ခေါင်းဆောင်နှင့်တီထွင်ဖန်တီးနိုင်စွမ်း
ဖူးကျော်ဇင် (Future Wave)
JOB seekers Journal vol.2,No.36
ခေါင်းဆောင်တွေဟာ စိတ်ကူးဥာဏ်သမားတွေ ဖြစ်ကြပါတယ်။ တီထွင်ဖန် တီးနိုင်စွမ်းတွေရှိကြပါတယ် ။ သိပ္ပံပညာရှင်တွေ၊ အတွေးအခေါ် ပညာရှင် ကြီးတွေလို အမြဲတီထွင်ကြံဆနေတာမျိုးတော့  မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တိုင်းလိုလို ဥာဏ်စွမ်းထက်သူ၊ ဖန်တီးနိုင်စွမ်း ရှိသူတွေပါပဲ။
တီထွင်ဖန်တီးနိုင်စွမ်းကို ထိရောက်စွာ အသုံးချဖို့ဆိုရင် ဦးနှောက်ရဲ့ စွမ်းရည်တွေက ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ဦးနှောက်ကို အသုံးချတဲ့အပိုင်းမှာ လက်ဝဲခြမ်းနှင့် လက်ယာခြမ်းဆိုပြီး နှစ် ပိုင်းရှိပါတယ်။ ဦးနှောက်ရဲ့လက်ဝဲခြမ်းဟာ ယုတိ္တဗေဒကို အဓိကထား သော အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းဟာ အကျိုးသင့်အကြောင်းသင့် စိစစ် ဝေဖန် စဉ်းစားဆင်ခြင်တတ်တဲ့အပိုင်းဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လက်ယာခြမ်း ကတော့ ထိုးထွင်းသိမှု၊ တီထွင်ဖန်တီးမှု၊ အလိုလိုသိမြင်မှုစွမ်းရည်တွေ နဲ့ သက်ဆိုင်ပါတယ်။
ခေါင်းဆောင်လုပ်သူဟာ ဦးနှောက် နှစ်ခြမ်းလုံးရဲ့ စွမ်းရည်တွေကို အသုံး ချနိုင်ဖို့လိုပါတယ်။ ခွဲခြမ်းစိတ်ဖြာခြင်း၊ စိစစ်သုံးသပ်ခြင်းဆိုတဲ့ ကြောင်း ကျိုးဆက်စပ်ဝေဖန်တတ်တဲ့လက်ဝဲဘက်ဦးနှောက်မျိုးလည်း ရှိဖို့လိုအပ် သလိုထိုးထွင်းသိတဲ့ဥာဏ်၊ကွန့်မြူးတဲ့ဥာဏ်၊ အသစ်အဆန်းတီထွင် ဖန်တီး တတ်တဲ့ဥာဏ်၊ အလိုလိုထိုးဖောက်သိတဲ့ဥာဏ်မျိုးလည်းရှိရပါမယ်။ ဒီဥာဏ် မျိုးဟာ ခေါင်းဆောင်တိုင်း အထူးလိုအပ်တဲ့အနှစ်သာရတစ်ခု ပါပဲ။
စီမံခန့်ခွဲမှုဟာ လက်ဝဲခြမ်းဦးနှောက်နဲ့ပိုသ က်ဆိုင်ပြီး ခေါင်းဆောင်မှု ဟာ လက်ယာခြမ်းဦးနှောက်နဲ့ ပိုသက်ဆိုင်ပါတယ်။ ခေါင်းဆောင်တွေ အများ အပြားဟာ လက်ယာခြမ်းဦးနှောက်သမားတွေ ပါပဲ။ သူတို့တွေဟာ တီထွင် ဖန်တီးနိုင်စွမ်းနဲ့ အမြော်အမြင်တွေပေါ်မှာ အားသန်ကြပါတယ်။ ဒီအချက်ဟာ မန်နေဂျာနဲ့ခေါင်းဆောင်ကြွဲ ပားသွားစေတဲ့ အချက်ထဲမှာ လည်းတစ်ခုအပါ အ၀င်ပါပဲ။
ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေ ဟာ ပြဿနာတွေ ဖြေရှင်း တဲ့နေရာမှာ၊ ဆုံးဖြတ်ချက်တွေချမှတ်တဲ့နေ ရာမှာတီထွင်အတွေးတွေ နဲ့ ကွန့်မြူးတဲ့ဥာဏ်တွေကို ပိုမိုအသုံးပြုကြပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းလေလေပြဿနာတွေဖြေရှ င်းရတာလွယ်ကူလေလေ၊ဆုံးဖြတ် ချက်တွေမှန်ကန်လေလေဖြစ်ပါတယ်။
ဥပမာအနေနဲ့ ဘုရားလောင်းမဟော်သဓာဟာ ပြဿနာပုစ္ဆာတွေကို ဖြေရှင်း တဲ့နေရာမှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ထိုးထွင်းသိမြင်တဲ့ဥာဏ်တွေကို ထိထိရောက်ရောက် အသုံးချသွားတာကို မြင်တွေ့ရမှာပါ။ နောက် ဥပမာ တစ်ခုကတော့ ရေချိုးကန်ထဲမှာ စိမ်နေရာက ရုတ်တရက်အောင်ပြီလို့ ထအော်ပြီး ပြဿနာရဲ့အဖြေကို ရှာတွေ့သွားတဲ့ ပညာရှိကြီး အာခိမိဒိရဲ့ ထိုးထွင်းသိတဲ့ ဖန်တီးဥာဏ်ပဲဖြစ်ပါတယ်။
တီထွင်ဖန်တီးနိုင်စွမ်းဟာ မရှိတဲ့အရာကို ရှိလာအောင်လုပ်ဆောင် နိုင်စွမ်း ရှိပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းပါပဲ။ လူတွေကောင်းကင်ပေါ် ပျံနိုင်ရမယ်ဆိုတာ လက်တွေ့မဆန်တဲ့၊ သဘာဝ မကျတဲ့ အတွေးတစ်ခုပါပဲ။ မဖြစ်နိုင်ဘူးလို့တွေးမယ့်အ စား ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေးတာတီ ထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးပါ။ ဒါဟာတကယ့်ကို အရေးကြီးတဲ့အနှစ်သာရတစ်ခုပါ ပဲ။
အသေအချာစဉ်းစားကြည့်ပါ။ လောကမှာဖြစ်ပေါ်လာတဲ့ တိုက်တာ အဆောက်အအုံတွေ၊ကုန်ပစ္စည်းတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေ၊ မြို့ပြကြီးတွေ၊ နည်းပညာတွေအားလုံးဟာ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းရည် က ထွက်လာတဲ့ ရလဒ်တွေပါပဲ။ တီထွင်ဖန်တီးနိုင်စွမ်းသာလွ န်တဲ့သူဟာ သူတစ်ပါးထက်တော့ အမြဲခေါင်းတစ်လုံးသာနေမှာပါ ပဲ။ လူတကာ ထက်အမြဲ တစ်ပန်းသာနေမှာပါပဲ။ အခြားသူများကို ဦးဆောင်ညွှန်ကြားနိုင် တဲ့ ခေါင်းဆောင်တွေအဖြစ် အမြဲရပ်တည်နေမှာပါပဲ။
တစ်ခုသိထားဖို့ကကျွန်တော်တို့ အားလုံးဆီမှာ တီထွင်ဖန်တီးနိုင်စွမ်း တွေ ရှိနေပါတယ်။ လူတိုင်းဟာ ဖန်တီးမှုအလုပ်ကိုအချိန်တိုင်း လုပ်ဆောင် နေကြ တာပါ။ လူတစ်ယောက်ကိုအရေးကြီးတဲ့ စကားပြောစရာရှိတယ် ဆိုရင် ဘယ်လို လှအောင်ပြောမလဲ၊ ဘယ်လို အဆင်ပြေအောင်ပြောမလဲ ဆိုတာ ကလည်း တီထွင်တွေးပါပဲ။ နေ့စဉ်သွားလာလှုပ်ရှား လုပ်ကိုင်နေတဲ့ အလုပ် တိုင်းမှာ တီထွင်ဖန်တီးမှုတွေပါဝင်နေပါ တယ်။
