FOOD Magazine
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
..............................................................
အလွယ်ဆုံး သံပရာငါးပေါင်း (၂ ယောက်စာ)

၂၅၀၀ ကျပ်၊ ၂၀ မိနစ်

ပရိသတ်ကြီးအတွက် အချိန်တိုတို စရိတ်နည်းနည်းနဲ့ ဟင်းတွေကို
ရှာဖွေ ချက် ပြုတ် တင်ဆက်ပေးတဲ့နေရာမှာ အလွယ်ကူဆုံး၊
အရိုးရှင်းဆုံးနည်းတွေကို ရှာဖွေ တင် ဆက်ပေးထားပါတယ်။
ယခုလအတွက်လည်း ငါးပေါင်းနည်းတစ်မျိုးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။
ကကတစ်ငါးကို သုံးထားလို့ ဈေးနှုန်းအနည်းငယ် ပိုများပေမယ့်
တီလားပီး ယားလို သက်သာတဲ့ငါးမျိုးနဲ့လည်း ယခုချက်ပြုတ်နည်းအတိုင်း
ချက်ပြုတ်နိုင်ပါတယ်။ ချက်ပြုတ်ဖို့ ပြင်ဆင်နေချိန်မှာ ပေါင်းအိုး
ရေနွေးဆူအောင် တည်ထားဖို့ လိုပါတယ်။

ငါးပေါင်းရန် ပါဝင်ပစ္စည်းများ
..........................................
• ငါး (ကကတစ်ငါး သို့မဟုတ် တီလားပီးယား) - ၁ ကောင်
(အကြေးတိုက် ဗိုက်ဖောက် သန့်စင်ပြီး မွှန်းထားပေးပါ)
• ပင်စိမ်းအချိုရွက် - ၃ ပင်
• ချင်း (ပါးပါးရှည်ရှည်လှီးထားပါ) - ၁ တက်

ဆော့စ်ရည်လုပ်ရန် ပါဝင်ပစ္စည်းများ
..................................................
• သံပရာသီး (အရည်ညှစ်ထားပါ) - ၂ လုံး
• ငရုတ်သီးစိမ်း (စဉ်းထားပါ) - ၅ တောင့်
• ကြက်သွန်ဖြူ (စဉ်းထားပါ) - ၃ တက်
• ယိုးဒယားငံပြာရည် - စားပွဲဇွန်း ၆ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းများအားလုံး ရောမွှေပြီး အဆင်သင့်ထားပါ။
ငါးပေါင်းရန်
..................
၁။ မွှန်းထားသော ငါးဗိုက်ထဲသို့ ပင်စိမ်းနှင့် ချင်းများထည့်ပါ။

၂။ ပင်စိမ်းပိုနေလျှင် ပေါင်းခံရေနွေးအိုးထဲ ထည့်ပြုတ်ပါ။
၃။ ငါးကို ပန်းကန်ပြားတစ်ခုပေါ်တင်၍ ပေါင်းအိုးတွင် ၁၅ မိနစ် ပေါင်းပါ
မှတ်ချက်။ ။ ပေါင်းအိုးရေပွက်ပွက်ဆူနေပါစေ။

၎။ ငါးကျက်လျှင် ပေါင်းအိုးမှချပြီး အသင့်ရောနှောထားသော
ဆော့စ်ရည်ကို အပေါ်မှ လောင်းပြီး သုံးဆောင်နိုင်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။