Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 23, 2014

နံရံပေါ်က ကော်ဖီ

Nyein Chan Win added a new photo from February 23 to the albumတန်ဖိုးရှိတဲ့ပုံပြင်များ — with Thura Koko and 49 others.
နံရံပေါ်က ကော်ဖီ
=========

ကျနော်သူငယ်ချင်းတစ်ယောက်နဲ့အတူ နာမည်ကြီး ကော်ဖီဆိုင်တစ်ဆိုင် ဝင်သောက်ခဲ့ဖူးတယ်…။ အီတလီနိုင်ငံရဲ့  အင်မတန်လှပကျော်ကြားလှတဲ့ ဗင်းနစ်မြို့  အနီးက မြို့ တစ်မြို့ မှာပေါ့…။

ကျနော်တို့ ကော်ဖီသောက်နေစဉ်မှာပဲ လူတစ်ယောက် ဆိုင်ထဲဝင်လာပြီး ကျနော်တို့ဘေးက ခုံလွတ်တစ်ခုမှာ ဝင်ထိုင်ပါတယ်…။ သူက စားပွဲထိုးကို ခေါ်လိုက်ပြီး သူ့အတွက် ကော်ဖီ မှာလိုက်ပါတယ်…။

“ ကော်ဖီနှစ်ခွက်… တစ်ခွက်ကို နံရံပေါ်တင်လိုက်ပါ…”


ကျနော်တို့ဟာ သူမှာတာကို ကြားတော့ အထူးတဆန်းအဖြစ်နဲ့ စိတ်ဝင်စားသွားတယ်… ။ ဘာလို့လဲဆိုတော့ သူက ကော်ဖီတစ်ခွက်သာသောက်ပြီး နှစ်ခွက်ဖိုးရှင်းသွားပါတယ်…။ အဲ့ဒီလူလည်း ကော်ဖီသောက်ပြီးလို့ ပြန်သွားရော စားပွဲထိုးလေးက ‘ ကော်ဖီတစ်ခွက် ‘ လို့ရေးထားတဲ့ စာရွက်လေးကို နံရံမှာသွား ကပ်လိုက်ပါတယ်…။

ကျနော်တို့သူငယ်ချင်းနှစ်ယောက်လည်း အဲ့ဒီဆိုင်မှာ တော်တော်ကြာထိုင်နေဖြစ်ခဲ့ပါတယ်…။ နောက်ထပ် လူနှစ်ယောက်ထပ်ဝင်လာတယ်..။ ကော်ဖီ သုံးခွက်မှာတယ်…နှစ်ခွက်ကိုသောက်ပြီး တစ်ခွက်ကို နံရံပေါ်တင်တယ်…။ ထုံးစံအတိုင်း စားပွဲထိုးလေးကလည်း ကော်ဖီတစ်ခွက် ဆိုတဲ့ စာရွက်ကလေးကို နံရံမှာ သွားကပ်လိုက်ပြန်တယ်…။

အဲဒါတွေဟာ ကျနော်တို့အတွက် ခပ်ဆန်းဆန်းဖြစ်နေတော့ ဇဝေဇဝါနဲ့ပဲ ကျသင့်ငွေရှင်းပြီး ပြန်ခဲ့ကြပါတယ်…။

ရက်အနည်းငယ်ကြာတဲ့အခါမှာ ကျနော်တို့ အဲ့ဒီကော်ဖီဆိုင်ကို သွားထိုင်ဖြစ်ခဲ့ပြန်ပါတယ်…။ ကျနော်တို့ ကော်ဖီသောက်နေစဉ်မှာပဲ ခပ်နွမ်းနွမ်းအဝတ်အစားလေးတွေ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ဆိုင်ထဲ ဝင်လာပါတယ်…။ သူ့ဘာသာ နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်…။ ပြီးတော့ နံရံကိုတစ်ချက်လှမ်းကြည့်လိုက်တယ်… ။ နောက် .. စားပွဲထိုးကို လှမ်းမှာလိုက်တယ်…

“ နံရံပေါ်က ကော်ဖီတစ်ခွက်… “

စားပွဲထိုးလေးကလည်း အဲ့ဒီလူကို တစ်ခြားဧည့်သည်တွေလိုပဲ တလေးတစားနဲ့ မှာတဲ့ကော်ဖီကို ချပေးပါတယ်…။ အဲ့ဒီလူလည်း ကော်ဖီသောက်ပြီးတော့ ပိုက်ဆံမပေးဘဲ… ဒီတိုင်းထပြန်သွားတယ်…။ ကျနော်တို့ လည်း ဒီမြင်ကွင်းကို စိတ်ဝင်တစား အံ့သြစွာ ငေးကြည့်နေမိပါတယ်…။ စားပွဲထိုးလေးက နံရံက ကော်ဖီတစ်ခွက်ဆိုတဲ့ စာရွက်လေးတစ်ရွက်ကို ပြန်ဖြုတ်လိုက်ပြီး အမှိုက်ပုံးထဲ သွားထည့်လိုက်ပါတယ်…။

