Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 18, 2014

ဂီတသာဘဝလို့ဆိုတဲ့ လှိုင်ဦးမော်


We Love Music
ဂီတသာဘဝလို့ဆိုတဲ့ လှိုင်ဦးမော်

လူငယ် လူလတ်ပိုင်းတော်တော်များများဟာ လှိုင်ဦးမော်ကို မသိသူရှားပါလိမ့်မယ်။ ငယ်စဉ် ဘဝတည်းက ဂီတကိုသာ ရူးသွပ်စွဲလမ်းခဲ့သူ၊ ဂီတ ကလွဲရင် တခြားဘာမှ စိတ်မဝင်စားသူ တစ်ဦးဖြစ် တဲ့အတွက် ၁၉၉၇ – ၉၈ လောက်မှာပဲ ဂီတလောက ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ထူးခြားတဲ့ ဆိုဟန်နဲ့ သံစဉ်စားသားဆန်းသစ်တက်မှုကလည်း သူ့ရဲ့ စတိုင်တစ်ခုပါပဲ။ ကိုယ်ယုံကြည်စွဲ လမ်းတဲ့ဂီတ ကို သာ တစိုက်မတ်မတ်လုပ်ရင်း ပရိသတ်နဲ့ ရင်ဘက် ချင်းနီးခဲ့ပါတယ်။ ဒီလ Mr. ရဲ့ Artist ကဏ္ဍအ တွက် ပရိသတ်ရဲ့ ရင်ထဲမှာ နေရာတစ်နေရာ အ ခိုင်မာရထားပြီးဖြစ်တဲ့ လှိုင်ဦးမော်နဲ့ အင်တာ ဗျူးကို တင်ဆက်လိုက်ပါတယ်။

► ကိုမော်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု လေးပြောပြပါဦး။

ကျွန်တော်အကောင်းဆုံးတေးများ တစ်ကိုယ် တော်ခွေလေး PTL မှာ သွင်းနေတယ်။

► အဲဒါက အရင် (၃) ခွေထဲက သီချင်းတွေ လား။

အင်းအလှပြင်ထားပါ။ No.2 Album အို ကမ္ဘာကြီး အဲဒီ (၃) ခွေထဲကရယ် နောက် ကျွန်တော် ကျောင်းတက်ခဲ့တုန်းက တက္ကသိုလ်အမှတ်တရဆို တဲ့အထဲက သီချင်းလေးတွေလည်းပြန်ပါမယ်။ ပရိသတ်ကြိုက်ခဲ့တဲ့သီချင်းတွေပါပဲ။ အလှပြင်ထားပါ ထဲက သီချင်းလေးတွေတော့ ဦးစားပေးထားတယ်။ အဲဒါတွေကို Version ပြောင်းထားတယ်။

► နောက် ၃ ယောက်တွဲအခွေရော ဘယ်ထိ ရောက်သွားပြီလဲ။

အဲဒါက အယ်နောင်းရယ် ကိုအောင်ရယ် ကျွန်တော်ရယ်။ အိုအေစစ်မှာသွင်းတယ်။ Plus 3 နဲ့ တီးတယ်။ ပြီးတော့ အခု PTL ကိုပြောင်းတယ်။ PTL မှာပဲ ကျွန်တော်တို့ဆိုကြမယ်။ ဆရာချစ် Mixing နဲ့ အတီးပိုင်းတွေပြီးပြီ။ ဆိုဖို့ပဲကျန်တာ။

► တောင်ကြီးသား ၈ ယောက်အခွေကရော။

တောင်ကြီးသား ၈ ယောက်က အားလုံးပြီး သွားပြီ။ ထွက်မယ့် Date လေးပဲ ကျွန်တော်တို့ စောင့်နေတာ။ ထွက်မယ့်ရက်မှန်းထားတာတော့ မရှိသေးဘူး။ New Year ပြီးလောက်မှ ထွက် မယ်ထင်တယ်။

