို ဗွက်အိုင်ထဲက ရုန်းထွက်နိုင်ဖို့ ကားကို စက်နိုးရုန်းတာ ၄၅ မိနစ်ကြာတဲ့အထိ ရုန်းမထွက်နိုင်တာနဲ့ လက်လျှော့လိုက်ပြီး ကားပျက်ရင် ဆွဲပေးတဲ့ ကုမ္ပဏီကို ဖုန်းလှမ်းဆက်တယ်။
📲တစ်ဖက်က ဖုန်းမကိုင်ပါဘူး။ ၁၅ မိနစ်လောက် ဆက်ပေမယ့်လည်း ဖုန်းဆက်မရပါ။
👤ကျနော်လည်း စိတ်ပျက်လက်ပျက်နဲ့ နေပူကြဲကြဲအောက် ကားကို မှီရင်း ရပ်နေပါတယ်။ အနားကို ကားတစ်စီး ရောက်လာတယ်။ ကားက တိုယိုတာပစ်ကပ်ကားဟောင်းတစ် စီးပါ။
☆ ကားပေါ်က ဆင်းလာသူဟာလည်း အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားပါတယ်။ ကျနော်သူ့ကို မြင်မြင်ချင်း အထင်သေးစိတ်ဝင်ပြီး စကားပြောချင်စိတ် မရှိတာနဲ့ တစ်ဖက်ကို မျက်နှာလွဲနေပါတယ်။
🌀သူက အနားကပ်လာပြီး ဘာဖြစ်နေတာလဲလို့ မေးပါတယ်။ ကျနော်က စကားမပြောဘဲ ဗွက်အိုင်ထဲ နစ်နေတဲ့ ကားဘီးတွေကိုပဲ လက်ညိုးထိုးပြလိုက်တယ်။ သူက ကူညီပါရစေ။ သူ လုပ်ကြည့်ပေးမယ်လို့ ပြောတယ်။
♡ကျနော်က ကျနော့်မာစီဒီးကားကို တက်မမောင်းစေချင်လို့ မလိုပါဘူးလို့ပြောလိုက်တယ်။
ကျနော့်ကားကို မမောင်းစေချင်ဘူးဆိုတာကို သူရိပ်စားမိတော့ သူက ကားကို
မမောင်းပါဘူး။ အပြင်ကနေပဲ လုပ်ပေးမှာပါလို့ ပြောလို့ ကျနော်လည်း မတတ်သာဘဲ
သဘောတူလိုက်တယ်။
✴သူက ဗွက်ထဲ နစ်နေတဲ့ ကားဘီးကို လက်နဲ့ အားစိုက်ပြီး လှည့်လိုက်တယ်။ အနေအထားတစ်ခုရောက်တော့ သူက ကားကိုမောင်းကြည့်ဖို့ ပြောလို့ ကျနော် ကားထဲဝင်ပြီး စက်နိုးမောင်းထွက်လိုက်တယ်။
♢ ၅ မိနစ်လောက် ကားကို ရုန်းထွက်ရင်းနဲ့ ဗွက်အိုင်ထဲက ထွက်လာနိုင်တယ်။ ကျနော်က ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ပြောတယ်။
♢ သူက ပေးစရာ မလိုပါဘူး။ စေတနာနဲ့ ကူညီတာပါတဲ့။ ဒါနဲ့ ခုလို လုပ်နိုင်တဲ့ ပညာကို ဘယ်ကတတ်တာလဲလို့ မေးတော့ သူက ငယ်ငယ်ကတဲက ရွာမှာ ထွန်စက်တွေ၊ ကားတွေ ဗွက်ထဲနစ်ရင် အမြဲကူညီပေးလို့ ကျွမ်းကျင်နေတာပါတဲ့။
🕣အဲဒီနေ့မှာပဲ ကျနော် ဘဝသင်ခန်းစာတစ်ခုကို ရလိုက်ပါတယ်။ လူတွေကို သူတို့ရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အထင်မသေးဖို့ရယ်၊ လူတိုင်းမှာ ကိုယ့်ထက်သာတဲ့ အရည်အချင်း အနည်းဆုံးတစ်ခုတော့ ရှိကြတယ်ဆိုတာပါ။
🌎သူများလို မကြီးပွားလို့၊ မအောင်မြင်လို့၊ ကားကောင်းမစီးနိုင်လို့ သူတို့နဲ့ နိုင်းယှဉ်ပြီး စိတ်ဓါတ်ကျမနေပါနဲ့။
🌟သူတို့မှာ မရှိတဲ့ အရည်အချင်းတစ်ခု ကိုယ့်မှာ ရှိနေတယ်ဆိုတာ သိပြီး အဲဒီအရည်အချင်းကို ပိုပြီးတိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
ဗန်းမော်သိန်းဖေ
🔘🔘🔘🔘🔘
👤လူတွေဟာ ဝတ်ကောင်းစားလှဝတ်လို့ ကားကောင်းကောင်းစီးနေသူ တွေ့ရင် အားကျကြတယ်။ သူ့ကို အားကျတဲ့ တချိန်ထဲမှာပဲ မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဝင်လာတယ်။
