We Love Music
အဖေ့ခြေရာမှီနိုင်ဖို့အတွက် အနုပညာဝမ်းစာ ပြည့်နေမှဖြစ်မယ်ဆိုတဲ့ အဆိုတော် စိုင်းထီးဆိုင်၏သမီး ဆိုင်စံပရိသတ်တွေ အားလုံးရဲ့ စိတ်နှလုံးသားကို စွဲငင်လှုပ်ခတ်နိုင်စွမ်းရှိတဲ့ အဆိုတော် စိုင်းထီးဆိုင်ရဲ့ မျိုးဆက်သစ်သမီးလေး ဆိုင်စံရဲ့ ဂီတလှုပ်ရှားတွေ လုပ်လာတာ တွေ့ရပါတယ်။ မင်္ဂလာဆောင်တွေနဲ့ ရှိုးပွဲတွေမှာ ကိုယ်ပိုင်သံဇဉ်သီချင်းလေးတွေ သီဆိုရင်း ပရိသတ် အသိအမှတ်ပြုခြင်းကိုလည်း ရရှိလာတဲ့အတွက် သမီးလေး ဆိုင်စံနဲ့ တွေ့ဆုံခိုက် စကားပြောဖြစ်ခဲ့ပါတယ်။
ပြည်သူချစ် အနုပညာရှင်တစ်ယောက်ရဲ့ မျိုးတက်အနေနဲ့ ဂီတနဲ့ ပတ်သက်ပြီး
“အဖေ့သမီးတစ်ယောက် ဖြစ်တဲ့အတွက် အနုပညာဝမ်းစာ အရမ်းကို ပြည့်နေရမယ်။
ဝမ်းစာမပြည့်ဘဲနဲ့ လူကြားထဲ တိုးဝင်ဖို့က သမီးအနေနဲ့ သိပ်ရှက်ဖို့
ကောင်းပါတယ်။ ဒါပေမယ့် သမီးက ပညာသင်တစ်ယောက်ပဲ ရှိသေးတဲ့အတွက်
အဆိုတော်ကြီးတွေဆိုတာကို လေ့လာတယ်။ နားထောင်တယ်။ သမီးဆိုတာ ဘယ်လိုအပ်နေလဲ။
ဘယ်လောက်လိုနေသေးလဲဆိုတာတွေကို ပြန်မေးတယ်။ အဘက်ဘက်က လိုအပ်ချက်တွေကို
လေ့လာနေပါတယ်။
သမီးကိုယ်တိုင်ရေးထားတဲ့ သီချင်းအပုဒ်(၄၀) ကျော်လောက်ရှိတယ်။ သမီးသီချင်းတွေထုတ်နိုင်ဖို့ ပရိုဂျူဆာရှာပြီးတော့ ကြိုးစားကြည့်မယ်။ ဖေကြီးသီချင်းတွေကိုလည်း ဆိုမယ်။ ဆိုပါလို့ ပြောကြပေမယ့် ဖေကြီးကို မမီနိုင်တဲ့အတွက် ကြောက်စိတ်တော့ နည်းနည်းရှိတယ်။
ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေကိုလည်း ပရိသတ်ကို သိစေချင်တယ်။ မင်္ဂလာဆောင်တွေမှာ သမီး ကိုယ်တိုင်ရေးဆိုထားတဲ့ “ခိုင်မြဲစေချင်တယ်”ဆိုတဲ့သီချင်းလေးကို ပရိသတ်တွေ တော်တော် သလောကျတာတွေ့ရတယ်။ အားပေးကြတာတွေ့ရတော့ ဝမ်းလည်းသာတယ်။ ကြိုက်တဲ့လူလည်း ကြိုက်တဲ့အတွက် အခွေထုတ်နိုင်ဖို့ ကြိုးစားမယ်။ တစ်ကိုယ်တော်ပဲ ဖြစ်ဖြစ်၊ တစ်ဝက်လောက်ပဲ ဖြစ်ဖြစ်၊ တစ်ပုဒ်လောက်ပဲ ဖြစ်ဖြစ်ပေါ့။
ဖေကြီးကို ချစ်တဲ့ ပရိသတ်အတွက် သမီးတစ်ယောက်အနေနဲ့ လုပ်ချင်တဲ့ ဆန္ဒရှိတယ်” လူငယ်တစ်ယောက် ဖြစ်ပေမယ့် အနုပညာအားမာန်တွေ ပြည့်နေတာ တွေ့ရသလို တစ်ချက်တစ်ချက် စိတ်ထိခိုက် အားငယ်သွားတဲ့ အရိပ်အရောင်မျိုးတွေလည်း တွေ့နေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အဖေဖြစ်သူ အဆိုတော် စိုင်းထီးဆိုင်ရဲ့ မျိုးဆက်သစ်ပီပီ ဂီတလောကမှာ ထွန်းတောက်လာဦးမယ်လို့ ယူဆမိပါတယ်။
“ဆိုင်စံ”ကို ဆက်သွယ်ချင်တယ်ဆိုရင် အမှတ်(၃၃)၊ ဓမ္မိဟာရလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်ကို ဆက်သွယ် ဝေဖန်အကြံပေးနိုင်ကြပါတယ်။
Credit :Hello

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။