► အကောင်းဆုံးတေးများ ဘယ်တော့လောက် ထွက်မလဲ။

အဲဒါက သင်္ကြန်ပြီးလောက်မှ ထွက်တော့မှာ။

► အကောင်းဆုံးတေးများ ထွက်ပြီးရင် နောက် ထပ် ထပ်ထွက်မယ့် တစ်ကိုယ်တော်ခွေကရော လုပ် နေပြီလား။

အဲဒီအခွေသစ်ကကျတော့ ဘာမှ မစရသေး ဘူး။ ဒီအကောင်းဆုံးတေးများကိုပဲ ဇောင်းပေးပြီး လုပ်နေရတယ်။

► ကိုမော်နဲ့ကိုဒိုးလုံးနဲ့ ငယ်ဘဝအကြောင်းနဲ့ တွဲ ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

သူ့အိမ်က ည စာကျက်ဝိုင်းပို့ပေးတာ၊ ကျွန်တော့်အိမ်ကလည်း ညစာကျက်ဝိုင်းပို့တာ ရှင်း ရှင်းပြောရရင် အိမ်က မနိုင်လို့ပေါ့ဗျာ။ မနိုင်လို့ ပို့ကြတော့ စာကျက်ဝိုင်းမှာ တွေ့ရင်း နဲ့တစ်ယောက် နဲ့တစ်ယောက် အဝေးကြီးထိုင်ရတာ။ သူက ကျွန်တော့်ထက်တစ်တန်းငယ်တယ်။ ကျွန်တော် ဒီ ကနေ ခုံလေးခေါက်ပြီးတော့မှ သီချင်းလေးဆိုရင် သူက ဟိုကနေပြီး သီချင်းလိုက် ဆိုတာတို့ သူခုံခေါက် သီချင်းဆိုရင် ကျွန်တော်လိုက်ဆိုတာတို့ အဲဒီကနေ တစ်ယောက်နဲ့ တစ်ယောက် မြူးဇစ်ချင်းစခဲ့ကြတာ ပေါ့။ သြော်သူလည်း အဲဒီလိုမျိုးသီချင်းတွေသိပါ လားပေါ့။ သူကလည်း ဒီကောင်ဒါ မျိုးသီချင်းတွေ ဆိုပါလားဆိုပြီး စခဲ့ကြတာ။ နောက် ကျောင်းပိတ် ရက်တွေကျရင် ဂစ်တာလေးတွေယူပြီး သီချင်းဆို ပြကြတယ်။ သီချင်းဆိုတာက သူများသီချင်းဆိုပြ တာ မဟုတ်ဘူး။ ကိုယ့်သီချင်း ကိုယ်ဆိုပြတာ။ သီချင်းလေးတွေ ရေးထားပြုထားကြတာရှိတော့။ သီချင်းက ၉ တန်းလောက်မှာ စရေးပြီ။ နောက်ပိုင်း ကျတော့မှ အိမ်တွေက ဆယ်တန်းက လည်းကျတာ နှစ်ယောက်လုံး သူလည်းကျ ကိုယ်လည်းကျ အဲဒီလို မျိုးကျကြတော့ ဆယ်တန်း မအောင်ရင် ဒီဂီတတွေ ပေးမလုပ်တော့ဘူးတဲ့။ ဆယ်တန်းအောင်အောင် တော့ဖြေ။ အဲဒါနဲ့ ဆယ်တန်းဖြေ၊ ဆယ်တန်းကလည်း ၃၊ ၄ နှစ်ေ လာက်ဖြေခဲ့ရတာ (ရယ်လျက်)။ ကျန် တဲ့ဟာ စိတ်မဝင်စားတော့ဘူး ဒီမြူးဇစ်ပဲ။ မနက်ခင်း အိပ်ရာထတာနဲ့ သီချင်းဖွင့်မယ် ဂစ်တာတီးမယ်။ သီချင်းဆိုမယ်ဒါပဲ သိတော့တယ်။ အဲဒီလိုမျိုးရူး တာပေါ့။

