Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 7, 2016

"The Road to Mandalay"

ဒီတရုတ်ရုပ်ရှင်ကားနာမည်က "The Road to Mandalay" တဲ့... ကျွန်မတို့နဲ့ အရမ်းရင်းနှီးတဲ့ နာမည်လေး။ ရင်းနှီးဆို မန္တလေးနာမည်ပါပြီး မြန်မာပြည်ဖွား ထိုင်ဝမ်ဒါရိုက်တာက ရိုက်ထားတာကိုး။ ဒါရိုက်တာက လားရှိုးဖွား ၁၆နှစ်အရွယ်မှာ ထိုင်ဝမ်ကျွန်းကိုရောက်သွားခဲ့တာ။ မြန်မာပြည်ကို သံယောဇဉ်မကုန်လို့ မြန်မာပြည်မှာ သူနေထိုင်ခဲ့စဉ်က မြင်တွေ့ကြုံတွေ့ခဲ့ရသမျှကို ရုပ်ရှင်အဖြစ်ပြောင်းလဲခဲ့တယ်။ ဒါကြောင့် သူရိုက်ကူးတဲ့ကားတွေမှာ မြန်မာအသက်အငွေ့တွေ တွေ့ရတယ်။
.
အခု ဒီ The Road to Mandalay ကလည်း မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သူအကြောင်း ရိုက်ကူးထားတာလို့ သိရတယ်။ မင်းသား၊ မင်းသမီးက ထိုင်ဝမ်ကပဲ။ မင်းသားက "You are the apple of my eye" ဆိုတဲ့ ထိုင်ဝမ်ကျောင်းသားကားနဲ့ နာမည်ရလာတဲ့မင်းသား၊ တရုတ်ပြည်မှာလည်း သူနာမည်ရစပြုလာတဲ့အချိန် ဂျက်ကီချန်းသားနဲ့အတူ ဆေးခြောက်တွေဖမ်းမိလို့ တရုတ်ပြည်ကနေ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ မင်းသား၊ အဲဒီမင်းသားကို ဒါရိုက်တာက သတ္တိရှိရှိသုံးပြီး မြန်မာပြည်ဖွားတရုတ်နဲ့တူအောင်၊ မြန်မာပြည်ရဲ့သဘောသဘာဝနဲ့ ကိုက်ညီအောင် တစ်နှစ်နီးပါး ထရိန်နင်ပေးပြီးမှ ဒီကားကို ရိုက်တာလို့ ဆိုထားတယ်။ ထိုင်ဝမ်မင်းသား၊ မင်းသမီးကို မြန်မာပြည်ဖွား တရုတ်တွေပြောတဲ့ ယူနန်စကားတတ်တဲ့အထိ သင်ပေးပြီးရိုက်တယ်၊ အသားဖြူတဲ့မင်းသားကို မြန်မာပြည်သားနဲ့တူအောင် အသားတွေပါ မည်းအောင်လုပ်ပေးပြီးရိုက်ကူးခဲ့တယ်။ မြန်မာပြည်က သာမန်လူတန်းစားဇာတ်ရုပ်လို သဘာဝကျကျ သရုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးခဲ့တယ်။
.
အဲဒီလို တကယ့်စိတ်နစ်ပြီး ကြိုးစားရိုက်ကူးခဲ့တဲ့ရလဒ်က အဲဒီရုပ်ရှင်ကားဟာ အီတလီဗီးနစ်ရုပ်ရှင်ပွဲတော်မှာ ဖိတ်ကြားခံရတဲ့ ပထမဆုံးသောထိုင်ဝမ်ရုပ်ရှင်ကားဖြစ်ပြီး အကောင်းဆုံးဇာတ်ကားဆု FEDEORA Award ကို ရရှိခဲ့ပါတယ်။ အဲဒီအပြင် ၁၁လပိုင်း ထိုင်ဝမ်မှာကျင်းပမယ့် ၅၃ကြိမ်မြောက် ရွှေမြင်းရုပ်ဆု (Golden Horse Awards) (တရုတ်အော်စကာဆုလို့ဆိုရမှာပေါ့) မှာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး မင်းသားဆု၊ မင်းသမီးဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆုတွေအဖြစ် စကာတင်စာရင်းဝင်ထားပါသေးတယ်
.
တကယ်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့၊ ပရိသတ်ရင်ထဲစွဲငြိဖို့ဆိုတာ ဘာနည်းပညာမှ မလိုအပ်ပါဘူး။ သဘာဝကို သဘာဝအတိုင်း သရုပ်ဆောင်နိုင်ဖို့ပါပဲ။ ဆင်းရဲသားခန်း ဒါမှမဟုတ် အိပ်ရာဝင်ချိန်တွေမှာတောင် မိတ်ကပ်မပျက်၊ အဝတ်အစားအသစ် ခေါက်ရိုးမပျယ်တဲ့ဇာတ်ရုပ်တွေကို ဒီခေတ်ဒီအချိန်မှာ ပရိသတ်တွေ လက်မခံနိုင်ကြတော့ပါဘူး။ နောက်ပြီး ပြဿနာတစ်စုံတစ်ခုဖြစ်ရင် လေသံအေးအေးနဲ့ဖြေရှင်းမယ့်အစား အော်ကြီးဟစ်ကျယ် ထမိန်ဒေါင့်စွန်းဆွဲတဲ့အဖြစ်တွေကိုလည်း ပရိသတ်က မျက်မုန်းကျိုးနေခဲ့ပါပြီ။ အဆိုးဆုံးက ဘာပညာမှမရ ဟေးလားဝါးလားနဲ့ပြီးသွားတဲ့ ဇာတ်ကားတွေကြောင့် မြန်မာ့ရုပ်ရှင်ကို ပရိသတ်တွေ စိတ်ကုန်သထက် စိတ်ကုန်လာခဲ့ကြတာပါ။ မြန်မာ့ရုပ်ရှင်တွေ နောင်တစ်ခေတ်တစ်ခါမှာ "The Road to Mandalay" လိုပဲ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့တောတောင်ရေမြေသဘာဝတွေကို ကမ္ဘာကသိအောင် ဖန်တီးနိုင်ကြပါစေ။
.
စကားကျန်သွားတယ်... ဒီဇာတ်ကားရိုက်ဖို့ ဒါရိုက်တာက ထိုင်းရွေ့ပြောင်းအလုပ်သမားတွေကို ကိုယ်တိုင်မေးမြန်းအင်တာဗျူးလုပ်ခဲ့ပါတယ်တဲ့။ အိမ်စာကိုကြိုးကြိုးစားစားလုပ်လို့ ထိုက်တန်တဲ့ဆုကိုရသွားခဲ့တာပေါ့။
.
#NineNineSaNay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။