ခေါင်းဆောင်လုပ်သူဟာနောက်လိုက်တွေကို လိုက်ပါဆောင်ရွက်ချင် လာအောင်၊ လုပ်ငန်းတွေမှာအဆင်ပြေချောေ မွ့အောင်၊ အခက်အခဲ တွေ ကိုကျော်ဖြတ်နိုင်အောင်၊ ပြိုင်ဘက်တွေထက်သာလွန်အောင် ၊ ပန်း တိုင် ကိုအမြန်ဆုံး ရောက်အောင် စတဲ့ဦးဆောင်မှုကဏ္ဍအသီးသီးတို င်းမှာ တီထွင် ဖန်တီးတဲ့ ဥာဏ်တွေ ထည့်သွင်းဖို့ အထူးလိုအပ်ပါတယ်။ ဖန်တီးမှု ပါတဲ့ စိတ်ကူးစိတ်သန်း (idea) ကောင်းတွေလည်း အများကြီးရှိရပါမယ်။ ဒီဖန်တီးမှုအတွေးတွေဟာလည်းခေါင်းဆောင်ရဲ့ခေါင်းထဲကို မပြတ်စီး ၀င်နေဖို့လိုအပ်ပါတယ်။
တီထွင်ဖန်တီးမှုအတွေးတွေကိုထုတ်လုပ်နေတာဟာ ခေါင်းဆောင် တွေ မှာတွေ့လေ့ရှိရတဲ့လက္ခဏာတစ်ခုပါပဲ။ ခေါင်းဆောင်မှုရဲ့အဓိကကျ တဲ့ အနှစ်သာရကလည်းတန်ဖိုးရှိတဲ့ အတွေးတွေမပြတ် ၀င်ရောက်လာဖို့ပါပဲ။ ဖန်တီးမှုပါတဲ့အတွေးတွေစီးဝင်လာမှုကိုကျွန်တော်အရမ်းနှစ် သက်ပါတယ်။ တစ်ခါတလေမှာ ထိုင်ပြီးစဉ်းစားတွေးတောနေတာမျိုးမဟုတ်ဘဲ အဖိုးတန် တဲ့စိတ်ကူးစိတ်သန်းတွေဝင်ရောက်လာတတ်ပါတယ်။ ဒီစိတ်ကူးတွေ ကိုသေချာမှတ်သားပြီးလက်တွေ့ အကောင်အထည် ဖော်လိုက်တဲ့အခါ အံမခန်းရလဒ်တွေ ရလာတာမျိုးလည်းကြုံဖူးပါတယ် ။
တီထွင်ဖန်တီးမှုအတွေးတစ်ခုပေါ်ပေါက်လာမှုဖြစ်စဉ်ဟာတကယ် ပဲ ထူးခြား စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖန်တီးမှုပါတဲ့ အတွေးတွေ ဦးနှောက်ထဲကို စီးဝင်လာမှုအကြောင်းကို သိပ္ပံပညာရှင်တွေ နှစ်ပေါင်း များစွာလေ့လာခဲ့ကြ ပါတယ်။ တီထွင်ဖန်တီးမှုအတွေးတွေ စီးဝင်လာမှုကို အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ ဂီတပညာရှင်တွေ၊ ခေါင်းဆောင် ကြီးတွေ တော်တော် များများမှာ တွေ့ရလေ့ရှိကြမှာပါ။
တီထွင်ဖန်တီးမှု အတွေးစီးဝင်လာမှုမှာ ထူးခြားချက်တစ်ခုရှိတာက ဖန်တီး မှုပါတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေရလာဖို့အတွက် ပင်ပင်ပန်းပန်းကြီး အတင်းဖျစ်ညှစ်ပြီးစဉ်းစားမေ နရခြင်းပါပဲ။ ဒီလို အတင်းစဉ်းစားတိုင်းလည်း တီထွင်ဖန်တီးမှုအတွေးကရရှိလာ မယ်လို့လည်းအာမမခံပါ။