► ကိုမော်တို့ ကြိုက်တဲ့ မြူးဇစ်ချင်းလည်း တူ တယ်နော်။

ဟုတ်တယ်။ မြူးဇစ်ချင်းလည်း တူတယ်။ တစ် ယောက်နဲ့တစ်ယောက်အခွေတစ်ခွေအသစ်ထွက် ပြီဆိုရင် အဲဒီတုန်းက အခွေတစ်ခွေထွက်လိုက်တာနဲ့ ဘယ်အခွေဘယ်အခွေအသစ်ထွက်လဲ သိရတယ်။ အခုလိုလည်း အများကြီး မရှိဘူးလေ။ အခွေကအရမ်းရှားတာ။ အခွေသစ်ထွက်ပြီဆို သူ့ အိမ်လိုက် နားထောင်တယ်။ ကိုယ့်အိမ်လိုက်နားထောင်တယ်။ နားထောင်ပြီးတော့မှ ဒီသီချင်း ဒီသီချင်းကိုခံစား၊ ဟေ့ကောင် ဒီသီချင်း ဒီသီချင်းကောင်းတယ် ကြိုက် တဲ့သီချင်းလေးတွေက အကြိုက်ချင်းတူနေတယ်။ သူရူးသွပ်တဲ့ မြူးဇစ်နဲ့ ကိုယ်ကြိုက်တဲ့ဟာနဲ့ကလည်း တစ်ထပ်တည်းဖြစ်နေ တယ်။ မြူးဇစ်ချင်း ဖလှယ်ကြ တာပေါ့။ ဘဝမှာအကြိုက်ချင်းတူတာ သူနဲ့ပဲရှိ တယ်။ သီချင်းတစ်ပုဒ်စရေးတော့မယ် ကော့ဒ်တည် ပြီဆိုတာနဲ့ ကိုယ့်ရင်ထဲမှာ ဘယ်လိုမျိုးရှိတယ် ဆို တာ သူတစ်ယောက် ပဲသိတယ်။ စာသားရေးပြီ ဆို ရင်လည်း အဲဒီစာသားအပေါ်မှာ ဘယ်လိုဖြည့်စွက် ရမယ်ဆိုတာ သူပဲကောင်းကောင်းသိတယ်။ တစ် ယောက်နဲ့တစ်ယောက် အဲဒီလိုမျိုး နားလည်တာပေါ့။ ၁၉၉၈ သူရန်ကုန်ဆင်းလာပြီး အရိုးထိအောင်ရူး သွင်းတော့ မှတ်မှတ်ရရပဲ ကိုယ်ရေးထားတဲ့ချစ်ဦး မေပါသွားတဲ့အခါကျတော့ ဒိုးလုံးက ဟေ့ကောင် မင်းလည်း ဆင်းလာခဲ့ဆိုပြီးBody တည်ဖို့ လုပ် ရတာေ ပါ့။ အဲဒီမှာ အစ်ကိုကိုယ်တိုင်ပဲ ဟော်လို ဂစ်တာတီးရတာ။

► ကိုမော်တို့ BPM Band နဲ့လည်း တွဲတယ် နော်။

BPM Band ဆိုတာ သူနဲ့အရင်ဖွဲ့တာ။ ဖွဲ့ ထားတယ်ဆိုတာလည်း တစ်ဖွဲ့တည်းပါပဲ။ BPM က စဖွဲ့တာကြာပြီ။ နောက်ပြီးတော့မှ သိသိသာသာ ဖြစ်သွားတာက ဒိုးလုံးအမှတ်တရကျမှ ဖြစ်သွား တာ။

► အစ်ကိုမော်တို့ စလုပ်တုန်းကနဲ့ အခုအချိန် ဖြစ်သွားတဲ့အပြောင်းအလဲအပေါ်အစ်ကို့အမြင်က ရော။

