Myanma Spectrum
အစိုးရရဲ့ အထောက်အပံ့နဲ့ဘဲ နေလာတာ ၁၀ နှစ်ကျော်ရှိပါပြီ… ဟောင်းနွမ်းနေတဲ့ အိမ်လေးမှာဘဲနေပြီ အထပ်ထပ်ဖာထေးထားတဲ့ အင်္ကျီဟောင်းကိုဘဲဝတ်ကာ သူနေတဲ့ ရွာငယ်လေးကနေ ၂၅ ကီလိုမီတာဝေးတဲ့ မြို့ပေါ်ကို နေ့တိုင်းလမ်းလျှောက်ပြီး တောင်းရမ်းလေ့ရှိတယ်…
ပြီးတော့ ရလာတဲ့ ပိုက်ဆံတွေကို အဲဒီဒေသမှာရှိတဲ့ ဘုရားကျောင်းတွေရယ် မိဘမဲ့ကျောင်းတွေမှာ တိတ်တဆိတ်သွားလှူလေ့ရှိတယ်… သူ့ရဲ့ ကောင်းမှုတွေကို အခုတလောမှ လူတွေသတိထားမိကြတယ်… နောက်ဆုံးမှ လူတွေ သိလာကြတယ်… “အခုနှစ်ပိုင်းအတွင်းမှာ လှူဒါန်းငွေအများဆုံးထည့်ဝင်သူဟာ (ယူရို ၄သောင်းကျော်) အဆင်းရဲဆုံး အဖိုးအို ဖြစ်နေပါတယ်…”
ပြန်ပြီး တွက်ချက်ကြည့်တာ Dobri Dobrev အဖိုးအို ထည့်ဝင်လှူဒါန်းငွေဟာ ယူရို ၄၀၀၀၀ ကျော် မြန်မာငွေကျပ် ၅၃၈သိန်းကျော် ရှိနေပါပြီ…
Dobri Dobrev အဖိုးအိုကရော်? အဖိုးအိုကတော့ လတိုင်း ယူရိုငွေ ၈၀ (မြန်မာကျပ် ၁သိန်းခန့်) ကိုဘဲ သုံးစွဲပြီး တောင်းရမ်းရလာသမျှကို ဘုရားကျောင်းနဲ့ မိဘမဲ့ကျောင်း စသည်တို့မှာ လှူဒါန်းလေ့ရှိပါတယ်…
အဖိုးအိုဟာ ၁၀ နှစ်ကျော်ကျော် သူနေထိုင်တဲ့ ရွာကနေ နေ့တိုင်းလမ်းလျှောက်ပြီး မြို့ပေါ်မှာ လာရောက် တောင်းရမ်းလေ့ရှိတယ်… အေးသည်ဖြစ်စေ… ရာသီဥတု ဆိုးရွားသည်ဖြစ်စေ… ငတ်ပြတ်နေသည်ဖြစ်စေ… အလှူအတန်းပြုမှုကို မနားတမ်း လုပ်လေ့ရှိတယ်… အဖိုးတန်ဆုံးကတော့ သူ့မျက်နှာဟာ အမြဲ ပြုံးရွှင်နေပြီး ကလေးငယ်တွေကို တွေ့လို့ရှိရင်လဲ ဆုတောင်းမေတ္တာ ပို့ပေးလေ့ရှိပါတယ်…
သူအမြဲပြောလေ့ရှိတယ်… လူရဲ့စိတ်ထဲမှာ ဘုရားသခင်ရယ်… မကောင်းဆိုးဝါးရယ် ရှိနေပါတယ်… ၂ဖက်လုံးဟာ အမြဲ စစ်ဖြစ်နေတယ်… “ကျနော်တို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း… ၂ဦး၂ဖက်လုံးကို မေတ္တာရှိဖို့လိုပါတယ်… ဘုရားသခင် ကျနော်တို့အပေါ်မှာ မေတ္တာထားသလိုပေါ့…”
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။