ကျွန်တော့်ကိုယ်တွေ့အရတစ်ခါ တလေမှာနေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နေရင်း ခေါင်းထဲမှာ ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ် လာစေမယ့် စိတ်ကူး စိတ်သန်းအတွေးတွေစီးဝင်လာတာ ပါပဲ။ ဒီအတွေးတွေ ကျွန်တော့်ခေါင်းထဲ ကိုဝင်လာတဲ့အခါမှာတဖြည်းဖြည်းစီးဝင်နေတာကို စောင့် ကြည့်နေလိုက် ပါတယ်။ အတွေးကောင်းတွေ စီးဝင်မှု ပြီးဆုံးသွားတာနဲ့ ချက်ချင်းစာရွက်ပေါ် ကိုအစအဆုံးရေးချလိုက်တာပါပဲ ။ ဒီအခါမှာ စာရေးမယ်လို့ ကြိုတင်စဉ်းစား ပြီး အတင်းလုပ်ရေးနေတဲ့စာတွေထက်ပိုပြီး လက်ရာပြောင်မြောက်တာ ကို တွေ့ရပါတယ်။
ဒါဟာ အလိုလိုပေါ်ပေါက်လာတဲ့တီထွင် တွေးရဲ့ သဘောတရားဖြစ်ပါတယ်။ ဒီလိုပေါ်လာတဲ့တီထွင်ဖန်တီးမှုအတွေးဟာလက်ယာခြမ်း ဦးနှောက်ရဲ့မသိ စိတ်အခန်းထဲကဘွားခနဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တချို့ခေါင်းဆောင်တွေရဲ့စဉ်းစားပုံတွေ၊ ဆုံးဖြတ်ချက်တွေ၊ ဦးဆောင်မှုတွေ ဟာတကယ်ပြောင်မြောက်လှပါတယ်။ ဘာကြောင့်သူများထက် ထူးခြားပြောင်မြောက်စွာဦးေ ဆာင်နိုင်ရသလဲဆိုတဲ့အနှစ်သာ ရကို လေ့လာတဲ့ အခါ တီထွင်ဖန်တီးနိုင်စွမ်းကိုေ ကာင်းကောင်းအသုံးချလို့ ဆိုတာသွားတွေ့ ရပါတယ်။
ထိပ်တန်းရောက်နေတဲ့ခေါင်းဆောင်တိုင်းဟာဒီအတိုင်းပါပဲ။ သူတို့ တွေဟာ တီထွင်တွေးတွေ စီးဝင်မှုကို အမြဲလက်ခံတတ်ပြီး ဒီအတွေးတွေ နဲ့ ပြောင်မြောက်တဲ့ခေါင်းဆောင် မှုတွေကိုပေးနိုင်တာဖြစ်ပါတယ်။ အခက် အခဲ ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာလည်း ဒီလိုတီထွင်ဖန်တီးမှုပါတဲ့ အတွေးတွေနဲ့ ဖြေရှင်းကြတာဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းမြင့် မား တဲ့ ခေါင်းဆောင်တိုင်းဟာပြောင်ေ မြာက်တဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်ကြ တာပါ။ ဒါကြောင့်တီထွင်ဖန်တီးနိုင် မှုအတွေးတွေကို အကောင် အထည် ဖော်နိုင်တဲ့ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ကြိုးစားလေ့ကျင့်ပါလို့တိုက်တွန်းလိုပါတယ် ။
Let's Fly Together!