နည်းပညာအရဆိုရင်တော့ အရမ်းကောင်းပါ တယ်။ တိုးတက်လာတဲ့ခေတ်တစ်ခုပေါ့။ ဒါပေမဲ့ မကောင်းတာတစ်ခုကတော့ လမ်းဘေးဂစ်တာဝိုင်း တွေ ပျောက်သွားတာမကောင်းဘူး။ ကိုယ်တို့ဟို တုန်းကဆို လမ်းဘေးမှာ ဂစ်တာလေးတွေတီးကြ တယ် ဆိုကြတယ်။ အဆောင်ရှေ့သွားကြတယ်ဆိုကြ တယ်။ အခုနောက်ပိုင်း ဒါမျိုးလေးတွေ မရှိကြတော့ ဘူး။ ကိုယ့်အိမ်မှာပဲ တီးကြဆိုကြ တာများတယ်။

► အခုနှစ်ပိုင်းမှာ တခြားအပြောင်းအလဲတွေနဲ့ အတူ ဂီတဘက်မှာလည်း အပြောင်းအလဲတွေ တွေ့ နေရတယ်။ အဲဒါ ကိုမော်တို့ ဘယ်လိုမြင်လဲ။

ဘေးပတ်ဝန်းကျင်မှာ တွေ့နေသလောက် တော့ အရမ်းထိရောက်မှု မတွေ့သေးဘူး။ နောက် ပိုင်းတော့ ဘယ်လိုဖြစ်လာဦးမလဲမသိဘူး။ အခုက အစည်းအဝေးတွေခေါ်ပြီးမှ ထပ်ပြီးလုပ်နေ ကြ တော့ ဘယ်လိုဖြစ်လာဦးမလဲမသိသေးဘူးပေါ့ နော်။ ခိုးကူးကတော့ တော်တော်များများ ဖမ်းနေ ကြတာတွေ့ရတယ်။ အခွေ ဈေးကွက်ကတော့ အဲဒီ လောက်ကြီး ဘာမှမပြောင်း လဲသေးဘူး။ ဂီတအ စည်းအရုံးနဲ့ပတ်သက်လို့ကတော့ ဟိုးအရင်တုန်းက City FM တို့ဘာတို့က လွှင့်တဲ့ဟာတွေဆို မရခဲ့ဘူး လေ။ အခုတော့ တေးရေး၊ အဆိုတော်တွေနဲ့ ပလေ ယာတွေနဲ့ကို မျှဝေပြီးတော့ မူပိုင် ခွင့်လေးတွေ လုပ်ပေးပါတယ်။ အဲဒါကတော့ ကောင်းတဲ့အ ချက် လေးပေါ့နော်။ ပြောင်းလဲတာတော့ ခိုးကူးခွေကြောင့် ထုတ်ဝေသူတောင် မရှိတော့တာပဲ။ ကိုယ့်အခွေကို လည်း ကိုယ့်ဘာသာ ထုတ်တာ။ ရှင်းရှင်းပြောရရင် ဒါပဲလုပ်တတ်တယ်။ ဒီပြင်ဟာ မလုပ်တတ်ဘူး။ ဒါ ကြောင့် ဒါပဲပြန်လုပ်တယ်။

► ကျွန်တော်သိသလောက် ဒိုးလုံးအမှတ်တရမှာ ဒိုးလုံးသီချင်းကို ပြန်ဆိုတာကလွဲရင် ကိုယ်ရေးတဲ့ သီချင်းပဲ ကိုယ်ဆိုတာဆိုတော့ သူများရေးတဲ့သီချင်း ရောဆိုလား။

ဆိုပါတယ်။ ဆိုတယ်ဆိုတာက ကိုယ်နဲ့တည့် မယ့်ဟာမျိုးဆိုရင်တော့ဆိုဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုတာများတော့ သူများ သီချင်းသိပ်မဆိုဖြစ်ဘူး။ ဒိုးလုံးအမှတ်တရ မှာပြန်ဆို တဲ့သီချင်းလေးကလည်း သံစဉ်လေးက ကျွန်တော်ရှာထားတဲ့ဟာလေးပါ။

တင်ထက်

Credit : Mr Magazine
‪#‎WeLoveMusic‬ ‪#‎Article‬ ‪#‎Alternative‬ ‪#‎Grunge‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။