သူ့ကို လူတော်တစ်ယောက်လို့ မြင်ပြီး ကိုယ်ကတော့ လူညံ့တစ်ယောက်လို့ ခံစားလိုက်ရတယ်။ ဒါဟာ မဖြစ်သင့်တဲ့အရာပါ။
👤ကျနော်ဟာ တက္ကသိုလ်ပါမောက္ခတစ်ယောက်ပါ။
♤ကားကို ဗွက်အိုင်ထဲက ရုန်းထွက်နိုင်ဖို့ ကားကို စက်နိုးရုန်းတာ ၄၅ မိနစ်ကြာတဲ့အထိ ရုန်းမထွက်နိုင်တာနဲ့ လက်လျှော့လိုက်ပြီး ကားပျက်ရင် ဆွဲပေးတဲ့ ကုမ္ပဏီကို ဖုန်းလှမ်းဆက်တယ်။
📲တစ်ဖက်က ဖုန်းမကိုင်ပါဘူး။ ၁၅ မိနစ်လောက် ဆက်ပေမယ့်လည်း ဖုန်းဆက်မရပါ။
👤ကျနော်လည်း စိတ်ပျက်လက်ပျက်နဲ့ နေပူကြဲကြဲအောက် ကားကို မှီရင်း ရပ်နေပါတယ်။ အနားကို ကားတစ်စီး ရောက်လာတယ်။ ကားက တိုယိုတာပစ်ကပ်ကားဟောင်းတစ်
☆ ကားပေါ်က ဆင်းလာသူဟာလည်း အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားပါတယ်။ ကျနော်သူ့ကို မြင်မြင်ချင်း အထင်သေးစိတ်ဝင်ပြီး စကားပြောချင်စိတ် မရှိတာနဲ့ တစ်ဖက်ကို မျက်နှာလွဲနေပါတယ်။
🌀သူက အနားကပ်လာပြီး ဘာဖြစ်နေတာလဲလို့ မေးပါတယ်။ ကျနော်က စကားမပြောဘဲ ဗွက်အိုင်ထဲ နစ်နေတဲ့ ကားဘီးတွေကိုပဲ လက်ညိုးထိုးပြလိုက်တယ်။ သူက ကူညီပါရစေ။ သူ လုပ်ကြည့်ပေးမယ်လို့ ပြောတယ်။
♡ကျနော်က ကျနော့်မာစီဒီးကားကို တက်မမောင်းစေချင်လို့ မလိုပါဘူးလို့ပြောလိုက်တယ်။
✴သူက ဗွက်ထဲ နစ်နေတဲ့ ကားဘီးကို လက်နဲ့ အားစိုက်ပြီး လှည့်လိုက်တယ်။ အနေအထားတစ်ခုရောက်တော့ သူက ကားကိုမောင်းကြည့်ဖို့ ပြောလို့ ကျနော် ကားထဲဝင်ပြီး စက်နိုးမောင်းထွက်လိုက်တယ်။
♢ ၅ မိနစ်လောက် ကားကို ရုန်းထွက်ရင်းနဲ့ ဗွက်အိုင်ထဲက ထွက်လာနိုင်တယ်။ ကျနော်က ကျေးဇူးတင်လွန်းလို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ ပြောတယ်။
♢ သူက ပေးစရာ မလိုပါဘူး။ စေတနာနဲ့ ကူညီတာပါတဲ့။ ဒါနဲ့ ခုလို လုပ်နိုင်တဲ့ ပညာကို ဘယ်ကတတ်တာလဲလို့ မေးတော့ သူက ငယ်ငယ်ကတဲက ရွာမှာ ထွန်စက်တွေ၊ ကားတွေ ဗွက်ထဲနစ်ရင် အမြဲကူညီပေးလို့ ကျွမ်းကျင်နေတာပါတဲ့။
🕣အဲဒီနေ့မှာပဲ ကျနော် ဘဝသင်ခန်းစာတစ်ခုကို ရလိုက်ပါတယ်။ လူတွေကို သူတို့ရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး အထင်မသေးဖို့ရယ်၊ လူတိုင်းမှာ ကိုယ့်ထက်သာတဲ့ အရည်အချင်း အနည်းဆုံးတစ်ခုတော့ ရှိကြတယ်ဆိုတာပါ။
🌎သူများလို မကြီးပွားလို့၊ မအောင်မြင်လို့၊ ကားကောင်းမစီးနိုင်လို့ သူတို့နဲ့ နိုင်းယှဉ်ပြီး စိတ်ဓါတ်ကျမနေပါနဲ့။
🌟သူတို့မှာ မရှိတဲ့ အရည်အချင်းတစ်ခု ကိုယ့်မှာ ရှိနေတယ်ဆိုတာ သိပြီး အဲဒီအရည်အချင်းကို ပိုပြီးတိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
ဗန်းမော်သိန်းဖေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။