အဲဒီအချိန်မှပဲ အားလုံးရှင်းသွားတော့တယ်…။ အဲ့ဒီမြို့ သားတွေရဲ့  မရှိဆင်းရဲသားတွေအပေါ်ထားတဲ့ မခွဲခြားဘဲ တန်းတူညီမျှအသိအမှတ်ပြုမှုဟာ… ကျနော်တို့မျက်ဝန်းအိမ်တွေကိုတောင် မျက်ရည်စို့စေခဲ့ပါတယ်…။

မရှိဆင်းရဲသားတွေရဲ့  အရှက်တရားကို အသိအမှတ်ပြု ငဲ့ညှာတဲ့ အလေ့အထလေးပါ…အတုယူဖို့ကောင်းပါတယ်…။ မရှိဆင်းရဲသားတစ်ယောက်အနေနဲ့ သိမ်ငယ်စရာမလိုပါဘူး… ။ ကော်ဖီ အလကား တောင်းသောက်စရာမလိုပါဘူး..။ တစ်ယောက်ယောက်က သူ့အတွက် စွန့်ကြဲထားတဲ့ ကော်ဖီလေးများရှိမလား မေးနေစရာမလိုပါဘူး…။ နံရံကိုကြည့်ပြီး မှာလိုက်ရုံပါပဲ… ။ သောက်ပြီးရင် ထပြန်သွားလို့ရပြီ…။

အင်မတန် မှန်ကန်တဲ့ လှပတဲ့ အတွေးအခေါ်လေးပါ… သယ်ရင်းကိုယ်တိုင်လည်း အဲ့ဒီလို လှပတဲ့ နံရံလေးတွေ မြင်တွေ့ဖူးကောင်းတွေ့ဖူးမှာပါ….။

..... ..... ..... ..... ..... .....

ဒါမျိုး အလေ့အထလေးတွေ ကျနော်တို့ နိုင်ငံမှာ ဖြစ်လာဖို့ကတော့ တော်တော်လေးကို လိုပါသေးတယ်…။ ကျနော်တို့ အများကြီး ပြုပြင်ပြောင်းလဲရဦးမှာပါ…။ အဓိက ပြောင်းလဲဖို့ လိုတာကတော့ ကျနော်တို့စိတ်ဓာတ်တွေပေါ့…။ သမ္မတကနေ သူတောင်းစားအထိ စိတ်ဓာတ်တွေ ပြင်ကြရဦးမှာပါ…။ သမ္မတက သမ္မတ ပီသဖို့လိုသလို … သူတောင်းစားကလည်း သူတောင်းစားပီသဖို့လိုတယ်…။

ကမ္ဘာမှာ မြန်မာဆိုတာ အင်မတန်ယဉ်ကျေးတဲ့ …စေတနာ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ လူမျိုးပါ…။ ( အရင်တုန်းက ပြောတာ) ခုချိန်မှာတော့ စနစ်တကျ အဖျက်ဆီးခံလိုက်ရတဲ့အတွက်… ကျနော်တို့ စိတ်ဓာတ်တွေ မယဉ်ကျေးတော့ပါဘူး…။ ကျနော်တို့ နှလုံးသားတွေမလှကြတော့ပါဘူး…။ အားလုံးကိုဆိုနေခြင်း မဟုတ်ပါဘူး…။ အများစုဖြစ်နေကြတာကိုပြောတာပါ။ ကိုယ်ကျိုးစွန့်ပြီး သူတစ်ပါးကို ကူညီဖို့ထက်… ကိုယ်ကျိုးအတွက် သူတစ်ပါးကို စတေးဖို့ ဝန်မလေးကြတော့ပါဘူး… ကိုယ်ကျိုးအတွက် တိုင်းပြည်ကို စတေးဖို့လည်း ဝန်မလေးကြတော့ပါဘူး…။ ဒါ့ကြောင့်လည်း တိုင်းပြည်မလဲ မျက်သလူးဆန်ပြာ သေကောင်ပေါင်းလဲ ဖြစ်နေပါပြီ…။

စနစ်တကျ အဖျက်ဆီးခံလိုက်ရတဲ့ ကျနော်တို့ နှလုံးသားတွေကို ပြန်လည် လှပလာအောင် စနစ်တကျပဲ ပြန်လည်တည်ဆောက်ယူရမှာပါ…။ ကျနော့တာဝန်က ကျနော်ရိုးသားဖို့ဖြစ်ပြီး သယ်ရင်းရဲ့  တာဝန်က သယ်ရင်း ရိုးသားရမှာဖြစ်တယ်…။ ကျနော်တို့တွေ ရိုးသားကြမယ်…စည်းကမ်းရှိကြမယ်…ဆိုရင်… လှပတဲ့နှလုံးသားပိုင်ရှင် …မြင့်မြတ်တဲ့လူမျိုး … ကောင်းမြတ်တဲ့နိုင်ငံတော်ကြီး ဖြစ်ပေါ်လာမှာမလွဲပါဘူး…။ အသိတရားကိုယ်စီရှိကြပြီး လက်ဆင့်ကမ်းမျှဝေကြဖို့… တိုက်တွန်းပါတယ်…။ ။

ဦးသုည … စကားလုံးဖလှယ်သည်…။
https://www.facebook.com/author.oothonenya?ref=hl

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။