ဖူးကျော်ဇင် (Futue Wave)
www.myanmarjobseekers.com
ဖူးကျော်ဇင် (Future Wave)
JOB seekers Journal vol.2,No.36
ခေါင်းဆောင်တွေဟာ စိတ်ကူးဥာဏ်သမားတွေ ဖြစ်ကြပါတယ်။ တီထွင်ဖန် တီးနိုင်စွမ်းတွေရှိကြပါတယ်
တီထွင်ဖန်တီးနိုင်စွမ်းကို ထိရောက်စွာ အသုံးချဖို့ဆိုရင် ဦးနှောက်ရဲ့ စွမ်းရည်တွေက ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ ဦးနှောက်ကို အသုံးချတဲ့အပိုင်းမှာ လက်ဝဲခြမ်းနှင့် လက်ယာခြမ်းဆိုပြီး နှစ် ပိုင်းရှိပါတယ်။ ဦးနှောက်ရဲ့လက်ဝဲခြမ်းဟာ ယုတိ္တဗေဒကို အဓိကထား သော အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းဟာ အကျိုးသင့်အကြောင်းသင့် စိစစ် ဝေဖန် စဉ်းစားဆင်ခြင်တတ်တဲ့အပိုင်
ခေါင်းဆောင်လုပ်သူဟာ ဦးနှောက် နှစ်ခြမ်းလုံးရဲ့ စွမ်းရည်တွေကို အသုံး ချနိုင်ဖို့လိုပါတယ်။ ခွဲခြမ်းစိတ်ဖြာခြင်း၊ စိစစ်သုံးသပ်ခြင်းဆိုတဲ့ ကြောင်း ကျိုးဆက်စပ်ဝေဖန်တတ်တဲ့လက်ဝ
စီမံခန့်ခွဲမှုဟာ လက်ဝဲခြမ်းဦးနှောက်နဲ့ပိုသ
ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေ
ဥပမာအနေနဲ့ ဘုရားလောင်းမဟော်သဓာဟာ ပြဿနာပုစ္ဆာတွေကို ဖြေရှင်း တဲ့နေရာမှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ထ
တီထွင်ဖန်တီးနိုင်စွမ်းဟာ မရှိတဲ့အရာကို ရှိလာအောင်လုပ်ဆောင် နိုင်စွမ်း ရှိပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းပါပဲ။ လူတွေကောင်းကင်ပေါ် ပျံနိုင်ရမယ်ဆိုတာ လက်တွေ့မဆန်တဲ့၊ သဘာဝ မကျတဲ့ အတွေးတစ်ခုပါပဲ။ မဖြစ်နိုင်ဘူးလို့တွေးမယ့်အ
အသေအချာစဉ်းစားကြည့်ပါ။ လောကမှာဖြစ်ပေါ်လာတဲ့ တိုက်တာ အဆောက်အအုံတွေ၊ကုန်ပစ္စည်းတေ
တစ်ခုသိထားဖို့ကကျွန်တော်တိ
ခေါင်းဆောင်လုပ်သူဟာနောက်လိ
တီထွင်ဖန်တီးမှုအတွေးတွေကိုထ
တီထွင်ဖန်တီးမှုအတွေးတစ်ခုပေ
တီထွင်ဖန်တီးမှု အတွေးစီးဝင်လာမှုမှာ ထူးခြားချက်တစ်ခုရှိတာက ဖန်တီး မှုပါတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေရလ
ကျွန်တော့်ကိုယ်တွေ့အရတစ်ခါ
ဒါဟာ အလိုလိုပေါ်ပေါက်လာတဲ့တီထွင်
ထိပ်တန်းရောက်နေတဲ့ခေါင်းဆေ
Let's Fly Together!
ဖူးကျော်ဇင် (Futue Wave)
www.myanmarjobseekers.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။