Nine Nine Sanay @ နိုင်းနိုင်းစနေ
ဒီလိုပုံပြင်လေးတစ်ပုဒ်ပြောမယ်...
၂ဝရာစု ၁၉၈ဝ၊ ၉ဝခေတ်မှာ ရုပ်မြင်သံကြားစက်က အရမ်းတန်ဖိုးကြီးတဲ့အချိန်ပေါ့။ ဈေးကြီးပေးဝယ်ရလို့ အဲဒီခေတ်က အိမ်တိုင်းမှာ ရုပ်မြင်သံကြားစက်မရှိခဲ့ဘူး။ ဆရာတစ်ဦးရဲ့အိမ်မှာတော့ ရုပ်မြင်သံကြားစက်ရှိသလို စာအုပ်စာပေတွေ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ လက်မှုပစ္စည်းတွေလည်းရှိတယ်။ တစ်နေ့မှာ လူတစ်ယောက်ကပြေးပြီး ဆရာ့ကိုလာပြောတယ်။ ဆရာ့အိမ်တံခါးပွင့်နေတယ်... သူခိုး ဝင်ခိုးသွားပြီထင်တယ်ပေါ့။ ဆရာက အဲဒီလူရဲ့စကားကြားတာနဲ့ "သွားပြီ... သွားပြီ ငါ့စာအုပ်တွေ၊ လက်မှုပစ္စည်းတွေတော့ သွားပါပြီ"လို့ပြောပြီး အိမ်ကိုအမြန်ပြန်ပြေးတော့တယ်။
အိမ်ရောက်တော့ သူခိုးက ရုပ်မြင်သံကြားစက်ပဲ ခိုးသွားတယ်။ လက်မှုထည်တွေ၊ စာအုပ်ကျမ်းဂန်တွေ ထိတောင်ထိမသွားဘူး။ အဲဒီမှာဆရာက အိမ်ကိုရောက်လာတဲ့ရဲကို "သူခိုးကိုတွေ့ရင် ကျေးဇူးတင်ကြောင်းပြောပေးပါ.. သူယူသွားတဲ့အရာက ဒီပစ္စည်းတွေလောက် တန်ဖိုးမရှိလို့ပါ"လို့ ပြောတယ်။ ရဲတွေထွက်သွားတော့ ဆရာက ဆိုဖာပေါ်ထိုင်ပြီး စကားတစ်ခွန်းပြောလိုက်တယ်... "သူခိုးက ပညာဗဟုသုတမကြွယ်တော့ သူ့အတွက် အများကြီးနစ်နာဆုံးရှုံးတာပဲ"။
သူခိုးတစ်ယောက်က ပညာဗဟုသုတမကြွယ်တော့ နစ်နာဆုံးရှုံးမှုများတယ်..
ဒီလိုဆိုရင် လူမျိုးတစ်စုက ပညာဗဟုသုတမကြွယ်ရင် ဘယ်လောက်တောင် ဆုံးရှုံးနစ်နာမှု များလိမ့်မလဲ...
ဒီလိုဆိုရင် လူမျိုးတစ်စုက ပညာဗဟုသုတမကြွယ်ရင် ဘယ်လောက်တောင် ဆုံးရှုံးနစ်နာမှု များလိမ့်မလဲ...
ပလေတိုက ဒီလိုစကားတစ်ခွန်းပြောခဲ့တယ်... "ပညာဗဟုသုတကြွယ်ဝသူက လောကကြီးကိုထိန်းချုပ်မှာပဲ၊ လောကကြီးကို ပိုင်ဆိုင်မှာပဲ"တဲ့။
ရှင်းရှင်းလေးပြောရရင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်ဖို့ စာများများဖတ်တဲ့ လူမျိုးစုလုပ်ကြစို့.....
ရှင်းရှင်းလေးပြောရရင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်ဖို့ စာများများဖတ်တဲ့ လူမျိုးစုလုပ်ကြစို့.....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။